အခန်း ( ၂၃၆ )
Face Slap
အာ .. မင်းရဲ့ အကြိုက်တွေက အခုနောက်ပိုင်း ထူးထူးခြားခြား ပိုဆိုးလာနေတာပဲ။ အဲ့ဒီ ငါ့ညီမေလးက ရုပ်လည်း သိပ်တောင် ကြည့်မကောင်းပါဘူးကွာ။ သူ့မျက်နှာက ရိုးရိုးရှင်းရှင်းကြီးပါ။
ငါ့မွာ တျခား ဆွဲဆောင်မှု ရွိတဲ့ မိန်းမတွေ အများကြီး ရှိခဲ့ပြီးပြီ၊ သူတို့ကို ငြီးငွေ့နေပြီ။ အခုချိန်မှာတော့ အဲ့လို ရိုးရှင်းတာကပဲ ငါ့အကြိုက်နဲ့ ကြက္တိ ပိုဖြစ်နေတာ။ ဆုယြီက ပြန်ချေပလိုက်သည်။
ဒါဆိုလည်း ရတယ်လေ။ မင်းက စိတ်ဝင်စားနေတယ်ဆိုမှတော့ ဆက်လုပ်ပေါ့။ မင်းက ငါ့ရဲ့ ယောက်ဖ ဖြစ်လာတယ်ဆိုရင်လည်း အဲ့ဒါ ပိုတောင်ကောင်းသေးတယ် ဟော်စစ်ချန်က ရယ်နေသည်။
ဖုန်းချလိုက်ပြီးတော့ ၊ ဆုယြီ ဖုန်းနဲ့ ဆက်အလုပ်ရှုပ်နေရင်းက ၊ သူ့စိတ်ထဲ တစ်ချက်တွေးမိသွားသည်။
သူ သိသလောက်ဆိုရင်တော့ ၊ ဟော်မြန် ရဲ့ နောက်ကွယ်က အင်အားဆိုတာက သိပ်ပြီး ထင်ထားတာတော့ မဟုတ်ပေမဲ့ ၊ အဲ့ဒါ ဟော်စစ်ချန်များ ဖြစ်နေလေမလား။
အပြင်ပန်းမှာတော့ ဟော်မြန်နဲ့ ဟော်စစ်ချန်က သိပ်ရင်းနှီးပုံ မရေပမဲ့ ၊ ဒီမောင်နှမတွေရဲ့ ဆက်ဆံရေးက နည်းနည်းတော့ ထူးဆန်းနေသည်ဟု ဆုယြီ ခံစားမိသည်။
ဟော်အိမ်ရဲ့ အိမ်တွင်းစစ်ကြောင့်လည်း ဖြစ်နိုင်သည်။ ဟော်စစ်ချန်ကပဲ ဟော်မြန် ကို အျမဲ ကူညီပေးနေခဲ့တာများလား။
ဖုန်းချပြီးတော့မှ တစ္ခု ထပ်သတိရသွား၍ ဟော်စစ်ချန်ဆီ စာတစ်စောင် ပို့လိုက်ပြန်သည်။
( ငါ့ကို ဟော်မြန်ရဲ့ WeChat နံပါတ် ပေးစမ်းပါကွာ)
( သူက မင်းရဲ့ သူနာပြုဆို ၊ ဘာလို့ သူ့ဆီက ကိုယ်တိုင်မတောင်းတာလဲ )
( မင်း မသိတာကျလို့ .. ငါသာ သူ့ဆီက ကိုယ်တိုင်တောင်းလို့ ရနိုင်ရင် ၊ မင်းကို မေးနေတော့မလား ) ဆုယြီက ဒေါသထွက်လာပြီး ဖုန်းကို မျက်ဖြူလန်ပြနေ၏။
( ငါ့မှာလည်း မရွိဘူး ၊ ငါ့မွာ သူ့ ဖုန်းနံပါတ်ပဲ ရှိတယ် )
( သူ့ ဖုန်းနံပါတ်က WeChat နံပါတ်ပဲ မဟုတ္ဘူးလား) ဆုယြီ ပိုပြီး သိချင်လာမိသည်။
( နိုး)
ဟော်စစ်ချန်ရဲ့ ပြန်စာကို မြင်တော့ ဆုယြီ လုံးဝ ငြိမ်သက်သွားသည်၊ ဟုတ်ပြီလေ.. သူ့ရဲ့ ဖုန်းနံပါတ်နဲ့ WeChat ID ကို မချိတ်ထားဘူးဆိုတဲ့ စိတ်ကူးမျိုးက ဟော်မြန် ရဲ့စတိုင်လ်နဲ့ ပိုကိုက်သည်လေ။
နံပါတ္တစ္ခုကို ဖုန်းခေါ်ဆိုလိုက်ပြီး မင်း ဘယ်လိုနည်းမျိုး သုံးပြီးတော့ပဲ ဖြစ်ဖြစ် ၊ ဟော်မြန်ရဲ့ WeChat နံပါတ္ကို ၃ မိနစ်အတွင်း ရအောင် လုပ်ပေး
မျှော်လင့်ထားသလိုပင် သုံးမိနစ်ကြာပြီးနောက် ၊ ဖုန်းထဲ မက်ဆေ့ခ်ျတစ်စောင် ရောက်လာသည်။
အဲ့ဒါက ဂဏန်းတွဲ တစ္ခု ဖြစ်သည်၊ ဆုယြီ အဲ့ဒါနဲ့ ဝင်ရှာကြည့်လိုက်တော့ တကယ္ကို ဟော်မြန် ရဲ့ WeChat ID ဖြစ်နေသည်၊ ပုံက သူ ငယ်ငယ်တုန်းက ပုံလေး တင်ထား၏။
သူရဲ့ အဖြူရောင် တီရှပ်ဝတ်ကာ ဆံပင်မြင့်မြင့် စည်းထားတဲ့ပုံစံက ၊ နှစ်များစွာ ကြာနေပြီ ဖြစ်ပုံရသည်။
ဘာရုပ်လေးလဲ မသိဘူး ဆုယြီက ပြုံးနေပြီး နောက်တော့ friend lists ထဲ add လိုက်၏။
အချိန်အတော်ကြာသည်အထိ လက်ခံခြင်း မရှိသေး၊ နောက်တစ်ကြိမ်း ထပ်နှိပ်ရင်း ဆုယွီလို့ စာရေးပို့လိုက်၏။
ဒီတစ်ခါတော့ တိုက်ရိုက် အပယ်ခံလိုက်ရတော့သည်၊ ဟော်မြန် ပြန်ဖြေလာတာက ( က်မ ရှင့်ကို ကောင်းကောင်း မသိဘူး )
ဆုယြီ ဒေါသထွက်ပြီး ဘာပြောရမှန်း မသိတော့အောင် ဖြစ်သွားသည်။ ဒါက မိန်းမတစ်ယောက်ကို friend request စ ပို့တာ ပထမဆုံး အကြိမ်ဖြစ်သည်မို့ ၊ ဒါက သူ့လို မိန်းကလေးများစွာ WeChat မွာ မိတ်ဆွေဖြစ်ဖို့ တောင်းဆိုနေရသည့် လူမျိုးအတွက်တော့ စာတင်လောက်စရာပင် ဖြစ်သည်။
( ဟော်မြန် .. မင်းတော့လား .. နေနှင့်ဦးပေါ့ ) သူ ခြိမ်းခြောက်လိုက်သည်။
တစ်ဖက်မှာတော့ ဟော်မြန် က အိပ်တော့မည်အပြု မက်ဆေ့ခ်ျဝင်လာတော့ တစ်ချက်ကြည့်လိုက်ပြီး သူ့ဘာသာ မသဲမကြဲ ရေရွတ်လိုက်သည်။ သူလည်း အရူးပဲ
-နောက်တစ်နေ့ မနက်-
ဟော်မြန် နိုးလာချိန်တွင် နောက်ထပ်ဖြစ်ပျက်တာတွေကတော့ ဟော်စစ်ချန်ရဲ့ မွေးစားမိခင်က အင်တာဗျူးဖို့ လက်ခံလိုက်တာပဲ ဖြစ်သည်။
အင်တာဗျူးမှာ သူ ပြောလိုက်တဲ့ စကားတွေက ရှန်းကျားနီရဲ့ မျက်နှာကို ရိုက်ချလိုက်သလိုပင်။ သူ က ရှန်းကျားနီ ကို ဟော်အိမ်ထဲ ဝင်ရောက်ခွင့်ပြုဖို့ သဘောမတူခဲ့ခြင်း မရှိကြောင်း ဖြေရှင်းခဲ့ပြီး၊ ဟော်ကျန်းဟိုင်နဲ့ သူ့ကြားက ဆက်ဆံရေး ဆိုးရွားနေမှုကိုလည်း ဝန်မခံခဲ့ပေ။ သူက တချို့လူတွေဟာ အမြင့်ကို တက်လှမ်းဖို့ ဘာမဆို လုပ်ကြသည်ဟူသော စကားဖြင့် ဒဲ့တောင် ဝေဖန်ခဲ့သေးသည်။
ကျန်းဟုန်က ဒီလို တိုက်ရိုက်ကြီး မိမိနဲ့ ဆန့်ကျင်ဘက်မှာ ရပ်တည်သွားလိမ့်မည်ဟု ရှန်းကျားနီ မထင်ခဲ့မိပေ။ နောက်တော့ သူက ဆေးရုံမှာ ရှိနေတဲ့ ဟော်ကျန်းဟိုင်ဆီ ပြေးပြီး ငိုပြတော့သည်။
ဟော်ကျန်းဟိုင်က သူ့မယားလေးကို ဂရုဏာသက်မိသော်လည်း ကျန်းအိမ်တော်၏ အင်အားကိုလည်း ကြောက်ရသည်မို့ ကျန်းဟုန်ကို အပြစ်မတင်ရဲပေ။ သူက ရှန်းကျားနီကို ဒီအခြေအနေကို ထပ်မချဲ့တော့ဖို့၊ ငြိမ်းချမ်းစွာပဲ နေကြဖို့ နှစ်သိမ့်ပေးရုံသာ တတ်နိုင်တော့သည်။
ဟော်မြန် ရော ၊ သူ့မိခင်ရော ဒီဇာတ်ရှုပ်ထဲ ဝင်မပါလိုက်တော့ ၊ သူ့တို့ကို စိတ်ဝင်စားမှုများလည်း လျော့ကျသွားတော့သည်။
ဆေးရုံမှာ သူနာပြုအချို့က သူ့ဆီကနေ ဟော်စစ်ချန်အကြောင်း သတင်းရဖို့ ကြိုးစားကြပေမဲ့ ၊ သူက ဘာမွ မသိသလိုသာ ပြုမူနေခဲ့သည်။
အခန်း ၂ က အဘိုးကို လိုအပ်သည့် ပြုစုမှုများ ပြုလုပ်ပေးပြီးနောက် ၊ ဆုယြီကို ဆေးပေးဖို့ သိပ်မသွားချင်ဘဲ သွားလိုက်ရသည်။ ဒီလို ပိုးဘောင်းဘီလို သခင်လေးမျိုးနား သွားချင်စိတ်မရှိပေ။
ဟော်မြန် .. ငါ့ကို ဘာလို့ WeChat မွာ လက်မခံတာလဲ။ ဆုယြီက ဟော်မြန်အခန်းထဲ ဝင်လာတာ မြင်တာနဲ့ ဒီစကားကို မေးရန် သူ့ကို ခြုံထားတဲ့ စောင်ကို ဖယ်ပြီး ခုန်ထလာသည်။
ရှင့်ရဲ့ WeChat ကို က်မက လက်ခံပေးရမယ်လို့ ဒီတရုတ်ပြည်ကြီးမှာ ဘာဥပေဒမ်ား ထုတ်ထားလို့လဲ
ဟော်မြန်က ခေါင်းတောင် စိတ်ရှုပ်ခံပြီး မော်မကြည့်၊ ဆေးဗန်း ထားရမည့်နေရာသို့သာ တိုက်ရိုက်သွားတင်ထားလိုက်ကာ ၊ ရေနွေးနွေးတစ်ခွက် ငှဲ့ထည့်ပေးလိုက်သည်။
ဆေးသောက်တော့
ငါ့ကို လက်ခံပေး၊ ဒါဆို ငါ ဆေးသောက်မယ်။ မစ္စတာဆုရဲ့စိတ်က ဒေါသထပ်ဖြစ်ဖို့ အစပြုနေလေပြီ။
က်မ ဂရုမစိုက္ဘူး ၊ ရှင်ဆေးသောက်တာ မေသာက္တာက ရှင့်အတွက် မဟုတ်တာကျနေတာပဲ
သူ့နည်းလမ်းက အလုပ်မဖြစ်တာတွေ့တော့ ၊ ဆုယြီ ဒေါသထွက်လာပြီး အံကြိတ်ထားသည်။
ဟော်မြန် .. ညတုန်းက ငါ ဟော်စစ်ချန်ကို ဖုန်းဆက်လိုက်တယ်၊ ပြီးတော့ မင်းအကြောင်းတွေ ပြောဖြစ်ကြတယ်။
ခန့်မှန်းထားသလိုပင် .. ဟော်စစ်ချန်ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ ဟော်မြန့် လုပ္လက္စေတြ ခတ္တရပ်တန့်သွားသည်။ သူ အာရုံစိုက်လာသည် ဆိုသည်ကို မြင်ရတာနဲ့ ဆုယြီက လေးလေးနက်နက်ပုံစံမျိုးဖြင့် ဆက်ပြောသည်။ ဟော်စစ်ချန် သူ့ကြည့်ရတာ မင်းကို ညီမေလး တစ်ယောက် ဆိုတာထက် ပိုထူးခြားပြီး ဆက်ဆံနေသလိုပဲ
ဒါကို ကြားတော့၊ ဟော်မြန် မျက်နှာအမူအယာ ပြောင်းလဲသွားတော့သည်။
-
အခန်း ( ၂၃၇ )
A Statement
နောက်ဆုံးတော့ ဟော်မြန် လှည့်လာပြီး ဆုယြီကို မောက်မာသည့်အမူအယာမျိုးဖြင့် ခပ္စူးစူး ကြည့်သည်။
ကြည့်ရတာ ဒီနောက်ပိုင်း ရှင့်ကို ဆေးထိုးပေးတဲ့ အချိန်တွေမှာ သိပ်ညင်သာသွားမိပုံပဲ
.
ဒီကောင်မစုတ်လေးက မိမိကိုမ်ား စွာကျယ်ကျယ်နဲ့ လာခြိမ်းခြောက်နေတာတဲ့လား။
-
ဟော်ယန်ယန်နဲ့ ရှန်းကျားနီတို့က ဟော်မြန်ကို ခေါင်းကိုက်အောင် လုပ်ထားပြီးပြီမို့ ၊ အခု ဆုယွီပြောလိုက်တဲ့ ဟော်စစ်ချန်ဆိုတဲ့ နာမည်ကို ကြားလိုက်တာနဲ့ သူ စိတ်ပျက်သွားတာဖြစ်သည်။
ကျူလင်းလင်း ကလည်း သူ့ကို WeChat မှာလာပြီး ဒီကိစ္စ အတွက် ဘယ်လို စီစဉ်ထားသလဲဆိုတာ လာမေးပြန်သည်။
သူ လင်းလင်းကို ပြန်ဖြေလိုက်တာက မိမိ ဒါကို အရေးမလုပ်ချင်ကြောင်း၊ ဆိုလိုတာက ဘယ်သူ့ကိုမှ လိုက်တုံ့ပြန်မနေဘဲ လွှတ်ထားလိုက်ခြင်းဖြင့် ၊ ပြဿ နာကို သူ့ဘာသာသူ ပြေလည်သွားစေမည် ဖြစ်ကြောင်း တို့ပင်။
ဒါပေမဲ့ လက်ရှိ အခြေအနေကို ကြည့်ရရင်တော့ ရှန်းကျားနီ နဲ့ မိမိ ဟာ ရှင်းလင်းတဲ့ အဖြေတစ်ခု မရလာမချင်း သူတို့တွေက လက်လျှော့ကြလိမ့်မည်မထင်ပေ။
အခုလက်ရှိမှာက ဟောမြန်ရဲ့ သူတို့ကို ရိုက္ခ်ျပီး မိမိကိုယ်ကိုယ် ကာကွယ်ရန် ဆိုတဲ့ အစီအစဉ်ကြီးက လမ်းတစ်ဝက်မှာပဲ ရှိနေသေးသည်။
မိမိ ဘာဆက္လုပ္မလဲ တွေးတောနေကြစဉ်မှာ ၊ အင်တာနက်ပေါ်မှာ ကြေငြာချက်တစ်စောင် ထွက်ပေါ်လာ၏။
( အားလုံးပဲ မင်္ဂလာပါ ၊
ယခု လတ်တလောအတွင်းမှာ ဖြစ်ခဲ့တာတွေကြောင့် ကျမနဲ့ ကျမပတ်ဝန်းကျင်မှာ အခက်ကြုံနေရပါတယ်။ ဒါကြောင့် က်မက လူအားလုံးကို တချို့ကိစ္စတွေကို ရှင်းပြပြီး၊ ကျမနာမည်ကို ပြန် သန့် ချင်ပါတယ်။ က်မရဲ့ မျိုးရိုး နာမည်က ဟော်ဖြစ်သော်လည်း ၊ ကျမနဲ့ ဟော်အိမ်တော်မှာ နှစ်ပေါင်းများစွာကြာအောင် ဘယ္လို ဆက်သွယ်မှုမျိုးမှ မရွိခဲ့ပါ။ ထို့အပြင် က်မရဲ့ အဖွားဖြစ်သူ ကွယ်လွန်ခဲ့ချိန်မှာ က်မ ဆန္ဒနဲ့ သူ့ကို လိုက်ပို့ခဲ့ပါတယ်။ ကျမနဲ့ ဟော်အိမ်ရဲ့ ကြားမှာ ငွေရေး ကြေးရေး ပတ်သတ်မှုသော်လည်းကောင်း၊ ကြွေးမြီတင်နေခြင်းသော်လည်းကောင်း မရွိပါ၊ သူတို့၏ အမွေဆက်ခံမှု တိုက်ပွဲမှာလည်း က်မ ပါဝင်ခြင်း မရွိပါ။ ကျေးဇူးပြု၍ မိမိတို့၏ ထင်မြင်ယူဆချက်များ ရေးနေခြင်းကို ရပ်စေလိုပါသည်။ အဲ့ဒါတွေက ကျမနှင့် က်မမိသားစုကို မကောင်းတဲ့ အကျိုးသက်ရောက်မှုများ ရနေစေတာကြောင့် ဖြစ်ပါသည်။ ယခုမွ စ၍ က်မရဲ့ သာမာန်လူမှု ဘဝ အတိုင်း သာ ဆက်လက် နေထိုင်သွားမည်ဖြစ်ပြီး၊ ဒီအကြောင်းအရာနှင့် ပတ်သတ်၍လည်း နောက်ထပ် ပြောတော့မည် မဟုတ်ပါ။ က်မ က ဟော်အိမ်သို့လည်း ပြန်ဝင်မည် မဟုတ်သလို၊ သူတို့ဆီမှ ဘယ္လို အကျိုးအမြတ်တွေကိုမှလည်း လက်ခံမည် မဟုတ်ပါ။ သူတို့ထံမှ အမွေအနှစ် ရှယ်ယာတစ်စောင်တောင်မှ လက်ခံမည်မဟုတ်သလို ၊ သူတို့ရဲ့ ကုမဏီမှာလည်း ဝင်ရောက်လုပ်ကိုင်မှာ မဟုတ်ပါ။ ကျေးဇူးပြုပြီး က်မ၏ သာမာန်နေထိုင်မှုဘဝထဲမှာပဲ နေထိုင် ရှင်သန်ခွင့် ပေးစေလိုပါသည်။ ကျေးဇူးတင်ပါသည်။ )
ဒီ ကြေငြာချက်၏ အောက်ဆုံးတွင် သူ့နာမည် ဟော်မြန် ဆိုတာ ထည့်ထား၏။
ဒီ ကြေငြာချက် တစ်ခုလုံးက ဟော်မြန်ရဲ့ လေသံအတိုင်း ရေးထားတာ ဖြစ်သည့်အပြင် ၊ တကယ့်အစစ်နဲ့လည်း တူနေလေသည်။ ဒါက ဟော်မြန်ရဲ့ လုပ်နေကျပုံစံ မဟုတ်သော်လည်း ၊ ဘယ်သူကမွ ယုံမှားသံသယ မရှိကြချေ။ အဆုံးသတ်မှာတော့ ဒါကို ဥပဒေအတိုင်း အများသိအောင်ကြေငြာလိုက်တာက တစ်စုံတစ်ယောက်ရဲ့ အကျင့်သာ ဖြစ်သည်။
ဒီ ကြေငြာချက်ကို မြင်တော့ မိမိရဲ့ ကိုယ်ပိုင်အတွေးနဲ့ ကြက္တိ ဖြစ်နေသည်မို့ ၊ ဟော်မြန် စိတ်ကြည်လင်သွားရတော့သည်။
ချင်းချူကလွဲပြီး၊ မိမိရဲ့ အေတြးကို တိတိက်က် ခန့်မှန်းနိုင်သူ ၊ ဒီလို အခက်တွေ့နေတဲ့ အချိန်မှာမှ ဒီလို ကြေငြာချက်မျိုးကို တင်ပေးနိုင်သူ ဟူ၍ တျခား ဘယ်သူမွ ဖြစ်နိုင်စရာ မရွိ။
သူ ချက်ချင်းပဲ ဖုန်းထဲက နံပါတ္တစ္ခုကို ဆက်သွယ်လိုက်သည်။ သုံး စက္ကန့်လောက် ကြာပြီးတော့ တစ်ဖက်မှ ကိုင်လိုက်လေသည်။
-
ဟယ္လို .. ချင်းချူ ဖုန်းကိုင်လိုက်သည်။
က်မ ကြေငြာချက်ကို တွေ့တယ် ။ ရေးထားတာ အရမ်းမိုက်တယ်၊ ဒါပေမဲ့ စာတစ်ကြောင်းတော့ ကျန်နေခဲ့တယ်
ဘာစာကြောင်းလဲ
ရှင် ရေးလိုက်သင့်တာက က်မက ဟော်အိမ်နဲ့ ပတ်သတ်မှုအားလုံးကို ဖြတ်တောက်ပစ်ချင်ပြီး၊ က်မ သေသည်အထိ ဘယ်တော့မှ သူတို့ကို စကားပြောလိမ့်မည်မဟုတ် ၊ ဆိုတာလေ
တကယ်လို့ ကိုယ် အဲ့ဒါကို ရေးလိုက်မယ်ဆိုရင် ၊ အဲ့ဒါက တချို့ အမြင်ကျဉ်းတဲ့ လူတွေအတွက် မင်းအကြောင်း မကောင်း ပြောဖို့ ဖြစ်သွားလိမ့်မယ်။ ဒါဆို မင်းရဲ့ ဂုဏ္ကိုပါ ထိခိုက်လာလိမ့်မယ်
က်မက နောက်နေတာပါ။ ရှင် အကုန်လုံးကို သေသေချာချာ စဉ်စားပေးခဲ့တယ် ဆိုတာ က်မ သိပါတယ်။ က်မက ခန့်မှန်းထားတာက . ရှင် ဒီကြေငြာချက်ကို ရှင်ကိုယ်တိုင် ရေးတာ မဟုတ္လား ၊ ဒါက ရှင်တို့ ကုမဏီရဲ့ PR ဌာနက ရေးတာတောင် မဟုတ္ဘူး၊ မှန်တယ်မို့လား။ ရှင် ကျမအတွက် စကားတစ်လုံးချင်းစီကို သေသေချာချာ ဂရုစိုက်ပြီး ရေးထားတယ်၊ ဟုတ်တယ်မို့လား ဟော်မြန်က နူးညံ့တဲ့ အသံနဲ့ မေးလိုက်သည်။
မှန်းဆနေတာတွေက မင်းရဲ့ မျက်လုံးကို ပိုဆိုး မလာစေဘူးလား ဆရာကြီးချင်း ကေတာ့ မာန်တက်နေတဲ့ ခြင်္သေ့ကြီးလို လုပ်နေပြန်ပါပြီ။
ဒီ ကြေငြာချက်က သူ့နေ့လည်စာ စားချိန်တွေရဲ့ ထွက်ကုန်ဖြစ်သည်။ သူ့ လပ်တော့ပ်မှာ ဒါကို အသေးစိတ် ရိုက်ထားတဲ့တာဖြစ်သည်၊ နောက်တော့ ဒီအထဲမွာ ဘာအမှားအယွင်းမှ မရှိနေဘူးဆိုတာ သေချာတော့မှ ၊ ဒါကို အင်တာနက်ပေါ် တင်ပေးလိုက်တာ ဖြစ်သည်။
ချင်းချူရဲ့ စီစဉ်မှုကြောင့် ဒီ ကြေငြာချက်က မြန်ဆန်စွာပဲ အဓိက သတင်းဌာနတွေရဲ့ သတင်းတွေထဲမှာ ပျံ့နှံ့သွားပြီး လူတိုင်းကို ချက်ချင်း မြင်စေခဲ့သည်။
ချင်းချူ ..
အင်း
က်မ တကယ်ပဲ ရှင့်ကို ကျေးဇူးတင်ချင်တယ်၊ ဒါပေမဲ့ ဒီတစ်ခါတော့ အဲ့စကားကို မပြောတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ရှင် တစ်ခါပြောဖူးတယ်လေ ၊ က်မက ရှင့်ကို အမြဲတမ်းပဲ ကျေးဇူးစကား မပြောသင့်ဘူးလို့ ။ က်မက ရှင့်ရဲ့ ဇနီးပဲ၊ နောက်ပြီး ဒီလိုမျိုး ရှင်က က်မကို ကာကွယ်ပေးတယ်ဆိုတာက ရှင့်ရဲ့ သဘာဝပဲ။ ဒါပေမဲ့ ရှင် ကျမအပေါ် သိပ်ကောင်းပေးနေတဲ့အချိန်ဆို က်မ ဘာလုပ်ရမှန်း မသိတော့ဘူး ဖြစ်ဖြစ်သွားတယ်။
ကိုယ္က မင်းကို မထိခိုက်စေချင်ရုံပါ
က်မ နားလည်ပါတယ်။ ဘာလို့လဲဆိုတော့ က်မက အသုံးမကျလို့ပါ။ က်မကို ဥာဏ်ကြီးရှင်လို့ တံဆိပ်ကပ်ကြပေမဲ့ အမြဲတမ်းလိုလိုပဲ က်မမွာ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမျိုး နဲ့ ကြုံနေရတဲ့ အချိန်တိုင်း ရှင် က်မကို လာကယ်ပေးရတယ်။ က်မ တွေးနေမိတာက .. တကယ်လို့ ရှင်သာ အေမရိက က ပြန်မလာသေးဘူး ဆိုရင် အခုချိန် က်မ ဘာများလုပ်နေမှာလဲလို့လေ
မဟုတ္ဘူး .. မင်းရဲ့ တကယ်လို့ ဆိုတဲ့စကားက မဟုတ်သေးဘူး။ ကိုယ္က မင်းရဲ့ဘေးနားမှာ ရှိနေပြီးသားပဲ။ ကိုယ် ဘယ်တော့မှ မင်းကို ထားခဲ့မွာ မဟုတ္ဘူး
ဟော်မြန် ဖုန်းကို ကိုင်ထားမိနေတုန်းမှာပဲ ၊ သူ့ရဲ့ မျက်ဝန်းထဲမှာတော့ မကျဆင်းသွားတဲ့ မျက်ရည်စများက တောက်ပနေကြလေသည်။
ဒီည ညစာ သွားစားကြရအောင် ၊ က်မ ဒကာခံမယ် ဒါလေး ပြောပြီးတာနဲ့ ဟော်မြန် ဖုန်းချလိုက်တော့သည်။
ချင်းချူရဲ့ နှုတ်ခမ်းထောင့်တွေက အနည်းငယ် ကော့တက်လာနေသည်၊ သူ့ ဘေဘီလေး ဟာ့တ်ထိသွားပြီ ဆိုတာ သူ သိနေ၏။
ဒါက ကြေငြာချက်လေး တစ္ခုပဲ ဆိုပေမဲ့ အဲ့ဒီအထဲမွာ ဟော်မြန် ပြောချင်တာတွေ အကုန်လုံး ပါဝင်နေသည်။ နောက်ထပ် မတူခြားနားရတဲ့ အကြောင်းရင်း ချင်းချူ ကိုယ်တိုင်ရေးထားတာကြောင့်ပင်။
အဲ့ဒီညမွာ ဟော်မြန် အိမ္ကို အလောတကြီး ပြန်သွားခဲ့၏။ နက်ပြာရောင် ရှပ်အကျီနဲ့ အနက်ရောင် စတိုင်ဘောင်းဘီရှည်ကို လဲဝတ်လိုက်တော့ သူ့ပုံစံက ရာထူးကြီး ဝန်ထမ်းတစ်ယောက်ပုံလိုမျိုး ဖြစ်သွား၏။
သွားဖို့ အဆင်သင့် ဖြစ်နေချိန်မှာပဲ ဟော်စစ်ချန်ဆီက ဖုန်းဝင်လာသည်။ သူက အခုတေလာ မိမိဆီ မကြာခဏ ဆက်နေသလိုပင်..
ဟော်မြန် ထင်တာက ဒီနေ့ ကြေငြာချက်အကြောင်း မိမိကို ပြောဖို့ ဖြစ်မည်ဟုပင်။ ဒါပေမဲ့ သူပြောလိုက်တာက ညီမေလး တောင်ဘက်ပိုင်း စင်တာကအလုပ်ကို ထြက္လိုက္တာ ပိုကောင်းမယ်ထင်တယ်။
ဘာလို့လဲ ဟော်မြန် နားမလည်မိ။
ညီမေလး ပြဿ နာ မဖြစ်ချင်ဘူး ဆိုရင်၊ ဒါဆို ဆုယွီနဲ့ အဆက်အဆံမလုပ်နဲ့ ။ ညီမလေးတို့က သဟဇာတ မဖြစ်နေဘူး
-
အခန်း ( ၂၃၈ )
Felt Sorry
ရှင်ပြောနေတဲ့ပုံက ၊ ရှင်ကပဲ ဘယ်ဟာက ကျမအတွက် အကောင်းဆုံးဆိုတာ သိနေတာ ကျနေတာပဲ ဟော်မြန် က အေးစက်စက် ပြန်ဖြေလိုက်သည်။
ဟော်စစ်ချန် ဘက္က တိတ်ဆိတ်သွားသည်။
အစ္ကို အတည်ပြောနေတာ မြန်
ဒါဆို က်မ ကေရာ..။ အရင်တုန်းကလည်း ရှင် က်မကို ချင်းချူနဲ့ မရင်းနှီးဖို့ ပြောခဲ့သေးတယ်။ ရှင့်ရဲ့ မျက်လုံးထဲမှာ ဒီတစ်ကမ္ဘာလုံးမှာ ရှင်ထက်ပိုပြီး ကောင်းတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးလား။
ဒါပေမဲ့ သူတို့က ညီမေလးကို တကယ် ထိခိုက်အောင် လုပ်မဲ့သူတွေ
ဒါဆို ဘယ်သူက က်မကို မထိခိုက်စေမဲ့သူလဲ ဟော်မြန်က မေခ်မငံ ပြန်မေးလိုက်သည်။
တကယ်လို့ ညီမေလး ပြန်လာမယ်ဆိုရင်၊ အစ္ကို ညီမေလးကို ကာကွယ်ပေးနိုင်မှာပါ
ဝိုး.. အဲ့ဒီနားမှာတင် ရပ်လိုက်တော့။ ရှင် ဘာတွေ စီစဉ်နေတာလဲ မသိဘူးမ်ား ထင်နေလား။ ရှင် ဒီနေ့ က်မ ဘက္က ကြေငြာချက်ကို မြင်ပြီးသား နေမှာပါ။ အခုက ဈပီး ၊ က်မက ဟော်အိမ်နဲ့ ဘယ္လို ဆက်နွယ်မှုမှ မရှိချင်တော့ဘူး။ ရှင် ကိုယ့်ဘာသာ ဂရုစိုက္တာက ပိုကောင်းလိမ့်မယ်။
ဟော်မြန်က မိမိစကားဆုံးသည်နှင့် ဖုန်းချလိုက်သည်။
သူ အောက်ထပ်ဆင်းသွားလိုက်တော့ ချင်းချူရဲ့ကားက တံခါးရှေ့ ရောက်ကာစပဲ ရှိသေးသည်။ ဟော်မြန် အပြင်ထွက်သွားလိုက်ကာ ၊ တံခါး ဖွင့်လိုက်ပြီး မောင်းသူဘေးခုံမှာ ဝင်ထိုင်လိုက်သည်။
ဘာဖြစ်လို့လဲ ဟော်မြန် မျက်နှာ မကြည်သာတာ မြင်တော့ ချင်းချူ တန်းမေးသည်။
ဘာမွ မရွိပါဘူး။ ဖုန်းဆက်ပြီး အနှောင့်ယှက်ခံရလို့ပါ
ချင်းချူ က ခေါင်းညိတ်ပြီး ဘာမွ ထပ်မပြောတော့။ သူ ပြန်လှည့်သွားပြီး အိမ်ရာဝင်းထဲက မောင်းထွက်သွားလိုက်သည်။ မင်းဘာစားချင်လဲ
ဒီနေ့က က်မ ဒကာခံမှာလေ။ ရှင် ကြိုက်တာရွေးပေါ့ ၊ မဟုတ္ဘူးလား ဟော်မြန် ပြုံးနေသည်။
ဂ်ပန္စာ ဆိုရင်ရော
ရတာပဲ ဟော်မြန်က အစားမရွေး ၊ တခြားသူတွေနဲ့ အပြင်ထွက်စားကြတိုင်းလည်း ဘာမဆို စားနိုင်သည်ချည်း ဖြစ်သည်။
ထို့ကြောင့် ချင်းချူ က ဂ်ပန္စာ လို့ ရွေးလိုက်တော့ သူ ချက်ချင်း ခေါင်းညိတ်လိုက်တာ ဖြစ်သည်။
ဆယ့်ငါးမိနစ်လောက် ကြာပြီးတော့ အပြင်အဆင် ခမ်းနားတဲ့ ဂျပန်စားသောက်ဆိုင် တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ ကားရပ်လိုက်သည်။
ဆိုင်တွင်းမှာ နာမည်ကျော် ဂျပန်သီချင်းတစ်ပုဒ် ဖွင့်ထားသည်။ သူတို့အနေနဲ့ စာသား အဓိပါယ္ကို နားမလည်နိုင်ရင်တောင်မှ တေးသွားအလိုက်လေးကပင် နားထောင်လို့ ကောင်းနေတာပဲ ဖြစ်သည်။
စားသောက်နေကြတုန်းမှာ ဟော်မြန်နဲ့ ချင်းချူတို့ ပုံမှန်လို စကားမျိုးသာ ပြောဖြစ်ကြသည်။
ချင်းချူ ..
မင်း လိုအပ်တဲ့ အချိန်က ကိုယ့်ကို မောင် လို့ ခေါ်တယ်နော်၊ မင်း မလိုအပ်တော့ ချင်းချူ တဲ့။ ဟော်မြန် မင်း ..ဘုရားပြီး ငြမ်းဖျက်လုပ်တာမျိုးတွေ လျော့သင့်ပါတယ်။
ချင်းချူ ပြောလိုက်တော့ ဒီ့အတွက် ဟော်မြန် အပြစ်ရှိသလို ခံစားလိုက်ရသည်၊ နောက်တော့ လုပ်ချောင်းနည်းနည်း ဆိုးလိုက္ကာ အဟမ်း .. မောင် .. ကျမတို့ လက်ထပ်ပြီးကတည်းက ရှင့်ကို ပြဿ နာပဲ ပေးနေမိတယ်။ တစ်နေ့ကျ ရှင့်ကို အျမဲ ဒေါသပဲ ထွက်နေစေတယ်ဆိုရင် ရှင် က်မကို ပစ္ထားမွာလား
ကိုယ် အဲ့လို လုပ်မယ်လို့ မင်းထင်လို့လား
ဟော်မြန် ခေါင်းယမ်းလိုက်သည်။ ရှင် မလုပ္ဘူးဆိုတာ က်မ သိပါတယ်။ ဒါပေမဲ့ တခါတေလ က်မ ကိုယ့်ကိုယ်ကိုယ် မုန်းတယ်။ အမြဲတမ်းပဲ ပြဿ နာ ရှာနေမိလို့
အဲ့တော့ ဘာဖြစ်လဲ ။ ကိုယ္က မင်းနောက်မှာ လိုက်ရှင်းပေးရလည်း ကိစ္စမရှိပါဘူး။ ချင်းချူက ဆာကေးအရက် ဖန္ခက္ကြို ကိုင်ပြီး တစ်ငုံသောက်လိုက်သည်။
ဟော်မြန်တစ်ယောက် သူ့နှုတ်ခမ်းထောင့်မှာ ရှိနေတဲ့ အယ်လ်ကိုဟော အနံ့အသက်မှာ အာရုံစိုက်ထားမိရင်း လျှောက်တွေးမိသည်က မိမိသည် အရင်ဘဝတုန်းကများ စကြဝဠာကြီး တစ်ခုလုံးကို ကယ်တင်ခဲ့ဖူးလေသလား ဟုပင်။ ဘာကြောင့်များ သည်လို နွေးထွေး၊ ကြင်နာ၊ ချမ်းသာ၊ အရပ်ရှည်၊ ရုပ်ချောတဲ့ ချင်းချူလို လူမျိုးနဲ့ ဆုံဆည်းခဲ့တာပါလိမ့်။
-
ကြေငြာချက် ထွက်ပေါ်ပြီးတဲ့နောက်မှာ ချင်းချူ က သူ့အဆက်အသွယ် တချို့သုံးပြီး သတင်းစာအတော်များများရဲ့ နေ့ခင်းသတင်းမှာရော၊ ညနေခင်းသတင်းမှာပါ ပါအောင် လုပ်ထားခဲ့သည်။ ဒါတွေ အကုန်လုံးက ဟော်မြန်ရဲ့ အပြစ်ကင်းမှုကို ပြသဖို့အတွက် ဖြစ်သည်၊ နောက်ပြီး ဘယ္လိုပဲ ရှန်းကျားနီက အမူအယာတွေလုပ်၊ ဟန်ဆောင်ဆောင် ၊ သူက သူများအိမ်ထောင်ကို ဖျက်ဆီးခဲ့သည့်သူဆိုတဲ့ အခ်က္က မပြောင်းလဲသွားတော့။ ဟော်ယန်ယန် ရဲ့ ဂုဏ်သိက္ခာတွေသည်လည်း ကျဆင်းသွားရပြီဖြစ်ပြီး၊ သူ့နောက်ကွယ်မှာ သူမ်ား စကားတင်းဆိုကြမှာ ကြောက်သည်မို့ ၊ ရက်အနည်းငယ်လောက်တောင် အပြင်မထွက်ရဲအောင် ဖြစ်သွားလေသည်။
ဟော်ကျန်းဟိုင်သည်လည်း ဆေးရုံမှ ဆင်းလာလေပြီ၊ ဟော်မြန်ဘက်က ဒီလိုမျိုး ဖော်ပြလာမှတော့ ၊ သူသည်လည်း နေမကောင်း ဖြစ်ချင်ယောင် ဆောင်နေဖို့ ဘယ်လိုတော့မှာလဲ။
-
ရှင်သိလား၊ က်မ ဘယ်အချိန်တုန်းက ဟော်အိမ်ကို ပြန်အသွားချင်ခဲ့ဆုံး အချိန်လဲဆိုတာလေ ဟော်မြန်က ဟော်ကျန်းဟိုင် ဆေးရုံဆင်းသည့် သတင်းကို မြင်တော့ ဖုန်းကို ငုံ့ကြည့်နေပြီး ဂရုမထားသလိုပုံဖြင့် မေးလိုက်သည်။
မင်းမှာ ဟော်အိမ်ကို ပြန်သွားချင်တဲ့ အချိန်ရယ်လို့ ရွိခဲ့ဖူးတာလား ချင်းချူ နည်းနည်း သိချင်သွားမိသည်။
ဟော်မြန် ခေါင်းညိတ်ပြသည်။
နောက်တော့ သူက ဆက်ပြောသည် အဲ့ဒီ ၇ နှစ်ကျော်တုန်းကလေ ကျမတို့ ချစ်နေခဲ့ကြတဲ့ အချိန်တုန်းကပေါ့။ အဲ့တုန်းက ရှင့်အမေက က်မရဲ့ မိသားစုနောက်ခံကို မကြိုက်ဘူးလေ။ ဒါပေမဲ့ အမှန်တော့ ကျမကိုယ်ကျမလည်း အထင်သေးမိပါတယ်။ က်မ အမြဲတမ်းပဲ ဟော်ကျန်းဟိုင်က က်မကို ရုတ်တရက်ကြီး ပြန်ခေါ်မယ်၊ နောက်တော့ က်မက ဟော်ယန်ယန်လို အထက်တန်းလွှာထဲက လူယဉ်ကျေး မိန်းကလေး ဖြစ်သွားမယ်၊ ဒါဆို ရှင့်အမေလည်း ကျမတို့ကို သဘောတူကောင်း တူနိုင်မယ် လို့ပေါ့လေ။
ဟော်မြန် စကားပြောနေတဲ့ အချိန်မှာ လက်ဖက်ရည်ခွက်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားပုံလေးက ကြည့်ရတာ မိန်းကလေးငယ်လေးနဲ့ တူနေစေသည်။
သူပုံလေးက ချစ်စရာကောင်းနေသည် ၊ ဒါပေမဲ့ ဒီလိုပုံစံကပဲ ချင်းချူကို ဝမ်းနည်းအောင် လုပ်နေတာဖြစ်သည်။
က်မက အရင်တုန်းက နုံ.အ တာကို သိသွားလို့ အံ့သြသွားတာလား ဟော်မြန်က လျှာလေးထုတ်ပြီး ပြောင်ပြသည်။
ချင်းချူ ရဲ့ နှလုံးသားက တစ်ချက်ဆောင့်ခုန်သွားတာမို့ .. မြန် .. တော်တော့
-
အခန်း (၂၃၉)
Intervention
မင်းသိပါတယ်။ ကိုယ်ဘယ်တုန်းကမှ မင်းရဲ့ မိသားစု အခြေအနေကြောင့်တော့ ခွဲခြားပြီး မဆက်ဆံဖူးဘူး ဆိုတာကို
ဒါပေမဲ့ ရှင့်အမေက က်မကို မကြိုက်ဘူးလေ။ မဟုတ်ရင် ဘာလို့ ဦးလေးကျင်း ကို သေစေမှာလဲ ။ တကယ်လို့ ဦးလေးကျင်းသာ အဲ့တုန်းက က်မကို မကယ်ခဲ့ရင် ၊ က်မ ဒီနေ့ ဒီနေရာမှာ ထိုင်နေနိုင်မှာတောင် မဟုတ္ဘူး
မြန် .. ဒီ လူမဆန်တဲ့ လုပ်ရပ်က ချင်းချူအတွက်တော့ နာကျင်ဖွယ်ရာ အတိတ်ဖြစ်ရပ်တစ်ခု ဖြစ်နေရသည်။
သူက သူအကောင်းဆုံး ကြိုးစားခဲ့သည်ဟု ထင်ခဲ့ပေမဲ့ အဲ့ဒါကပဲ ဟော်မြန်အတွက်တော့ မေ့ဖျောက်မရနိုင်တဲ့ ချောက်အိပ်မက် ဖြစ်နေဆဲဆိုတာ သိနေသည်ပဲလေ။
သူမေလးဟာ အဲ့ဒီနှစ်တွေမှာ စိတ်ခံစားချက် ဝန္ထုပ္မ်ားကို လေးပင်စွာသယ်ရင်း နေခဲ့ရပေလိမ့်မည်။
သို့ပေမဲ့ .. မိမိက ဘာမ်ား လုပ်နိုင်ခဲ့သနည်း ၊ ဒီဖြစ်ရပ်ကို သံစုံတီးဝိုင်းလို မိခင်နှင့်အတူ ကြည့်နေခဲ့သူလေလား။ သူသည်ကပဲ သူမေလးကို နင်းချေသတ်ပစ်မည့်သူလေလား။ ဒါက ဘယ္လိုမွ မဖြစ်နိုင်ပါ။
ချင်းချူ .. က်မ ဒါကို တမင်ရည်ရွယ် ပြောချင်တာ မဟုတ်ပါဘူး။ က်မမွာ အဲ့လို အချိန်မျိုး ရှိခဲ့ဖူးတယ် ဆိုတာလေး သိစေချင်တာပါ။ အဲ့လို တွေးခဲ့တဲ့ အတွက်လည်း ကျမကိုယ် က်မ မုန်းတယ်။ အရင်တုန်းကတော့ က်မကို လက်မခံခဲ့တဲ့ ဟော်ကျန်းဟိုင်ကို မုန်းခဲ့တယ်။ အခုတော့ ကျမလည်း အရွယ်ရောက်နေပြီ၊ က်မဆီကေန အမြတ်ထုတ် အခွင့်ရေး ယူမှာမျိုးကို ဖြစ်ခွင့်မပေးနိုင်တော့ဘူး။
ကိုယ်နားလည်တယ်
ရှင်ကပဲ က်မကို နားလည်ပေးနိုင်မဲ့ တစ်ယောက်တည်းသောသူ ဆိုတာ ကျမသိတယ်။ မဟုတ်ရင် ကျမစိတ်ထဲက ခံစားချက်အတိုင်း ရေးထားတဲ့ ဒီလို ကြေငြာချက်မျိုးကို ဘယ်လိုလုပ် ရေးပေးနိုင်မှာလဲ။ တခါတရံတော့၊ က်မက အရမ်းစိတ်ပျက်စရာကောင်းတဲ့သူလို့ ထပ်မတွေးမိတော့ဘူး၊ ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးထဲမှာ က်မကို နားလည်ပေးနိုင်မဲ့လူ အနည်းဆုံး တစ်ယောက်တော့ ရှိနေပြီလေ။ သူက က်မမွာ ခံစားရတဲ့ စိတ်ဒဏ်ရာတွေကို နားလည်ပေးတဲ့သူ၊ သူက ကျမဘေးနားမှာလည်း ရှိချင်ပေးတဲ့သူ။ နောက်ပြီး သူက ကျမစိတ်ထဲက ဒဏ်ရာဒဏ်ချက်တွေကို အနာကျက်အောင် ကူညီပေးတဲ့သူ။
ဟော်မြန် က ပုံမှန်ဆိုရင် ဒီလို အကြောင်းအရာမျိုးတွေကို ချင်းချူနဲ့ ပြောဖို့ ရှောင်ကြဉ်လေ့ရှိသည်။ ဒါပေမဲ့ အခုတော့ ဒါကို သူကိုယ်တိုင်ပဲ ပြောပြနေလေတော့ ချင်းချူတောင် ဘာလုပ်ရမှန်းမသိ ဖြစ်နေမိတော့သည်။
ချင်းချူ .. တကယ်လို့ က်မ အရာအားလုံး ဆုံးရှုံးရပြီး ၊ ရှင်တစ်ယောက်ပဲ ကျန်တော့မယ်ဆိုရင် ရှင် .. က်မေဘးမွာပဲ ရှိနေပေးဦးမှာလား။
ဒါပေါ့
က်မေရာပဲ .. တကယ်လို့ ရှင့်မှာ အရာအားလုံး လက်လွှတ်ရတဲ့နေ့ ရှိလာရင် ဒါမှမဟုတ် .. ရှင်က GK ရဲ့ ဥက္ကဌ မဖြစ်နိုင်တော့ဘူးဆိုရင်၊ ဒါမှမဟုတ် .. သိပ်တော်တဲ့ ဦးနှောက်အာရုံကြောခွဲစိတ်ဆရာဝန်ကြီး မဖြစ်နိုင်တော့ရင် .. ၊ ဒါမှမဟုတ် ချင်းရဲ့ စိတ်ကူးအိပ်မက်တွေ လုံးဝ မဖြစ်လာတော့ရင်..တောင်မှ က်မ ရှင့်ဘေးမှာ နေပေးဖို့ ဆန္ဒရှိတယ်။ တကမ္ဘာလုံးက ရှင့်ကို စွန့်ပစ်ကြမယ်ဆိုရင် .. ဒါဆို ကျမလည်း နည်းနည်းမှ တွန့်ဆုတ်မနေဘဲ အဲ့ဒီ တကမ္ဘာလုံးကို ရှင်နဲ့အတူ ပြန်စွန့်ပြလိုက်မယ်။
ဒါဆို .. ဟော်မြန်မမလေး .. အခု ခင်ဗျားလေးရဲ့ အချစ်တွေ ကျတော့်ကို ရင်ဖွင့်နေတာပါလားခင်ဗျာ တချိန်လုံး သူမလေးပြောတာ နားထောင်နေပြီးတော့မှ ၊ ဒီမိန်းကလေးက ဒီနေ့ သူ့အချစ်တွေကို ဝန်ခံနေတာနဲ့ တူနေသည်ဟု ချင်းချူ တွေးမိသွားသည်။
-င်ကြီးပဲ ချစ်.. ! စားတော့ .. က်မ ဗိုက်ဆာနေပြီ အောက်မေ့တမ်းတဖွယ်ရာ အချိန်လေးကျတော့မှပဲ ဟော်မြန် လည်း မြန်မြန် ခေါင်းစဉ်ပြောင်းလိုက်ရတော့သည်။
ချင်းချူ နောက်ထပ်ပြောလာမဲ့ စကားတွေကို ကာကွယ်ရန် အလို့ငှာ ဘက်တီးရီးယားဆန့်ကျင်ပိုးတွေ အတွက် wasabi ကို ပိုစားဖို့တို့ ဘာတို့ လျှောက်ပြောနေမိသည်။
နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် ညစာစားကြပြီးချိန်မှာ ၊ ကျီရှင်းထံမှ WeChat မက်ဆေ့ခ်ျတစ်စောင် ရောက်လာပြီး ပြောထားတာက - သူလည်း ကြေငြာချက်ကို ဖတ်ပြီးပြီဆိုတာရယ်၊ သူနဲ့ မေမေတို့လည်း နှစ်ယောက်လုံး ပျော်ရွှင်ကျေနပ်ကြသည် ဆိုတာရယ် ဖြစ်သည်။
ဒီလို ရှင်းလိုက်တော့ ရှန်းကျားနီနဲ့ ဟော်ယန်ယန်တို့ ဘယ္လိုပဲ ပြဿ နာရှာဖို့ လုပ်လုပ် ဘယ်သူမွ ဂရုစိုက်တော့မည် မထင်။
ဟော်မြန်ကို ဟော်အိမ်ရဲ့ တရားမဝင်သမီးတစ်ယောက်ဆိုတာကို အကုန် သိသွားကြပြီ ဖြစ်သော်လည်း ၊ ဒါက ဟော်မြန်အတွက် ဇာတ်ရှုပ်တစ်ခု မဟုတ်နေတော့။
ဒါတွေ အားလုံးက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဖြစ်ခဲ့တာမို့ ၊ ဘယ်သူမှလည်း တူးဖော်မနေတော့၊ ဒီတော့ အကုန်လုံးက ခဏတာ စိတ်ဝင်စားမှုလေးတွေပဲ ဖြစ်သွားရတော့သည်။
ဒီလိုတွေ ကြေငြာပြီးမှတော့ ဘယ်သူကမ်ား မိမိက ဘယ်သူ့သမီးဆိုတာကို ဂရုစိုက်နေဦးတော့မလဲ။ နောက်ပြီး ကြေငြာချက်မှာ ရှင်းလင်းထားပြီးသား ၊ ဟော်မြန်က ဟော်အိမ်ကို ဘယ်တော့မှ ပြန်သွားမှာ မဟုတ္ဘူး ဆိုတာရယ်၊ ဟော်အိမ်နဲ့ ဘာမွ မဆိုင်ပါဘူး ဆိုတာရယ်၊ ဒီတော့ မိမိကို ချဉ်းကပ်လို့လဲ ဘာမွ ရဖို့ မရွိမွေတာ့ဘူးဆိုတာ သေချာသွားပြီပေါ့။
ဒါဆို ပြန်ထူထောင်ရေးစင်တာက သူနာပြုမလေးတွေ မိမိနောက်ကို လိုက်ပြီး ဟော်စစ်ချန်ရဲ့ ဖုန်းနံပါတ်ရဖို့ လိုက်နေတော့မှာလည်း မဟုတ်တော့ဘူးပေါ့လေ။
ညစာ စားပြီးတော့၊ နှစ်ယောက်သား လက်ချင်းတွဲပြီး စားသောက်ဆိုင်ထဲက ထွက်လာခဲ့ကြသည်။ အပြင်ဘက်မှာ ညေလေအးက ခပ်ပြင်းပြင်း တိုက်ခတ်နေပြီး၊ ဒါကြောင့် ချင်းချူက သူ့ ဂ်တ္ကတ္ကို ခ်ြတ္ကာ ဟော်မြန့်ပခုံးပေါ် ခြုံပေးလိုက်သည်။ သူတို့ ကားထဲဝင်ချိန်အထိ သူက မြန် ရဲ့လက္ကို ကိုင်ထားဆဲပင်။
-
ချင်းချူရဲ့ ကားက Maybach ဖြစ်နေသည်မို့ ဒီမြို့ထဲမှာ အထင်ကရ ဖြစ်နေသည်၊ လိုင်စင်နံပါတ်ကလည်း ထူးခြားနံပါတ်ဖြစ်နေပြန်သည်။
လမ်းမှာ သူတို့ မီးပွိုင့် က မီးစိမ်း ကို စောင့်နေတုန်းမှာ မစ္စက်ချင်း က အနက်ရောင် Bentley ကားထဲမွ နေပြီး မျက်မှောင်နည်းနည်းကုပ်ကာ ကြည့်နေလေသည်။
ဆုန် .. အဲ့ဒါကို ကြည့်စမ်း၊ အဲ့ဒါ ငါ့သားရဲ့ ကားမဟုတ္လား
ဟုတ်လောက်မယ် ခင်ဗျ ယာဉ်မောင်းက လိုင်စင်နံပါတ်ပြားကို သေချာအောင် ကြည့်ပြီး ပြောလိုက်သည်။
သူ့ကားထဲက မိန်းမတစ်ယောက် ဘာလို့ ရှိနေတာလဲ ။ သူ့နောက်က လိုက်စမ်း၊ လိုက်ကြည့်ရအောင် မစ္စက်ချင်း က ချက်ချင်းကြီး စိတ်ဝင်စားလာသည်၊ သူတွေးမိသည်က မောင်းသူဘေးခုံမှာ ထိုင်နေတာ ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးတစ်ယောက် ကို မြင်လိုက်သလိုပဲ ဟုပင် ..။
-
အခန်း ( ၂၄၀ )
SPY
ကားသမား ဆုန် က မစ္စက်ချင်းပြောတာ ကြားပြီးတော့ ၊ ချက်ချင်းပဲ Maybach ကား နောက်က လိုက်သည်။
ချင်းချူက အမွတ္တမဲ့ နောက်ကြည့်မှန်ကို ကြည့်မိသွားတော့ တစ်ခုခုတော့ မှားနေပြီဆိုတာ သတိပြုမိသွားသည်။
သူတို့ အစက စီစဉ်ထားတာက အိမ္ကိုပဲ တန်းပြန်ဖို့ပင် ၊ ဒါပေမဲ့ သူ ချက်ချင်းပဲ တခြားလမ်းကြော ပြောင်းယူလိုက်သည်။
ဟေး ဒါ တို့အိမ်ပြန်တဲ့ လမ်း မဟုတ်ဘူးလေ။ ဟော်မြန်က ချက်ချင်းပဲ သူ့ကို သတိပေးလိုက်သည်။
ကိုယ်တို့ အိမ်မပြန်သေးဘူး။ ကားလျှောက်မောင်းရအောင်၊ ဒီလို အခွင့်အရေးက ရခဲတယ်။
ဟော်မြန်မှာ ပြောစရာ စကားမရှိတော့
ဒီလို အေးစက်နေတဲ့ ညကြီးမှာ ကားလျှောက်မောင်းတာက ကောင်းတဲ့ စိတ္ကူး ဖြစ်နိုင်ပါ့မလား။ ဘာပဲဖြစ်ဖြစ် ချင်းချူ ဒီလိုလုပ္တာ အကြောင်းရင်း ရှိလို့ဆိုတာကိုတော့ ယုံကြည်ထားသည်။
ဟော်မြန် ဘာမွ ထပ်မမေးတော့ ၊ ဒါပေမဲ့ ရုတ်တရက် သူ သတိပြုမိလိုက်တာက ချင်းချူ က လမ်းတစ်ဖက်တစ်ချက်ရှိ လမ်းသွယ်တွေ၊ လမ်းမကြီးတွေကို ထူးထူးဆန်းဆန်း ကြည့်ကြည့်နေတာကိုပင်။
သူလည်း နောက်ကြည့်မှန်ထဲ လိုက်ကြည့်မိပြီး ကျမတို့ နောက်ယောင်အလိုက်ခံ နေရလို့လား
အဲ့ဒါ ကိုယ့်အမေရဲ့ကား ချင်းချူ ပြောလိုက်သည်။
အော် ချင်းချူရဲ့ မိခင်က ဟော်မြန်ကို ရန်သူလို သဘောထားသည်မို့ ၊ ဟော်မြန်လည်း သူ့အကြောင်း ဘာစကားမွ ထပ် မကြားချင်မိ။
ဆယ်မိနစ် ဝန်းကျင်လောက် ကြာပြီးနောက် ၊ အဝိုင်းပတ်သည့်အချိန်မှာ ၊ နောက်ဆုံး Bentley ကားကို မျက်ခြေဖြတ်နိုင်ခဲ့သည်။ ချင်းချူက သက်တန့်ရင်ပြင်ဘက် ပတ်မောင်းနေပြီး မွ အင်ပါယာဝင်းထဲ ပြန်လာခဲ့ကြသည်။
-
ဆုန် .. ဘာဖြစ်တာလဲ မစ္စက်ချင်းက စိတ်လှုပ်ရှားနေသည်၊ ဘာကြောင့်လဲဆိုတော့ မိမိသားနှင့် အချိန်ဖြုန်းနေသည့် မိန်းကလေးကို သိမြင်ချင်တာကြောင့်ပင်၊ ဒါပေမဲ့ သူတို့ ကားကို မျက်ခြေပြတ်သွားသည်။
စိတ်မရှိပါနဲ့ ချင်းသခင်မကြီး၊ သခင်လေးက ကားမောင်းတာ အရမ်းမြန်လို့ပါ။ နောက်ပြီး သူက လမ်းသွယ်လေးတွေနဲ့ တစ်လမ်းမောင်းတွေဘက်ကပဲ မောင်းသွားလို့ ကျတော်တို့ မျက်ခြေပြတ်သွားတာပါ။
ရပါတယ်။ ဒါဆိုလည်း ပြန်ကြတာပေါ့
-ချင်းမိသားစု အိမ်တော်တွင်-
မစ္စက်ချင်းက ရောက်ရောက်ချင်းပဲ ဖုန်းထုတ်ကာ နံပါတ္တစ္ခုကို ဆက်လိုက်သည်။
ကျန်းလင်ယွဲ့က မျက်နှာပေါင်းတင် ကပ္ခြာ ကပ်နေသည်၊ ခေါ်ဆိုသူ အမည်ကို မြင်လိုက်ရချိန်မှာတော့ ချက်ချင်းပဲ ကောက်ကိုင်ကာ ယဉ်ယဉ်ကျေးကျေးအသံဖြင့် ပြန်ဖြေပေးလိုက်၏။ မစ္စက်ချင်း
ခုဏတုန်းက ချူ ရဲ့ ကားထဲက သမီးလား မစ္စက်ချင်းက ဒဲ့မေးလိုက်သည်။
မဟုတ္ဘူး၊ က်မ မဟုတ်ပါဘူး။ ကျန်းလင်ယွဲ့က ရိုးရိုးသားသားပင် ပြန်ဖြေပေးလိုက်၏။
အော် .. ခုလေးတင် ချူ ရဲ့ ကားထဲမွာ မိန်းမတစ်ယောက် တွေ့ခဲ့လို့ ၊ အန္တီက အဲ့ဒါ သမီးလို့ ထင်နေတာ မစ္စက်ချင်းက ကျန်းလင်ယွဲ့လည်း ဆံပင်ရှည်ရှည်နဲ့ ဆိုတာ သိထားသည်၊ ဒါပေမဲ့ ကားထဲက အမျိုးသမီးက ဆံပင် ပခုံးကျော်ရုံလေးရယ်။ ဒီတော့ သူတို့ဟာ လုံးဝ မတူတဲ့ သူတွေပဲပေါ့။ သူ မေးလိုက်တာက ကျန်းလင်ယွဲ့များ လိမ်လေမလား လို့လေ။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ သူက အရမ်း ရိုးသားနေတယ်။
အော်.. အဲ့ဒါက တိုင်ပေ ဘက္က ဒီနေ့ ရောက်လာတဲ့ ဧည့်သည်ဖြစ်မယ်။ သူက ကျမတို့ ပူးပေါင်းထားတဲ့ စီမံကိန်းရဲ့ မန်နေဂျာတစ်ယောက်လေ။ ပြီးတော့ ဥက္ကဌချင်းကလည်း ဒီနေ့ တစ်နေ့လုံး အလုပ်များနေတာ။ ဒါကြောင့် လက်ထောက်ယန်က ညဘက္က်မွ သူတို့ တွေ့ပေးဖို့ စီစဉ်ပေးလိုက်တာ ဖြစ်ရမယ်။
ကျန်းလင်ယွဲ့က ချက်ချင်းပဲ လူတစ်ယောက်ဖန်တီးလိုက်ပြီး ခပ်မြန်မြန် ပြန်ဖြေပေးလိုက်သည်။
တကယ်တော့ သူသည်လည်းပဲ ချင်းချူရဲ့ ကားထဲက အမျိုးသမီးဟာ ဘယ်သူဆိုတာ သိချင်နေမိသည်။
အော် .. အဲ့ဒါ သူလား ။ အန္တီက အတွေးလွန်သွားတယ် ထင်ပါတယ်ကွယ် ။ ချင်းချူရော အခုတေလာ ဘာတွေလုပ်နေလဲ
ဥက္ကဌချင်းက က်မကို ကောင်းကောင်း ဆက်ဆံပါတယ်။ ဒါပေမဲ့ ကုမဏီမှာလည်း အလုပ်ကများတော့ ကျမတို့မှာ နှစ်ယောက်သီးသန့်တွေ့ဖို့ အချိန်တောင် သိပ္မရပါဘူး
အလုပ္မ်ားတာက ကောင်းပါတယ် ၊ ဒါပေမဲ့ ကိုယ့်အတွက်လည်း ကိုယ်ကြည့်ကြဦး။ မိန်းကလေးတစ်ယောက် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်လွန်းနေတာတွေ နည်းနည်းလျှော့ဦး။ ချူက သီးခြားနေတတ်ပေမဲ့ သမီးက ဒီလောက်လှတာ၊ သူ အနှေးနဲ့အမြန် သမီးကို သေဘာက်လာမွာပဲ မစ္စက်ချင်းက အကြံပေးနေ၏။
က်မ နားလည်ပါပြီ၊ က်မကို စဉ်းစားပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်.. မစ္စက်ချင်း
ဖုန်းချလိုက်ပြီးတော့ ကျန်းလင်ယွဲ့ ခတ္တမျှ စဉ်းစားလိုက်ပြီး ၊ ချင်းချူ ထံ ဖုန်းလှမ်းဆက်လိုက်သည်။
-
ချင်းချူနဲ့ ဟော်မြန် အိမ်ရောက်ကာစမှာပဲ ၊ သူက ဖုန်းခေါ်သူကို ကြည့်လိုက်တော့ ဒါက မသိတဲ့ နံပါတ်ဖြစ်နေသည်။
ဟယ္လို
ဟိုင်း .. ဥက္ကဌချင်း .. က်မ ကျန်းလင်ယွဲ့ပါ
ဘာမ်ားလဲ CEO ချင်းက သူ့ ဂ်တ္ကတ္ကို ချွတ်ရင်း ပုံမှန်လိုပဲ ပြောလိုက်သည်။
မစ္စက်ချင်းက အခုလေးတင် က်မဆီ ဖုန်းဆက်ပြောပါတယ်။ သူ ဥက္ကဌရဲ့ ကားထဲမွာ မိန်းမတစ်ယောက် မြင်ခဲ့လို့တဲ့ ၊ ဒါနဲ့ က်မက တိုင်ပေက ဧည့်သည်ပါလို့ ပြောလိုက်တယ်
အိုကေ ကျန်းလင်ယွဲ့ ပြောလို့မပြီးခင်မှာပဲ ချင်းချူ ဖုန်းချလိုက်သည်။
ကျန်းလင်ယွဲ့တစ်ယောက် သူ့နှုတ်ခမ်းတွေကို ပြန်ကိုက်ထားမိသည်၊ မိမိကို တစ်ခါပြီး တစ်ခါ ငြင်းပယ်ခံနေရတာတွေကြောင့် မိမိ နည်းနည်းမှ မပျော်ရွှင်မိပေ။
-
ချင်းချူ ဆိုဖာပေါ်ထိုင်ကာ သတင်းကြည့်တော့မည့်ဆဲဆဲ ၊ အပေါ်ထပ်မှ အော်သံ ကြားလိုက်ရသည်။
အား ..
ဟော်မြန် အော်သံ ကြားလိုက်ရသည်နှင့် ချင်းချူ ချက်ချင်းပဲ အပေါ်ထပ် ပြေးတက်သွားမိသည်။
-
အခန်း ( ၂၄၁ )
AWKWARD
မြန် .. ဘာဖြစ်လို့လဲ ချင်းချူက ရေချိုးခန်းတံခါးကို အလောတကြီး ခေါက်လိုက်သည်။
က်မ .. က်မ .. ဟော်မြန် ပြောဖို့ ရှက်ရွံ့နေလေသည်။
ဘာဖြစ်တာလဲ ချင်းချူကဖြင့် စိတ်ပူလို့ သေတော့မည်။
ချင်းချူ .. အာ .. က်မ ရဲ့ ဓမ္မတာလာချိန် စောနေလို့ ဟော်မြန် ငိုတောင် ငိုချင်မိသည်၊ ဒါပေမဲ့ ဒီလိုလုပ်လို့ မဖြစ်သေး။
မိမိရဲ့ ဓမ္မတာက အမြဲလိုပင် အချိန်မှန်သည်၊ မိမိ ထင်ထားတာက ဒါ နောက်လေးရက်လောက်နေမှ စလိမ့်မည်ဟု။ ဒါပေမဲ့ ရုတ်တရက်ကြီး ရောက်လာတော့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတာပင်။
ဒါဆို .. ကိုယ် ဘာလုပ်ပေးရမှာလဲ ချင်းချူလည်း ဘာလုပ်ရမယ်မှန်းမသိ။
မိန်းမတစ်ယောက်ရဲ့ လစဉ်ပုံမှန် ဖြစ်စဉ်က ယောက်ျားတစ်ယောက်အတွက် ဘာမွ ကူညီပေးနိုင်စရာမရှိ။
ဟိုဒင်း ... က်မ .. အိမ်မှာ အဲ့ဒါ မကျန်တော့ဘူးထင်တယ်။ အဲ့တာ ကျမအတွက် နည်းနည်း သွားဝယ်ပေးနိုင်မလား ဟော်မြန် ရေချိုးခန်းထဲကပင် မထွက်နိုင်၊ ဒီတော့ အထဲမွာပဲ ပုန်းနေရတော့သည်ပေါ့။
အိုကေ ချင်းချူက မျက်နှာပူပူနဲ့ စကားတစ်ခွန်းပဲ ပြောလိုက်ပြီး၊ အောက်ထပ် ပြန်ဆင်းသွားတော့သည်။
ငါးမိနစ်လောက်ကြာတော့ ၊ ဟော်မြန် ဖုန်းမြည်လာသည်။
ဟယ္လို
ဘယ်တံဆိပ်လိုချင်တာလဲ ချင်းချူက အသေချာကြီး အလေးအနက်ထားပြီး မေးနေတာဖြစ်သည်။
အာ.. ဘယ်ဟာဖြစ်ဖြစ်
အရှည်ကရော
အာ .. ၃၈ စင်တီမီတာထက် ပိုရှည်တဲ့ဟာ
နေ့အတွက်လား၊ ညသုံးဖို့လား
အဟမ်း .. တစ်ထုပ်စီလောက်ဆို ရပါတယ်
ဟုတ်ပြီလေ ချင်းချူ ဖုန်းချသွားသည်။
ဟော်မြန် ကေတာ့ ဒီလိုမျက်နှာပူစရာ စကားမျိုးတွေ ချင်းချူနဲ့ ပြောနေရတာကိုက စိတ်ညစ်နေတာပင်။
ယောက်ျားလေးတွေက ဒါတွေအကုန် နားလည်နေမှာတော့ မဟုတ် ၊ ဒါပေမဲ့ ချင်းချူကို အပြစ်တင်လို့ မဖြစ် ၊ ဒါက သူ့အတွက် ဒီလိုပစ္စည်းမျိုး ပထမဆုံး ထွက်ဝယ်ရဖူးတာ ဖြစ်နိုင်သည်ကိုး။
အဲ့ဒီမွာ တံဆိပ်တွေကတင်ပဲ အများကြီး ရှိနေတာ မဟုတ်။ အရှည်အတိုကလည်း အများကြီးပင် ၊ နေ့နဲ့ည မတူတာတွေ တစ္ခုစီ၊ အသားကလည်း ဝါဂွမ်း၊ ပိုးသား၊ ဇာကွက် အစရှိသဖြင့် အမျိုးမျိုး အဖုံဖုံ. ။ ဒါတွေက အရမ်း ရှုပ်ထွေးပြီး ၊ အချက်အလက်တွေလည်း များသေးသည်။
ငါးမိနစ်လောက် ကြာတော့ ချင်းချူ ပြန်ရောက်လာသည်။
ရေချိုးခန်း အပြင်ဘက်မှ နေပြီး အမျိုးသမီးသုံး ပစ္စည်းတွေ အိတ်လိုက်ကြီး လှမ်းပေးလာတော့ ဟော်မြန် လန့်တောင်လန့်မိသည်။ အထဲမွာ အထုပ်ပေါင်း နှစ်ဆယ်ကျော်လောက် ရှိမည်
ဘာလို့ အဲ့လောက်အများကြီး ဝယ္လာတာလဲ ဟော်မြန် ဘာဆက်ပြောရမှန်းပင်မသိတော့။
နောက်တစ်ခါ သုံးဖို့ သိမ်းထားလို့ ရတာပေါ့
အာ .. ရှင်က တကယ်ပဲ မိုးမရွာခင် ဘယ္လို ကြိုပြင်ဆင်ရမလဲ သိတတ္တာပဲ
ဆယ်မိနစ်လောက် ကြာပြီးမှ ဟော်မြန် အပြင်ကို ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်။
ချင်းချူက ကော်ဖီစားပွဲငယ်ပေါ်က ပန်းကန်လုံး တစ္ခုကို ထိုးပြသည်။ အဲ့ဒါ သောက်လိုက်
ဘာကြီးလဲ ဟော်မြန် ကြောင်သွားသည်။
အဆိပ်
အဲ့ဒါ သကြားညိုကို ရေဖျော်ထားတာ မဟုတ္လား ဟော်မြန် က အရောင်ကို ကြည့်ပြီး ခန့်မှန်းလိုက်သည်။
မင်း သိနေသေးရင် ဘာလို့ မေးနေသေးလဲ
ရှင်က ဘယ်လိုလုပ် သကြားညိုဖျော်သောက်ရမယ်ဆိုတာ သိနေတာလဲ။ ဗဟုသုတ များလှချည်လား ဟော်မြန်က ချင်းချူကို ကြည့်ပြီး ပြုံးနေသည်။
ကိုယ့် ဖုန်းထဲမှာ ရှာလိုက်တာပဲလေ၊ ဒီလိုအချိန်မျိုးမှာ ဒါက ကောင်းတယ်တဲ့
ဟုတ်ပါပြီ၊ မစ္စတာချင်း .. စဉ်းစားပေးတတ်လွန်းလို့ ကျေးဇူးတင်ပါတယ်။ ရှင်က က်မရဲ့ Whisper လောက်ကို စဉ်းစားပေးနိုင်တာပဲ ( E TL note: မွာ ပြောထားတာက tampon တံဆိပ္တစ္ခုရဲ့ နာမည်ပါတဲ့)
ချင်းချူ က မျက်ခုံးနည်းနည်း တွန့်ကွေးသွားသည်။
Whisper ?
ဘာမွ မဟုတ်ပါဘူး။ ဟော်မြန်က ဘာမွ ထပ်ပြောမနေတော့ဘဲ ၊ ပန်းကန်လုံးကို ကိုင်ပြီးသာ သကြားညိုဖျော်ရည်ကို အကုန်ကုန်အောင် မော့သောက်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါက မိမိရဲ့လူကြီး ပြင်ပေးထားတာပဲလေ။
အဲ့ဒီည အိပ်ရာဝင်ချိန်မှာတော့ .. ဟော်မြန်က ချင်းချူကို ကြည့်လာပြီး တွန့်ဆုတ် တွန့်ဆုတ်ဖြင့် က်မ ရဲ့ ဓမ္မတာရက်ဆိုတော့ ၊ ရှင့်အိပ်ရာမှာပဲ ပြန်အိပ်ပေးပါလား။ ဒီမွာ ကျမတို့ အိပ်ဖို့က သိပ်အဆင်မပြေဘူးလေ
မင်း ပြောတာက တကယ်လို့ မင်းရဲ့ရက် မဟုတ်ဘူးဆိုရင်တော့ ကိုယ်လုပ်ချင်တာ လုပ်လို့ ရတယ်ပေါ့
.. .
အိပ်တော့ .. အဲ့ဒါကို စိတ်ပူမနေနဲ့ ဟော်မြန် ဘာမွ ထပ်မပြောနိုင်ခင် ချင်းချူက အိပ်ရာပေါ် ဝင်လှဲလိုက်သည်။
အရင်ရက်တွေတုန်းကတော့ ဒီလိုရက်ဆို ညဆိုင်းယူကာ အလုပ်ဆင်းခြင်းဖြင့် သူ့ကို ရှောင်လိုက်လို့ ရခဲ့သည်။ အခုက သည်လိုရက်မျိုးမှာ ချင်းချူနဲ့ အတူအိပ်ရတာ ပထမဆုံး အကြိမ်မို့ နည်းနည်းတော့ ထူးဆန်းသလို ခံစားနေရလေသည်။
ဟော်မြန် လှဲချလိုက်စဉ်မှာပဲ ခါးနားက ကိုက္လာတာကို ခံစားလိုက်ရသည်။ သူ့ရဲ့ ပထမနေ့တိုင်းမှာ ဒီလို ဖြစ်တတ်မြဲပင်။ ဒါကြောင့် ဒီလို ပထမနေ့တိုင်းပင် သူဘယ်တုန်းကမှ ကောင်းကောင်း အိပ္မေပ်္ခာဲ့၊ ဘာကြောင့်ဆိုတော့ နည်းနည်းတောင်မှ မလှုပ်ရှားရဲလို့ပဲ ဖြစ်သည်။
ရုတ်တရက်ကြီး ပူနွေးတဲ့ လက္တစ္ဖက္က မိမိ ဗိုက်ပေါ် ဖိလာသည်။ လန့်သွားမိပြီး
ရှင် ..
သူတို့က ပြောတယ် - ဒီလိုလုပ်ပေးရင် နာကျင်တာ သက်သာနိုင်တယ်တဲ့ ချင်းချူ က ပြောပြီးသည်နှင့် ဗိုက်နားတစ်ဝိုက်ကို ညင်ညင်သာသာလေး ပွတ်ပေးနေသည်။
ဟော်မြန် ဘာပြန်ဖြေရမှန်းပင် မသိတော့ .. ရှင် ဒါကိုလည်း အင်တာနက်ထဲကပဲ ရွာလာတာလား
အင်း
မောင် ရယ် .. ကျမတို့ နောင်အနာဂတ်အတွက် နည်းနည်းလောက်များ ဆွေးနွေးလို့ ရမလား
အင်း
အဲ့လို သာမာန်ကိစ္စလေးတွေကို အင်တာနက်မှာတော့ လိုက်မရှာပါနဲ့လား။ က်မက လစဉ်ကိစ္စဖြစ်ရုံလေးပါ၊ ကိုယ်ဝန်ဆောင်နေတာ မဟုတ်ဘူးလေ။ က်မ အဲ့လောက်ကြီး အကူညီလိုနေတာ မဟုတ်ဘူးလေ။
တကယ္ကေတာ့ ချင်းချူ ဒီလိုကိစ္စတွေ ရွာတာ ဘာမွ ပြဿ နာ မရှိပေ။ ဒါပေမဲ့ သူ့ ဗိုက္က အရမ်း အထိမခံနိုင်တာကြောင့်ပင်၊ သူ့လက်ကြီးနဲ့ အဲ့နားမွာ ဖိထားနေတော့ ဘယ္လို နေရတော့မှာလဲ။
နောက်တော့ တစ်ကိုယ်လုံး နေရသက်သာလာသည်။
ချင်းချူက သက်ပြင်းချလိုက်သေးသည်။ အင်တာနက်ထဲမှာ ပြောတာ မှန်တယ်
အဲ့ဒါ ဘာကို ဆိုလိုတာလဲ ဟော်မြန် သိချင်စိတ်ဖြင့် ချင်းချူဘက်လှည့်ကြည့်မိသည်။
တစ္လမွာ ၇ ရက်လောက် သွေးဆင်းနေတတ်တဲ့ ဇီဝဗေဒဖြစ်စဉ်ကို အဖြေရှာဖို့ မကြိုးစားပါနဲ့တဲ့။ ဘာကြောင့်လဲဆိုတော့ မိန်းမတွေကိုက စကြဝဠာကြီးထဲမှာ အထူးဆန်းဆုံး တည်ရှိမှု ဖြစ်နေလို့ပါတဲ့
ဟော်မြန် နောက်တစ်ခါ ရှော့ခ် ရသွားပြန်သည်။
သူ အိမ္က အင်တာနက်ကို အခုပဲ ဖြတ်တောက်ပစ်ချင်စိတ်ပင် ပေါက်လာမိသည်။ မိမိရဲ့ အခြေခံ သဘာဝကိစ္စတွေကိုတောင် ချင်းချူကို အင်တာနက်မှာ ရှာဖွေခွင့် ပြုနေတာက မိမိကို စိတ်ဖိစီးအောင် လုပ်နေသလိုပင်။
-
နောက်တစ်နေ့မနက် တောင်ဘက်ပိုင်းစင်တာ မွာ ဟော်မြန် တာဝန်ကျချိန်အတွင်းမှာ ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
သူကလည်း ဟော်မြန်ကို မြင်တော့ ကြောင်အသွားလေသည်။
ဝေ့တုန်း ဟော်မြန်လည်း အံ့သြသွားသည်။
-
အခန်း ( ၂၄၂ )
Unplanned Encounter
ဟော်မြန် နင်ဘာလို့ ဒီမွာ ရောက်နေတာလဲ
ငါ ဒီကို ပြောင်းလာရတာ ကြာပြီ။ ငါ ပထမဆေးရုံမှာ မလုပ်ရတော့ဘူး။ နင်ကရော ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ
ငါ့အေဖ အရက်တွေ အသောက်များတာကြောင့် ဦးနှောက်သွေးကြောပိတ်လို့ဟ ။ သူက ဆေးရုံအတော်ကြာကြာ တက်ခဲ့ရပြီးပြီ။ အခုတော့ သူက ဒီမွာ နေချင်လို့တဲ့လေ။ သူများတွေပြောတာ ဒီနေရာက ပြန်ထူထောင်ရေးအတွက် ကောင်းတယ်တဲ့
အင်း.. အဲ့ဒါ ဟုတ်တယ်။ ဒီမွာက အစားအသောက်ရော၊ ကုထုံးရော သေသေချာချာ ဂရုစိုက်ပေးကြတယ်။ အများအားဖြင့်တော့ ကောင်းတာပေါ့လေ။ ဒီမွာက အထူးကုတွေလည်း ရှိတယ်ဆိုတော့ ၊ ဘာပဲဖြစ်ဖြစ် အိမ်မှာထက်တော့ သေချာပေါက် ပိုကောင်းတာပေါ့။
အင်း .. ဒါပေမဲ့ ဦးနှောက်အာရုံကြော ဌာနမွာ အခန်း မရှိတော့ဘူးတဲ့ ဝေ့တုန်းက ရှက်နိုးနိုးဖြင့် ခေါင်းကုတ်နေသည်။
အရင်တုန်းက သူ ဟော်မြန်ကို ငွေချေးဖို့ ပျက်သွားကတည်းက သူ့ကိုယ်သူ ယောက်ျားတစ်ယောက် မဟုတ်တော့ ဟု စဉ်းစားထားတာ ဖြစ်သည်။ မိမိ ကတိအတိုင်း မလုပ်ပေးနိုင်ခဲ့သည်မို့ ရှက်စရာကောင်းသည်ဟုလည်း သူခံစားနေခဲ့ရသည်။ ထို့ကြောင့်ပင် WeChat Group ထဲမှာလည်း စကားဝင်မပြောတော့။ ချင်းချူနဲ့ ဟော်မြန်တို့ အုပ္စုထဲက ထွက်သွားတော့မှပင်၊ သူလည်း နေရတာ သက်သာသွားခဲ့ရသည်။
ဒါပေမဲ့ ကျူလင်းလင်းက ဒါတွေ အကုန်သိနေသည်မို့ တခါတခါ မိမိကို လာလှောင်ပြောင် ရယ်မောလေ့ရှိသည်။
သူ သတင်းတွေမှာ ဟော်မြန်ကို မြင်တွေ့မိသော်လည်း ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ခဲ့မိ။ နောက်ပြီး ချင်းချူက ဘေးနားမှာ ရှိနေမှတော့ ဟော်မြန် ဘာမွ ဖြစ်မှာ မဟုတ် ဆိုသည်ကိုလည်း သူသိနေသည်လေ။
ဒါက အမှန်တရားပင်၊ ဟော်မြန်ရဲ့ လမ်းမှာ ရှိနေသည့် အခက်အခဲကျည်ဆန်တိုင်းကို သူက ရှောင်လွဲပေးနိုင်နေတာကိုပင် ချင်းချူကို ကျေးဇူးတင်ရပေမည်။
အော် .. ငါသိပြီ၊ ဒီနားမွာ ခဏစောင့်ဦး၊ ငါ မေးကြည့်လိုက်ဦးမယ် ဟော်မြန်က ပြောပြီးတာနဲ့ တာဝန်ကျနေရာကို သြားကာ သူနာပြုခေါင်းဆောင်ဆီ ရုံးတွင်းဖုန်းမှ ဆက်လိုက်သည်။
သူနာပြုခေါင်းဆောင် ပြောသည်က ဦးနှောက်အာရုံကြောဌာနမှာ အခန်းများက ရှိနေသည်၊ သို့ပေမဲ့ အဲ့ဒါက လူနာရဲ့ အနေအထားနဲ့ အဆင့်အတန်းပေါ် မူတည်သည် ဟူ၏။ ဆေးရုံက (အခန်းလွတ်မရှိတော့ပါ) ဆိုသည့် ဆင်ခြေဖြင့် နောက်ခံအင်အားမရှိသည့် လူတွေကို ငြင်းလွှတ်တတ်သည်က ပုံမှန်ပဲ ဖြစ်သည်။
သူနာပြုခေါင်းဆောင်၊ က်မကို ကူညီပေးလို့ ရမလား။ ဒါက ကျမတို့ ကျောင်းက သူငယ်ချင်းရဲ့အဖေ မို့ပါ။ သူက ဦးနှောက်သွေးကြောပိတ်တာမျိုး ဖြစ်ခဲ့တာ။ သူ ပြန်ကျန်းမာအောင် ဒီမွာ နေချင်တယ်တဲ့လေ။ ဒါက သူ့လို လူကြီး တစ်ယောက်အတွက် အခက်တွေ့နေတာမို့ပါ
ဟုတ်ပြီလေ .. မင်းအတွက် ဦးနှောက်အာရုံကြော ဌာနဘက္ကို ဖုန်းဆက်ပေးထားလိုက်မယ်
ကံကောင်းထောက်မ၍ သူနာပြု ခေါင်းဆောင်က ကြင်နာတတ်သူ တစ်ဦး ဖြစ်နေသည်မို့ ၊ သိပ်မကြာခင်မှာပဲ သူက ဟော်မြန့်ကို ဖုန်းပြန်ဆက်လာပြီး၊ အခန်း ရျပီ ဖြစ်ကြောင်း ပြောလာသည်။
ဝေ့တုန်း .. အခန်း ၉ ကို ရအောင် ငါ ပြောပေးထားတယ်။ အဲ့ဒီကို နင့်အဖေကို ခေါ်သွားလို့ရပြီ
တကယ္လား ? ကျေးဇူးတင်ပါတယ် ဟော်မြန်ရယ်
မလိုပါဘူးဟာ .. သွားတော့၊ သူ့အခြေအနေက စိုးရိမ်ရတယ်၊ နင်လိုအပ်တာ ရှိရင်တော့ ငါ့ကိုခေါ်လေ ၊ ငါ ဒီ အရိုးဆောင်မှာပဲ ရှိမယ်
အိုကေ
ဟော်မြန်က မိမိအေဖကို အခန်းရအောင် ကူညီပေးသည်မို့ ကျေးဇူးတင်မိသည်၊ ဒါပေမဲ့ တချိန်တည်းမှာပဲ သူ့ကို မျက်နှာချင်းဆိုင်ဖို့လည်း ပိုရှက်ရွံ့မိသွားလေသည်။
နေ့ခင်းဘက်မှာတော့ ဟော်မြန် နေ့လည်စာအတွက် ဝန်ထမ်းသက်သာဆိုင်ကို မသွားခင်၊ သူ လူနာမ်ား၏ အချက်အလက်များ ဖတ်နေတုန်းမှာ ဝေ့တုန်းက စားစရာများကိုင်ကာ လျှောက်လာသည်။
ငါ နင့်အတွက် နေ့လည်စာ ဝယ်ခဲ့တယ်
နင် အဲ့လို လုပ်ပေးစရာ မလိုပါဘူးဟယ် ဟော်မြန်က ခေါင်းမော့ကြည့်လာပြီး ပြုံးပြသည်။
ငါ လုပ်ပေးရမှာပေါ့ဟ .. နောက်ပြီး ဒါတွေက ဈေးမကြီးပါဘူး။ အရင် အထက်တန်းကျောင်းတုန်းက နင် dim sum ကြိုက်တာ ငါ မှတ်မိသေးတယ်။ ဒါကြောင့်မို့ ငါ့အဖေအတွက် နေ့လည်စာ ထွက်ဝယ်ရင်း နင့်အတွက်ပါ ဝယ်ပေးလာတာ
ကျေးဇူးပဲ ဟော်မြန်က ပြုံးပြကာ ဗူးကို ယူလိုက်သည်။
ဟော်မြန် အရင်တုန်းက ဖြစ်ခဲ့တာတွေအတွက် ငါ တကယ် တောင်းပန်ပါတယ်။
အရင်တုန်းက .. အော် .. ရပါတယ်။ အဲ့ဒါတွေက အတိတ်မှာကျန်ခဲ့ပြီ။ နင် တောင်းပန်ဖို့ မလိုပါဘူး။ ဒါက ဘာမွ မဟုတ်တော့ဘူးလေ
တကယ်လည်း ဟော်မြန်က ဝေ့တုန်းကို ဘယ်တုန်းကမှ မမုန်းခဲ့။ ဝေ့တုန်း ငွေမချေးပေးနိုင်ခဲ့သည့်အတွက်ပင် ကံကောင်းသည်ဟု ကျေးဇူးတင်ရဦးမည်။ သူ့ကြောင့်သာ မဟုတ်ရင် မိမိသည်လည်း ချင်းချူနဲ့ ပေါင်းဖက်ရမှာမဟုတ် ၊ နောက်ဆုံးတော့ ဝေ့တုန်းကပင် မိမိတို့ ပြန်ဆုံဆည်းဖို့ ကူညီပေးသလို ဖြစ်ခဲ့ရသည်ပဲ။
ဒါပေမဲ့ နင့်အပေါ်ထားတဲ့ ငါ့ခံစားချက်တွေက တကယ်ဆိုတာတော့ ငါပြောနိုင်ပါတယ်။ ငါက ငါ့ရဲ့ နတ္ဖုရားမေလးကို လက်ထပ်နိုင်ရလောက်အောင် ကံမကောင်းပေမဲ့ပေါ့လေ။ ဝေ့တုန်း နောင်တတော့ ရနေမိသည်။
တကယ်လို့ မိမိရဲ့ ပြိုင်ဘက်က ချင်းချူသာ မဟုတ်လျှင် ၊ ဒါမှမဟုတ် ချင်းချူသာ အဲ့လောက် အာဏာမရှိနေဘူးဆိုလျှင် ၊ သူက ပြန်မတိုက်ခိုက်ဘဲ သူမေလးကို လက်လွှတ်ပေးခဲ့မည် မဟုတ်ပေ။
နတ္ဖုရားမ ? အဲ့လိုကြီး မပြောစမ်းပါနဲ့ဟာ ၊ ငါက သာမာန်သူနာပြုလေးပါ
အဲ့ဒီအချိန်မှာပဲ ဝေ့တုန်းရဲ့ ဖုန်းက မြည်လာသည်မို့ ဟော်မြန်ကို နှုတ်ဆက်ပြီး ဖုန်းပြောကာ ပြန်ထွက်သွားတော့သည်။
ဟော်မြန်လည်း ဗူးကို ဖွင့်ကာ dim sum ကို စားချင်စိတ်အပြည့်ဖြင့် တစ်လုတ်စားလိုက်သည်။
မင်းက သိပ်လည်း မလွေနပါဘူး ၊ ဒါပေမဲ့ မင်းမှာ ယောက်ျားတွေကို ချုပ်တဲ့ နည်းလမ်းတော့ ရှိပုံရတယ် အကြောင်းတိုက်ဆိုင်စွာ ဆုယြီက ခုနက ဖြစ်ပျက်နေတာကို မြင်သွားသည်။
သူတို့ ပြောနေခဲ့တဲ့ စကားတွေကို မကြားနိုင်ခဲ့သော်လည်း ၊ အဲ့ဒီလူက ဟော်မြန်ကို စားစရာ တစ္ခုခု ပေးလိုက်ပြီး ၊ ဟော်မြန်ကလည်း ထိုလူကို ပြန်ပြုံးပြနေတာတော့ မြင်မိသည်။ ဒါက တကယ်တော့ မိမိကို နည်းနည်း မနာလို ဖြစ်စေတာပင်..
ဟော်မြန်က ခေါင်းမော့ကာ ဆုယြီကို ပြန်ကြည့်လိုက်ပြီး ၊ မေခ်မငံ ပြန်ပြောလိုက်သည်။
ရှင့်ကိုယ်ရှင် မြင်းမွေးတဲ့နေရာက လာတယ္မ်ား ထင်နေတာလား။ ဒါကြောင့်မို့ နည်းနည်းမှ အရှက်မရှိဘဲ သူမ်ားကို လိုက်ဝေဖန်ခွင့် ရှိတယ်လို့ ထင်နေတာ ဖြစ်ရမယ်
ကောင်မစုတ်လေး .. မင်းငါ့ကို ဘယ္လို ပြောလိုက်တယ် .. ဆုယြီ ဒေါသထွက်သွားတော့သည်။
-
ESTÁS LEYENDO
အချစ်စတင်ခဲ့ရာ( Volume two)
RomanceSynopsis လွန်ခဲ့သော ခုနှစ်နှစ်က၊ သူတို့ လမ်းခွဲခဲ့ကြပြီးနောက်မှာ သဲလွန်စတောင် မချန်ဘဲ ပျောက်ဆုံးသွားခဲ့တဲ့ သူက အခုတော့၊ သူမရဲ့ မင်္ဂလာပွဲအကြို မတိုင်ခင်မှာ ပြန်ပေါ်လာခဲ့ပြီး၊ ဖိအားပေးခဲ့တာက သူ့ကို လက်ထပ်ရမယ်တဲ့လေ။ လက်ထပ်မှတ်ပုံတင်တစ်ခုနဲ့ ချည်နှောင်ြ...