Part (24)

720 44 3
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Part (24)

" သား.. "

အသံကြားလို့ လှည့်ကြည့်တော့ အဖေနဲ့အမေ..။

ဟုတ်သားပဲ.. မနေ့ကတည်းက အကြောင်းကြားထားတာပဲ

" အဖေ..အမေ "

ညီ မတ်တပ်ရပ်ကာ မ ဘေးနားကနေ ဖယ်ပေးလိုက်သည်..

" သမီး.. သ သမီး "

အမေက မရဲ့မျက်နှာလေးက အသာကိုင်ပြီး ငိုနေသည်..

အဖေကလည်း အနောက်လှည့်နေပေမယ့် မျက်ရည် ကျနေမှန်း ခံစားမိသည် ။

" အေ..အေမ "

ညီ အနောက်ကနေ အမေ့ပခုံးလေးကို ကိုင်ပေးထားမိသည်..

ဘယ်လောက် ထိန်းထိန်း ကျွန်တော် အခုချိန်ထိ မျက်ရည်မကျဖို့ မတားနိုင်ပါ.. ။

မ သတိလစ်နေတာ ဒီနေ့နဲ့ဆို နှစ်ရက်ရှိနေပြီ..

ဘာလို့မထလာလည်း မပြောတတ်..

" သာ..သား ရယ် ဘယ်လိုဖြစ်တာလဲ "

အကြောင်းစုံကို အမြန်လမ်း နဲ့အရှင်းဆုံးလေး ပြောပြလိုက်ပေမယ့် မ ဘာကြောင့်ပြေးသွားမှန်း မပြောပြခဲ့ပါ..။

မ ရုတ်တရက် ထပြေးတဲ့ အကြောင်းရင်းက ကျွန်တော် တစ်ယောက် ထဲပဲ သိထားချင်တာမို့ပါ..မဟုတ်ရင် မ အသက်ပေး လျှို့ဝှက်ထားချင်တဲ့အရာ သာ လူတွေသိသွားမယ် ဆိုရင် မ အခြေနေ ပိုဆိုးသွားနိုင်သည်

ဒီဖြစ်ရပ်တစ်ရပ်လုံးကို ကျွန်တော် တစ်ယောက် ထဲပဲ သိထားလည်း ပြည့်စုံနေပြီလေ..

ဘာလို့ နောက်ထပ် လူတွေ သိဖို့ လိုအပ်နေဦးမှာလဲ.. လိုမှ မလိုအပ်တာ ။

အမေကလည်း အသာနားလေးထောင်လိုက်.. မျက်ရည် တစမ်းစမ်းလေးကျလိုက်..။

အဖေကလည်း စကားဝိုင်းထဲ မဝင်ပေမယ့် မျက်ရည် တော့ ကျနေတာပါလေ..

မ တွေ့လား...။

အားလုံး မ ကို မျှော်လင့်နေကြတာ..

မြန်မြန် နိုးထလာပါတော့ မရယ်..

မဟုတ်မှ အပြီးထွက်သွားဖို့ စဉ်းစားနေတာတော့ မဟုတ်ပါဘူး နော်..။

မုန်းရယ် ပြယ်ဖို့Where stories live. Discover now