Part (15)

577 41 1
                                    

မုန်းရယ် ပြယ်ဖို့..

🌸pann

Part (15)

" မင်း ငါ့အချစ်ကို မတောင်းခံနဲ့ ရဲရင့်ညီ.. ငါ့မှာ အချစ် မရှိဘူး မင်းအတွက်မှ မဟုတ်ဘူး ငါ့ဆီမှာ လူတစ်ယောက်ကို ချစ်ဖို့အချစ်မရှိတော့ဘူး.."

" ........ "

မ ကို ဖက်ထားရင်း တိတ်ဆိတ်နေမိသည်.. ။

မ ဆီက ချစ်ပါတယ် လို့ ပြန်ကြားရသေးဦးမှာ မဟုတ်သေးမှန်း သိနေပေမယ့် အခုလို ကြားရပြန်တော့လည်း ရင်ထဲဘယ်လိုမှ မကောင်းပြန်

အချစ် မရှိတော့ဘူး တဲ့.. ။

ကိုကို့ ကို အခုထိ ချစ်နေလို့လား.. နောက်လူ အဝင်မခံတော့တာက

ဝင်လာတဲ့ အသိတစ်ခုကို ဘာလို့တုန်လှုပ်မိတာလဲ..

" ကိုကို့ ကို ချစ်နေသေးလို့လား.. "

မသိစိတ်က သိချင်စိတ်နဲ့ ရှည်ပြီး မေးမိပြန်သည်.. ။

မေးပြီး မကြားဝံ့လို့ ထွက်သာ ပြေးလိုက်ချင်သည်

မ ကို ပိုတင်းတင်းလေး ဖက်ထားကာ မ လည်ပင်းမှာ မျက်နှာအပ်မိသည်.. ။

ပါလာပြန်ပြီ ဒီ ကိုကို က..

အဲ့ အကို ကို ငါက ချစ်နေပါသေးတယ် လို့များ ပြောမိလေသလား..

အယူဆတွေ အဓိပ္ပာယ် တွေများ ဘယ်လို ဘာသာပြန် ပြီး ဘယ်လိုနားလည်သဘောပေါက် နေပါလိမ့်လို့ ။

ဒီလောက် တော်တဲ့သူ မြန်မာစာ ပါမောက္ခ အဖြစ် တာဝန်ယူသင့်တယ်.. အရမ်းရမ်း တော်လွန်းလို့

" ငါ မင်းအကိုကို ချစ်နေသေးတယ် လို့များ ပြောမိလား.. "

ပြုံးမိပါသည်.. မ ရဲ့ ဆံပင်တွေကြားကနေ ။

ကိုကို ညီ့ကို ဒေါသထွက်နေပြီလား.. တောင်းပန်ပါတယ် ကိုကို ဒီတစ်ကြိမ်လေးတော့ လောဘလေး ထားပါရစေ

" ဘယ်သူ့ကိုမှ မ မချစ်သေးဘူးမလား.. "

ဟော.. ပြောပြီးပါရော မင်းမှမဟုတ်ဘူး ကျန်တဲ့ဘယ်သူ့ကိုမှ မချစ်တတ်တော့တာလို့ ။

ဒါကို ဘယ်နားနဲ့ ဘယ်လို နားထောင်နေပါလိမ့်..

" ဟင် မ.. မောင် မေးနေတယ်လေ "

မုန်းရယ် ပြယ်ဖို့Where stories live. Discover now