481 to 500 (z+u)

2K 127 5
                                    

Chapter  481 : Such A Flashy Lifestyle (1)

WeChat မုန့်ဖိုးငွေမှာ ပို့ထားတာက (ကောင်မလေး ပျော်စရာကြိုတင်မွေးနေ့ပါနော်)

သည်လို ကြိုတင်ပို့လာတဲ့သူက ကျူလင်းလင်းက လွဲပြီး ဘယ်သူများ ဖြစ်နိုင်ဦးမှာလဲ..

WeChat မုန့်ဖိုးငွေ အစီအစဉ်က တစ်ခါကို ယွမ် ၂၀၀ သာ လွှဲနိုင်သည်။ ဒီတော့ မြန် ကြည့်လိုက်ချိန်မှာ စစချင်းတော့ ကျူလင်းလင်းက မိမိကို ယွမ် ၂၀၀ သာ ပေးပို့ထားသည့်အတွက် အချစ်ဆုံး သူငယ်ချင်းဖြစ်ပြီး ဒီလောက်ကပ်စေးနှဲရသလားလို့ အပြစ်တင်ချင်မိသည်၊ နောက်တော့ တစ်စောင်ပြီး တစ်စောင် ထပ်ဝင်လာ၏။

သူ ပို့ထားတာ စုစုပေါင်း ၁၀ စောင်ဆိုတော့ ယွမ် ၂၀၀၀ ရှိသည်ပေါ့။

(နင် ဘယ်လိုထင်လဲ၊ ငါက သူငယ်ချင်းကောင်းလေး တစ်ယောက် ဟုတ်လား၊ မဟုတ်ဘူးလား) ကျူလင်းလင်းက ဟော်မြန်ကို WeChat message တစ်စောင် ပို့လာသည်။

( ဟေ့.. ရှင်က ဒီအတိုင်း ငွေတိုက်ရိုက် လွှဲလိုက်လို့ မရဘူးလား၊ ငါ့ကို မုန့်ဖိုးပိုက်ဆံ ဆယ်ခါ ပို့နေတာက သက်သက် နှောက်ယှက်တာပဲ) ဟော်မြန်က မနှစ်မြို့သည့် အီမိုဂျိလေး ပါ တွဲပို့ပေးလိုက်၏။

( ကြည့်ပါလား.. နင်က တကယ် နားမလည်တတ်တာပဲ၊ ငွေလွှဲတယ်ဆိုတာက အရမ်းကို သာမာန်ဆန်လွန်းတယ်။ မုန့်ဖိုးငွေဆို ငါ နင့်ကို ဘယ်လောက် ဂရုစိုက်သလဲဆိုတာပါ ပြပြီးသား ဖြစ်သွားတာပေါ့။ နောက်ပြီး ငွေလက်ခံရလို့ နင့်လက်တွေပါ ညောင်းသွားမယ်လေ၊ ဒါမျိုးကို ငွေပေးပြီး သေအောင်ရိုက်တယ်လို့ ခေါ်ကြတယ် မလား။ ငါက အဲ့လို လုပ်လိုက်တာပဲ .. ဟား ဟား ဟား)

( နင်တော့ ပုံမှန် မဟုတ်တော့ဘူး။ ဒါပေမဲ့လည်း နင်က ငွေပေးပြီး ရိုက်မယ်ဆိုတော့လည်း ငါ က ချစ်တာပေါ့၊ .. လုပ်စမ်းပါ .. မုန်တိုင်းတိုက်လောက်အောင် ခပ်ပြင်းပြင်းလေး ရိုက်စမ်းပါ)

( သေလိုက်တော့ .. ငါ့မှာ တစ်လမှ ငွေဘယ်လောက်လေးပဲ ရလဲ နင် သိရဲ့လား။ နင်စားချင်တာ စားလောက်အောင်တောင် မရှာနိုင်ပါဘူး .. ဒေါ်ငွေအိတ်ကြီးရယ်။ တကယ်လို့ နင် ထပ်လိုချင်နေရင်တော့ မစ္စတာချင်း ကိုသာ စောင့်နေတော့။ ဟုတ်သားပဲ .. နင် ကောင်းရန်ဆီကလည်း ခြိမ်းခြောက်ပြီး တောင်းလို့ ရသေးတယ်လေ။)

Naabot mo na ang dulo ng mga na-publish na parte.

⏰ Huling update: Jul 07, 2020 ⏰

Idagdag ang kuwentong ito sa iyong Library para ma-notify tungkol sa mga bagong parte!

အချစ်စတင်ခဲ့ရာ( Volume two)Tahanan ng mga kuwento. Tumuklas ngayon