Part (19)

488 38 3
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Part (19)


" မ... "

" ....... "

" မ ကလေ.. မ "

ခေါ်တာ ကြားရဲ့သားနဲ့ ပြန်ကိုမထူးဘူး..။

" မ "

အနားကပ်ပြီး အသံကျယ်ကျယ် နဲ့ အော်ချလိုက်သည်..

ဒါမှ ကျွန်တော့်ချစ်ရသူ ဒေါ်ချယ်ရီခင် က မျက်မှောင်ကြုံ့ပြီး လှည့်ကြည့်လာသည် ။

" ဟဲ့.. ဘာလို့ အဲ့လောက် အော်ခေါ်နေတာ လဲ ငါ့နား အကောင်းကြီး ရှိသေးတယ် "

" နား ကျ ကောင်းပြီး ပါးစပ်ကတော့ ပျက်နေလား.. ပြန်ကို မထူးဘူး "

" မင်းကရော ဘာလို့ တမ ထဲ မ နေတာလဲ.."

" အဟက်.. မ ကို ပြစရာ ရှိလို့ "

" ဘာလဲ "

" လိုက်ခဲ့လေ.. "

" ပေါက်တတ်ကရတွေ လာလုပ်မနေနဲ့.. "

" မ ကလည်း.. စလုံးရေတောင် မစ ရသေးဘူး အဖျက်စကားက ပြောပြီ "

" မဟုတ်လို့လား.. မင်း ခေါ်ရင် ငါ့မျက်လုံးတွေက ခပ်လှုပ်လှုပ်နဲ့ "

" မောင်က မ ကို ဘာလုပ်မှာ ကျနေတာပဲ.. "

" အဲ့ဒီ ဘာလုပ်မှာကျနေတာကို ပိုကြောက်တာ.. "

" လာပါ မရာ.. အိုက်တင်ခံမနေနဲ့ အသက်ကြီးတဲ့ မိန်းမ တွေများ တအားမူပိုတာပဲ "

" မင်း ဘာပြောတာလဲ.. "

" ဟိုဘက် ခဏ လိုက်ခဲ့လို့ ပြောတာပါ.. "

" အခုမှ မုန်လာဥ မလုပ်ချင်နဲ့.. စောနက ငါကြားတယ် ဘာ တအားမူပိုတာလဲ ဟမ် "

" အဟွန်း.. ချစ်လို့ စတာပါ "

" ချစ်လို့ စ တဲ့ အစကြီးက ငါ့အသက်ကို တအားခလုတ်တိုက်လွန်းတယ်နော်.. ဘာလုပ်လုပ် ငါ့အသက်က မင်းရဲ့လျှောက်လမ်းမှာများ ခဲလုံး ဖြစ်နေလား "

" ခဲလုံးသေးသေးလေးကို မဟုတ်ဘူး.. ကျောက်ကြီးကို ဖြစ်နေတာ "

" ရဲရင့်ညီ "

" အဟက်.. လာပါ မရာ "

နှုတ်တော်နဲ့ ကြွမြန်းဖို့ အခေါ်ပါးလည်း မရတာမို့ လက်ကနေသာ ဆွဲခေါ်တော်မူမှပဲ လူတစ်ကိုယ်လုံး အပါတော်မူတော့တယ်.. ။

မုန်းရယ် ပြယ်ဖို့Where stories live. Discover now