မုန်းရယ် ပြယ်ဖို့..
🌸pann
Part (8)
" အေး.. ဒီနေ့ မလာတော့ဘူး "
" .... "
" ရတယ် မလား.. "
" .... "
" အေးအေး.. ပြီးရော တစ်ခုခုဆို ဖုန်းလှမ်းဆက်လိုက် "
" .... "
" အင် "
သူ ဖုန်းပြောနေတာ ကြားနေရသည်..
" မင်း ဒီနေ့ အလုပ်မသွားဘူးလား.. "
" အင် "
" ငါ့ကြောင့် လား.. မင်း သွားလည်း ရပါတယ် ငါ ဘာမှမဖြစ်ဘူး "
" ဟုတ်လား.. ဒါဖြင့် ထလေ ဘာလို့ထိုင်နေတာလဲ "
" ..... "
အားမရှိရတဲ့ကြားထဲ မျက်စောင်း ထိုးပစ်လိုက်သည်.. ။
' ခင်ဗျား မသက်သာဘူး ဆိုတာ ကျူ ပ်သိတယ် 'လို့ ပြောလိုက်ရင် နည်းနည်း နားထောင်ကောင်းဦးမယ်
သူပိုင်တဲ့လျှာနဲ့ တစ်ဖက်သား စိတ်ကျေနပ်မှုရအောင် မပြောတတ်ဘူး လား မသိ.. ။
လူဆိုတာ ကိုယ်ပိုင်တဲ့ လျှာနဲ့ တစ်ဖက်သား ပျော်ရွှင်အောင် စိတ်ကျေနပ်မှုရအောင် အနည်းဆုံး တစ်ရက်ကို သုံးယောက် လောက် ပြောကြည့်.. ကိုယ့်ပေါင်းသင်းဆက်ဆံရေး ခြံဝန်းလေး ကျယ်သွားတယ် တဲ့
ဟွန့်.. ဒီကောင်ကတော့ ပေါင်းသင်းဆက်ဆံရေး ခြံဝန်းမပြောနဲ့ မြေဧကတောင် ရှိမယ့်ကောင် မဟုတ်ဘူး ။
သူ့ကိုပြောမနေတော့ဘဲ မျက်လုံး မှိတ်အိပ်နေလိုက်သည်..
" ခင်ဗျား ဘာဖြစ်လို့လဲ.. "
အနားမှာ ဆွေ့ခနဲ ဝင်ထိုင်ပြီး အလန့်တကြားမေးတဲ့ သူ့ကြောင့် ကိုယ်တောင် ထိတ်လန့်ရသည်.. ။
ကိုယ်ကမဖြေတော့ နဖူးစမ်းလိုက် ပါးကိုစမ်းလိုက်နဲ့ မျက်လုံး မဖွင့်ထားပေမယ့် သူ့လုပ်ပုံကြောင့် မျက်လုံး က မှေးစင်းပြီး ဖွင့်ရသည်..
" ခင်ဗျား မသက်သာဘူးလား.. "
သူ့ကို ' ငါမသက်သာဘူး ' လို့များ ပြောမိလေသလား ။
" သက်သာပါတယ်.. ဖယ်စမ်းပါ "
ကိုယ့်ဘေးနားထိုင်ပြီး ဟိုစမ်းဒီစမ်းလုပ်နေတဲ့ သူ့ကြောင့် အနေရခက်တာမို့ ဘေးဖယ်ခိုင်းရသည်.. ။
YOU ARE READING
မုန်းရယ် ပြယ်ဖို့
Romance' ခင်ဗျားကို ရအောင် ယူဖို့ ခက်မယ် ထင်ခဲ့တာ.. ထင်သလောက် အား မသုံးရတော့ စိတ်ဝင်စားမှု က လျော့သွားတယ် ဒါပေမယ့် ကျူ ပ်က စိတ်ဝင်းစားဖို့ မကောင်းဘူးဆိုပြီး နောက်ဆုတ်သွားမယ့်ကောင် မဟုတ်ဘူး.. ဒါ ခင်ဗျား သိဖို့ ' . " မင်း ကို ငါက ဘယ်လိုလူပါဆိုပြီး လိုက်ရှင်ြး...