မုန်းရယ် ပြယ်ဖို့..
🌸pann
Part (6)
" ဒီဈေးလား.. "
" အေးလေ ဘာဖြစ်လို့လဲ "
" ကုန်တိုက် သွားဝယ်မယ်.. "
" မလိုပါဘူး.. လာစမ်းပါ "
ကားပေါ်ကနေ မဆင်းဘဲ ပေကပ်နေတဲ့သူ့ကို ကားထဲကနေ ဆွဲထုတ်ခေါ်ရသည်..။
" လာ.. "
ပေကပ်ကပ်ရပ်နေတာမို့ လက်ကနေ ဇွတ်အတင်းဆွဲခေါ်ရသည်..
သူလုပ်တာနဲ့ အချိန်နှောင့်နှေးနေတာ မလား..။
နှစ်ယောက်လုံး ကိုယ့်အလုပ်ကိုယ်စီကို သွားရဦးမယ်.. သူလုပ်ပုံနဲ့ နှစ်ယောက် လုံး နောက်ကျတော့မှာပဲ
" မင်း ဘာစားချင်လဲ.. "
" မသိဘူး "
လာပြန်ပြီလား..ဒီ မသိဘူး
ဘယ်ချိန်မေးမေး မသိဘူးချည်း ချနေတာ.. သိတာ ဘာရှိသေးလဲ မသိဘူး ။
" ပုဇွန် စားတယ် မလား.. "
" အမ်.. "
ပုဇွန်တုပ်ကြီး ခြောက်ကောင်လောက် ဝယ်လိုက်သည်..
" ခင်ဗျား.. ပိုက်ဆံ ပဲ သုံးနေတာလား "
အိမ်ထောင်ကျတာဖြင့် တစ်လ ပြည့်တော့မယ်.. ဘယ်တုန်းက ခင်ဗျားသုံးဖို့ငွေ ဆိုပြီး သပ်သပ် ထုတ်ပေးခဲ့လို့လဲ ။
အခုမှ ပိုက်ဆံ ကို လာမေးရတယ်လို့.. မေးဖော်ရတာကိုပဲ ကျေးဇူး တင်ရမလိုလို ။
" အင်း ဟုတ်တယ်.. "
" ကျွန်တော့် ပိုက်ဆံ ဘာလို့ ယူမသုံးတာလဲ.."
" မင်း ဘယ်တုန်းက ပေးလို့လဲ.. အမ ဂျူးဖူး ဘယ်လောက် လဲ "
သူ့ကို ပြန်ပြောရင်း ဂျူးဖူး တွေ့တော့ ဈေးမေးရသည်..။
" တစ်စည်း ရှစ်ရာ.."
" မလျှော့တော့ဘူးလား "
" အရင်းဈေးပဲ.. ကျွန်မတို့တောင် ဘယ်လောက် မှ မစားရဘူး "
" နည်းနည်း လျှော့ပါဦး.. "
" မရလို့ပါ အမရဲ့ .. ကျွန်မတို့ တကယ် မစားရတာပါ "
" ကဲပါ ထားပါတော့.. တစ်စည်း ယူမယ်နော် "
YOU ARE READING
မုန်းရယ် ပြယ်ဖို့
Romance' ခင်ဗျားကို ရအောင် ယူဖို့ ခက်မယ် ထင်ခဲ့တာ.. ထင်သလောက် အား မသုံးရတော့ စိတ်ဝင်စားမှု က လျော့သွားတယ် ဒါပေမယ့် ကျူ ပ်က စိတ်ဝင်းစားဖို့ မကောင်းဘူးဆိုပြီး နောက်ဆုတ်သွားမယ့်ကောင် မဟုတ်ဘူး.. ဒါ ခင်ဗျား သိဖို့ ' . " မင်း ကို ငါက ဘယ်လိုလူပါဆိုပြီး လိုက်ရှင်ြး...