Part (25) Final

2K 78 10
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Final..

" ဟာ မ.. ဒါ ဘယ်သွားမှာလဲ "

" ငါ့ရုံး သွားမလို့.. "

ဟော.. လုပ်ပြီ လုပ်ပြီ ဒေါ်ချယ်ရီခင် တို့ကတော့ ။

နလန်လေး ထူကာစကို နားနားနေနေ နေမယ် မရှိဘူး..

" ရုံးသွားပြီး မက ဘာလုပ်မှာလဲ.. "

" ဟဲ့.. ရုံးသွားပါမယ်ဆိုမှတော့ အလုပ်လုပ်မလို့ပေါ့ အလုပ်မလုပ်ဘဲ ငါက သွားကနေရမှာလား "

" မ အလုပ်မလုပ်လည်း ထမင်းမငတ်ပါဘူး.."

" ထမင်း မငတ်မှာတော့ မင်းမပြောလည်း သိတယ်.. "

" ဒါများ ဘာလို့သွားနေဦးမှာလဲ.. အခုမှ ကျန်းမာရေး စကောင်းလို့ နလန်ထူနေတုန်းပဲ ရှိသေးတယ်.. နားနားနေနေ နေပါဦးလား "

" လှဲနေရတာ ဘယ်လောက် ကြာနေပြီလဲ..ပျင်းစရာ ကောင်းလွန်းလို့ မနေချင်ဘူး "

" လှဲအိပ်လို့ ပျင်းတယ် ဆိုလည်း ထိုင်နေပေါ့.."

" ဘာထူးလဲ.. ငြိမ်ငြိမ်နေနေရတာကို ပျင်းပါတယ် ဆိုမှ "

" အလုပ်သွားတော့ ပျော်ရောလား.. "

ဘယ်လို ကောင်မှန်းကို မသိဘူး.. ။

ဘုဘောက်ကျဖို့ကျ စကားလုံးတွေ ထွက်လာသား..

" ပျော်တယ် ပျော်တယ်.. ရပြီလား "

" အလုပ်ကို အဲ့လောက် ဇွတ်လုပ်နေတာ ဘယ်သူသုံးဖြုန်းဖို့လဲ.. "

ကိုယ်တို့မှာ ကျွေးမွေးပြုစု စောင့်ရှောက်ရမယ့် သားသမီးရတနာမှ မရှိသေးတာ..

ဒါကို ဇွတ်အတင်း ကုန်းရုန်းရှာနေတာတော့ မဟုတ်သေးဘူး ။

" မောင်လည်း အလုပ်နဲ့ပါ မရဲ့..မ လို ပြောကြေးဆိုရင် မောင်လည်း အလုပ်မရောက်တာ ကြာလှပြီ ဟိုကောင်တွေ ကို လွှဲထားရတာလည်း မ အသိပဲ..မ အခုလို အလုပ်အလုပ် ငွေငွေ ဖြစ်ရလောက်တဲ့ထိ မောင်တို့အခြေနေက ဆိုးဆိုးရွားရွား ဖြစ်နေလို့လား.. မောင်က မကို ရှာမကျွေးဘဲ ပစ်ပစ်ကာကာ ထားထားလို့လား "

" မင်း ပြောနေတဲ့ပုံကိုက မသိရင် ငါက ပြစ်မှုကြီးကြီး လုပ်ထားသလိုလို.နဲ့.."

မုန်းရယ် ပြယ်ဖို့Where stories live. Discover now