မုန်းရယ် ပြယ်ဖို့..
🌸pann
Part (16)
" မ ရေနွေးပူ ကပ်ဦးမလား.. "
ချယ် laptop ကြည့်ရင်း သူ့အမေးကြောင့် သူ့ကိုမော့ကြည့်လိုက်သည်.. ။
" ဘာလုပ်ဖို့လဲ "
" မ ဗိုက်ကပ်ဖို့လေ.. "
ဖြတ်ရိုက်လိုက်ပစ်ရ.. ပါးတစ်ခြမ်းစောင်းသွားတော့မယ် ။
နေ့တိုင်း နေ့တိုင်း ကပ်စရာမလိုပါဘူး.. ပထမဆုံး ရက်မို့ ဗိုက်အောင့်တာ အဆင်ပြေသွားပါပြီလေ
အခုဟာက တစ်ရက်လေး ရေနွေးကပ်မိပါရဲ့.. မေးမဆုံးပေါင် တောင်သုံးတောင် လုပ်နေတာလေ ။
ဘယ်နှရက်ရှိနေပြီလဲ.. ဒီဟာပဲ မေးနေတာ
လူတွေ့တာနဲ့ ရေနွေးယူမလားပဲ မေးနေတာ..
ပါးကောင်းလို့ လက်ဝါးတောင်းနေတာ နေမယ်.. ရိုက်ထည့်ပစ်လိုက်ရ ငါ့အလွန်ရှိတော့မှာပဲ ။
" မလိုဘူး ရတယ်.. "
" သက်သာသွားပြီ လား.. "
" ဘယ်နှရက်ရှိနေပြီလဲ.. ပြီးတောင် ပြီးလို့် နောက်တစ်လ အစပျိုးနေလောက်ပြီ ဒါပဲလာမေးနေတာ မလိုဘူး.. "
မပြောချင်ပါဘူး ဆိုမှ အကုန်လုံး မဖွယ်မဝှက် ပြောရအောင် ဒင်းက လုပ်နေတာလေ..။
မျက်နှာပူလိုက်တာနော်..
" ဟင်.. ဘာ ပြီးတာလဲ "
သေလိုက်ပါတော့လား..မီချယ်ရီ ရယ် ။
မပြောချင်လို့ ပြောချလိုက်ကာမှပဲ အကျယ်တဝင့် ဋီကာပတ်ကုံး ပြန်ဖြေရမလို ဖြစ်နေပြီ..
ဒဲ့ဒိုးပေါက် မပြောချင်လို့ ကဗျာဖွက်ပြောမှပဲ စကားပြေလေး လုပ်ပါအုံး.. ဆိုတာမျိုးနဲ့ တည့်တည့်တိုးနေပါ့လား ။
" လစဉ်လာသော ဓမ္မတာ ပြီးဆုံးခြင်း " ဟု တိုက်ရိုက်မပြောဘဲ " ပြီးသွားပြီ " ဟု သွယ်ဝိုက်ပြောခြင်းသည် ဝင်္ကဝုတ္တိ အလင်္ကာ မြောက်ပါသည်.. လို့သာ အလင်္ကာလေးနဲ့ ပြန်လည် စာဖွဲ့လိုက်ချင်ရဲ့.. ။
စကားပြေလောက်နဲ့တော့ တတ်မလာနဲ့..အလင်္ကာနဲ့ ပြောချလိုက်မှ မျက်လုံး ပြူးသွားဦးမယ်
YOU ARE READING
မုန်းရယ် ပြယ်ဖို့
Romance' ခင်ဗျားကို ရအောင် ယူဖို့ ခက်မယ် ထင်ခဲ့တာ.. ထင်သလောက် အား မသုံးရတော့ စိတ်ဝင်စားမှု က လျော့သွားတယ် ဒါပေမယ့် ကျူ ပ်က စိတ်ဝင်းစားဖို့ မကောင်းဘူးဆိုပြီး နောက်ဆုတ်သွားမယ့်ကောင် မဟုတ်ဘူး.. ဒါ ခင်ဗျား သိဖို့ ' . " မင်း ကို ငါက ဘယ်လိုလူပါဆိုပြီး လိုက်ရှင်ြး...