မုန်းရယ် ပြယ်ဖို့...
🌸pann
Part (1)
" ဟာ..ကိုကို့ "
" ..... "
" ကိုကို.. ကိုကို့.. "
"... "
ကိုကို့ဘေးမှာ ဆေးလုံးတွေ ပြန့်ကြဲနေပြီး စာရွက် တစ်ရွက်..
" မောင်.. ချယ် မရှိဘဲ လူ့လောကမှာ မနေချင်တော့ဘူး "
ဘေးပတ်လည်မှာ လည်း မိန်းမ တစ်ယောက် ရဲ့ ဓာတ်ပုံ အပြည့်.. ။
ယူကြည့်လိုက်တော့ ပြုံးနေတဲ့ မျက်နှာ..
ဓာတ်ပုံ နောက်ဘက်မှာ.. မောင် ချစ်ရတဲ့ ချယ်ရီခင်
တောက်..
ဒေါ်ချယ်ရီခင်.. ခင်ဗျား နဲ့ ကျူ ပ်နဲ့ တွေ့မယ်..
.
ခြောက်လကြာပြီးနောက်..
အိမ်ပြန်လာတော့ အိမ်ရှေ့ကနေ ကားနက်တစ်စီး ထွက်လာသည်..။
ဘယ်သူပါလိမ့်.. အဖေ့ ဧည့်သည် များလား
" မေရေ.. သမီး ပြန်လာပြီ "
" အော် သမီး ဒီနားလာဦး.. "
အမေက ခေါ်တော့ ချယ် အမေ့နား သွားလိုက်သည်..။
အဖေလည်း ရှိနေတာပဲ..
" အဖေလည်း ပြန်ရောက်နေတာ လား.."
" အေး သမီး.. ထိုင်ဦး "
အဖေနဲ့အမေ က အပြုံးပန်းတွေဆင်လို့..ဘာ အပျော်တွေများ ရှိနေကြပါလိမ့် ။
မိဘတွေ ဘာမှမပြောခင် ချယ် တောင် အပြုံးတွေ ကူးစက်လို့..
" သမီး.. "
" ရှင်..အဖေ "
" သမီးမှာ ချစ်သူ ရည်းစားများ ရှိသလား.."
ချယ်.. အပြုံး ယိုင်နဲ့သွားတာ အဖေတို့ မြင်လေမလား
ဟင့်အင်း မဖြစ်ရပါဘူး ။
ချယ် အလှပဆုံး ပြန်ပြုံးကာ..
" မရှိပါဘူး အဖေရဲ့.. ဘာဖြစ်လို့လဲ "
" အဖေ တို့ ဝမ်းသာစကား ပြောချင်လို့.. "
အမေကလည်း ချယ့်လက်ကို နွေးထွေးစွာ ဆုပ်ကိုင်ပြီး ပြုံးနေသည်..
YOU ARE READING
မုန်းရယ် ပြယ်ဖို့
Romance' ခင်ဗျားကို ရအောင် ယူဖို့ ခက်မယ် ထင်ခဲ့တာ.. ထင်သလောက် အား မသုံးရတော့ စိတ်ဝင်စားမှု က လျော့သွားတယ် ဒါပေမယ့် ကျူ ပ်က စိတ်ဝင်းစားဖို့ မကောင်းဘူးဆိုပြီး နောက်ဆုတ်သွားမယ့်ကောင် မဟုတ်ဘူး.. ဒါ ခင်ဗျား သိဖို့ ' . " မင်း ကို ငါက ဘယ်လိုလူပါဆိုပြီး လိုက်ရှင်ြး...