Part (12)

550 42 3
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Part (12)

ရဲရင့်ညီ ဆိုင်ကိုသွားပြီး မနေတတ်မထိုင်တတ် ဖြစ်ရပြီ.. ။

မနက်က အဒေါ်ပြောတာ ဒေါ်ချယ်ရီခင် မနက်စာ မစားသွားဘူးတဲ့.. ဘာကိစ္စ မစားသွားမှန်းကို မသိဘူး

မနက်က ပြောလိုက်တဲ့ စကားကြောင့် အားမပါတဲ့ ခနဲ့ပြုံး တစ်ခုတွေ့လိုက်တယ်.. ဘာလို့အဲ့လိုရယ်ရတာလဲ ဘာဖြစ်လို့လဲ ။

ဒေါ်ချယ်ရီခင် ပြုံးတဲ့အပြုံးတွေက အဓိပ္ပာယ် ဖွင့်ဖို့ နက်နဲတယ်.. မျက်ဝန်းတွေက တစ်ခါတစ်လေ အရမ်း ငြိမ်သက်နေတယ်

' ကိုကို့ ကို သတိရစေချင်လို့ ' လို့ ပြောမိတာ.. ဘာလို့ တန်း မျက်နှာပျက်သွားရတာလဲ ။

ကိုကို နဲ့ ခင်ဗျား ကြား ကျူ ပ်မသိတာ ဘာတွေများ ဖြစ်ခဲ့တာလဲ.. ဘာတွေများ ရှိခဲ့တာလဲ

ဒေါ်ချယ်ရီခင် မျက်ဝန်းမှာ ကိုကိုနဲ့ပတ်သက်လာရင် အရိုင်းဆန်လာသည်.. တုန်လှုပ်လာသည်.. တစ်ခါတလေ နာကြည်းနေသလို ပုံပေါ်တတ်သည် ။

ဘာလို့ ဒေါ်ချယ်ရီခင်က ကိုကို့ကို နာကြည်းရတာလဲ..

ဒါပေမယ့် ကိုကို ပြောတဲ့စကားတွေထဲမှာတော့ ဒေါ်ချယ်ရီခင် က ကိုကို့ခံစားချက်ကို ဟာသလုပ်တတ်တယ်.. ဟားတိုက်တယ်

မချစ်ဘဲ လှည့်စားတတ်တဲ့ မိန်းမယုတ်တဲ့.. ။

ဒေါ်ချယ်ရီခင် က ဘယ်လိုမိန်းမမှန်း ခန့်မှန်းရ ခက်တယ်.. ဒါပေမယ့် ညံ့တဲ့မိန်းမ တစ်ယောက် တော့ မဟုတ်ဘူး စကား တစ်ခါပြောရင် စည်းလွှတ်ဘောင်လွှတ် မပြောတတ်ဘူး..

ကိုကို ကရော.. ။

ဒီတစ်ခါ မေးခွန်းတော့ ကြောင်သွားရသည်..

ကိုကိုက ညီ့အပေါ်မှာ စကားပြောရင် စကားပြောကောင်းတယ်.. လူငယ်ပီပီ သွက်လက်တယ် အချစ် နဲ့ပတ်သက်လာရင် ပိုလို့တောင် နုပျို သေးတယ်.. ။

ညီ ကိုကို့ကို အားကျခဲ့ရတာလေ..

ကိုကို့ အတွက် လက်စားချေ ဖို့ ကြံဆရည်ရွယ်ထားပေမယ့် ဘာမှမလုပ်နိုင်သေး ။

မုန်းရယ် ပြယ်ဖို့Where stories live. Discover now