Part (2)

1.3K 58 3
                                    

မုန်းရယ် ပြယ်ဖို့...

🌸pann

Part (2)

" ဟေ့ ဒီမှာ..ထစမ်း ဒီမှာ "

" .... "

" ဒေါ်ချယ်ရီခင် ထစမ်း.. "

ပခုံးကို လှုပ်နှိုးတော့ ချယ် လန့်ပြီးထရသည်..

ညက တော်တော် ညဥ့်နက်မှ အိပ်ပျော်သွားတော့ မနက် အစော မထနိုင်တာနဲ့ သူနိုးတာ ခံရပြီလေ..။

" ခင်ဗျား ဘာလို့ ဒီလောက် သေနေရတာလဲ.. မိန်းမ တာဝန်ဝတ္တရား ကျေမှပေါ့ "

" အဒေါ် ရှိတယ် မဟုတ်ဘူးလား.. "

" မနေ့ကတည်းက ကျူ ပ် ပြန်လွှတ်လိုက်ပြီ..ခင်ဗျား ရှိနေတာပဲ ဘာလို့ ခေါ်နေရဦးမှာလဲ "

" .... "

မပြောချင်တော့ပါ.. ဒီလို ဖြစ်မယ်လို့လည်း ကြို မှန်းဆ ထားတာပဲ မဟုတ်လား..။

" အွန်.. ကျွန်မ လုပ်ပေးမယ် ခဏ စောင့် "

ကျွန်မ ဆိုပဲ.. မနေ့ညကထိ ငါ လို့သုံးနှုန်းခဲ့တဲ့ မိန်းမ က ။

ချယ် ဆံပင်ရှည်တွေကို ခေါင်းစည်းကြိုးနဲ့ အမြန်စည်းပြီး မျက်နှာသစ် သွားတိုက်ပြီး အောက်ကို ပြေးရသည်..

ရေနွေးမြန်မြန်တည်ကာ ပေါင်မုန့်ဖုတ်စက်နဲ့ ပေါင်မုန့် ပြေးဖုတ်ရသည်..။

အဲ့ကောင်လေးက ဘာကြိုက်တတ်မှန်း မသိဘူး.. မနက်ဆိုတော့ ကော်ဖီပဲ သောက်မယ် ထင်ပါတယ် နောက်မှ သူကြိုက်တာ မေးရမယ်

" ပြီးပြီလား.. "

" ခဏ.. ရတော့မယ် "

" ကျူ ပ်မှာ အချိန်မရှိဘူး.. ဒေါ်ချယ်ရီခင် "

" ရပါပြီဆို.. "

ချယ် ခလုတ်တိုက်မတတ် အပြေးအလွှား လုပ်ပြီးသူ့ရှေ့ အပြေးပို့ရပြန်သည်..။

" ခင်ဗျား ကျူ ပ်နဲ့အတူ စားပွဲဝိုင်း အတူ မထိုင်ပါနဲ့.. "

" .... "

ရေလှုံနှုတ်ပိတ် နေတဲ့ ရှေ့က မိန်းမ ကြောင့် ဒေါသက မနက်အစော အချောင်းလိုက် ထွက်ရပြီ..။

" ခင်ဗျား ပြန်ပြောစရာ စကား မရှိဘူးလား.."

" ငါက ဘာပြောရဦးမှာလဲ.. "

မုန်းရယ် ပြယ်ဖို့Where stories live. Discover now