Part (18)

548 42 3
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Part (18)

ချယ်.. ညက အိပ်မက် မက်တာ တွေးမိတော့ စိတ်လေး နွမ်းလျ ကျ သွားရသည်.. ။

အိပ်မက် သပ်သပ်ကြီးမှ မဟုတ်ခဲ့တာ.. အိပ်မက်လို့ပဲ ထင်ချင်ခဲ့မိတဲ့ အဖြစ်ပျက်လေး တစ်ခု ဖြစ်ခဲ့တာလေ..

အရိပ်ကြီးက လိုက်နေခဲ့တာပဲ.. မလိုက်ပါနဲ့တော့လို့ တားမြစ်သံ မကြားလို့လား အသံတိုးသဲ့ခဲ့တာလား ။

အဲ့ အိပ်မက်ဆိုးကြီးက ချယ့်အနောက်ကို လိုက်နေခဲ့တာ ဘယ်လောက်တောင် ကြာနေခဲ့ပြီလဲ..

ဒါပေမယ့် ရဲရင့်ညီ နဲ့ လက်ထပ်ပြီး အိပ်မက် က အရင်လို ဆက်တိုက် မမက်ဘဲ ရက်ခြား မက်နေခဲ့ပေမယ့် အခုရက်ပိုင်းတွင်း ဘာအိပ်မက်မှ မမက်ခဲ့ပါ.. မနေ့ညကမှ ပြန်မက်တာ

ဘာလို့ မက်တာလဲ.. ။

ညကပုံရိပ်လေးတွေ ရေးတေးတေးမြင်မိတော့ လန့်ထိတ်သွားရပြီ..

ရဲရင့်ညီ.. ရဲရင့်ညီ မြင်သွားပြီလား

ချယ် ချယ့်ဖြစ်သွားပုံကို.. ။

ချယ် စိုးထိတ်သွားရသည်..

မမေးပါစေနဲ့.. မမေးပါစေနဲ့ ချယ့်ကို သူ ဘာမှ မမေးပါစေနဲ့ ။

ချယ် မျက်နှာသစ်ရင်း ဝင်လာတဲ့ အတွေးဆိုးကြီးတစ်ခုကြောင့် မျက်လုံး မှာ စိုးထိတ်နေမိတာက မဖုံးနိုင် မဝှက်နိုင်..

" ဒေါက်.. ဒေါက် "

အမလေး..

ဖွဖွလေး တံခါးခေါက်တာ ဆိုပေမယ့် ချယ့် နားထဲ အကျယ်ကြီး မြည်ဟီးသွားပြီး လန့်တောင်လန့်သွားရသည်.. ။

" မ.. မပြီးသေးဘူးလား ဝင်တာ ကြာနေပြီနော်"

ရဲရင့်ညီ မ ကို စိုးရိမ်ပြီး ခေါ်မိသည်..

အရင်နေ့ကထပ် ဒီနေ့မှ ရေချိုးခန်းထဲ ဝင်တာ ကြာနေသလိုပါ.. ကိုယ်ပဲ စိတ်ထင်နေတာလား မပြောတတ်ပေမယ့် စိတ်ထဲ တစ်မျိုးကြီးမို့ ခေါ်မိလိုက်သည်.

" မ ရေ.. မ "

ကျွီ..

" ဘယ်လိုဖြစ်လို့ အဲ့လောက်တောင် အော်ခေါ်နေတာ လဲ.. "

မုန်းရယ် ပြယ်ဖို့Where stories live. Discover now