Part (7)

569 46 1
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Part (7)

" ဟင်း.. "

အလုပ်လုပ်နေရင်း မျက်လုံး တွေက မှေးစင်းကျချင်လာသည်.. ။

နေရထိုင်ရတာလည်း မသွက်လက်.. လေးလံထိုင်းမှိုင်းနေသလိုရယ်ပါ

မနက်ကလည်း အိပ်ယာထတော့ မထချင်ဖြစ်နေတာ ကိုယ့်ကိုယ်ကို အတော်လေး နှိုးထူထရသည် ။

တစ်ကိုယ်လုံး နုံးချိချိနဲ့ နေရတာ မသက်သာလှ..အလုပ်ကို ဒီနေ့တစ်ရက် တော့ နားလိုက်ချင်ပေမယ့် မနားနိုင်ပြန်

နားလိုက်ရင် ဒီထပ် ပိုပြီး ညှင်းသိုးသိုး ဖြစ်တော့မှာလေ..။

ခေါင်းလည်း ထိုးကိုက်လာတာမို့ စောနက ဒီကိုဂျင် တစ်လုံး မော့သောက်ထားရသည်..

အလုပ်လုပ်ရတာ အခုလို နုံးနုံးချိချိ ဖြစ်နေတော့ စိတ်လည်းမပါသလို သွက်လည်းမသွက်လက်တော့ ။

အိမ်ပြန်ပြီး လှဲလျောင်းပစ်ချင်နေပြီ..

ဒါပေမယ့် ကိုယ်လုပ်ရမယ့် အလုပ်တွေက စီရီနေတော့ မဟန်တဲ့ကိုယ်ကို အတော် ထိန်းယူထားပြီး တနေ့တာကို ကြိုးစားဖြတ်သန်းနေရသည်.. ။

ဒီနေ့မှပဲ အလုပ်တွေက ပေါနေတာလား.. ကိုယ်ကပဲ လုပ်တာ နှေးလို့ ခရီးမပေါက်တာလား တော့ မပြောတတ်

အရင်နေ့ထက် အလုပ်တွေ ပိုများနေသလိုပင် ။

" MD နေမကောင်းဘူးလားဗျ.. "

" မဟုတ်ပါဘူး.. ဒီတိုင်း ခေါင်းကိုက်နေတာပါ "

လိမ်လိုက်ရသည်.. ဘာလို့ အမှန်တိုင်း မပြောချင်ဘူး ဆိုတာလည်း မပြောတတ် သလို သိလည်းမသိပါ ။

အခုချိန် တစ်နေရာရာမှာ တန်းထိုးအိပ်ပစ်လိုက်ချင်တဲ့စိတ်က တဖွားဖွား..

အားတင်းထား.. ချယ်​ရီ ။

နာရီ ကြည့်တော့ သုံးနာရီ ခွဲနေပြီ.. သိပ်မလိုတော့ ဘူး

" MD မျက်နှာ အရမ်းဖျော့နေလားလို့.. "

" အဟွန်း.. ထင်လို့ပါ သွား သွား အလုပ်သွားလုပ် ဒို့ ဘာမှမဖြစ်ဘူး "

မုန်းရယ် ပြယ်ဖို့Where stories live. Discover now