Part (22)

570 42 11
                                    

မုန်းရယ် ပြယ်ဖို့

🌸pann

Part (22)

ရဲရင့်ညီ တစ်ရွက်ပြီးတစ်ရွက် လှန်ဖတ်ကြည့်မိသည်..

' ဒီနေ့ သူ့ကို ငါဖုန်းဆက်တယ် သူမကိုင်ဘူး..မက်ဆေ့ခ်ျပဲ သူ့ဆီပို့လိုက်တယ် ရုပ်ရှင်သွားကြည့်မလို့ ဆိုပြီး..

ပပ တို့ကလည်း ခေါ်နေတာနဲ့ လိုက်သွားလိုက်တာ

ဒီနေ့ ရုံတင်တဲ့ ဇာတ်ကားကလည်း ချယ် ကြိုက်တဲ့ နေတိုးကား မလို့..ငြင်းမနေတော့တာ

သူငယ်ချင်း ငါးယောက် လုံး အတူတူ သွားကြည့်တာ.. ကြည့်ပြီး ပြန်ထွက်လာတုန်းရှိသေး လူကြားထဲ သူရောက်ပြီး သောင်းကျန်းလာပြန်တယ်

" လာစမ်း..မင်း "

" အာ့.. "

ချယ့်လက်မောင်းရင်းကနေ ဆွဲလှည့်ခံရတာမို့ အရမ်းနာသွားရသည်..။

လက်တောင်ပြုတ်ပြီ ထင်ရလောက်အောင် နာသွားရလို့ မျက်ရည်တောင် ပြိုကျမိ မတတ်ဘဲ..

ချယ် မျက်နှာပျက်နေတာ မြင်တော့ မင်းပြည့်စုံ ဝင်မပါဘဲ နေမရတော့..။

ချယ့်လက်ကို အကြမ်းပတမ်းဆွဲခေါ်နေတဲ့ ရဲရင့်ကို ရဲ့လက်ကို မင်းပြည့်စုံ အားနဲ့ ဖမ်းဆုပ်ပြီး ဖယ်ပစ်လိုက်သည်..

" မင်း ဘာလုပ်တာလဲ "

ရဲရင့်ကို က ပြည့်စုံရဲ့ အကျီ င်္စကို ဆုပ်ကိုင်ကာ ရင့်ရင့်သီးသီး ပြောနေတော့ ချယ့်မှာကိုယ့်လက်က နာကျင်မှုတောင် မေ့ဖျောက်ထားရပြီ..

" မလုပ်ပါနဲ့ လွှတ်ပေးလိုက်ပါ..အာ့ "

သူ့လက်ကို သွားတားကိုင်တဲ့ ချယ့်လက်ကနေ သူရုန်းတော့ ချယ့်လက်ကတစ်ပတ်လည်ပြီး ပိုနာကျင်သွားရသည်..။

" ဟျောင့် မင်း.. ဘယ်လိုဖြစ်နေတာလဲ "

ပြည့်စုံကလည်း ရဲရင့်ကိုရဲ့ရင်ဘတ်က အကျီ င်္စကို ပြန်ဆွဲလိုက်သည်..

" ငါ့ချစ်သူ ကို ငါခေါ်တာ မင်းအပူပါလား.."

" ဟ ခေါ်ရင်လည်း အသာခေါ်လေ.. ဘာလို့ ဇွတ်အတင်း ဆွဲခေါ်နေရတာလဲ "

" ငါ့ကောင်မလေးငါ ဘယ်လိုခေါ်ခေါ် မင်းနဲ့မဆိုင်ဘူး.."

" မင်း "

မုန်းရယ် ပြယ်ဖို့Where stories live. Discover now