Unicode
Section-1
ချမ်းစိမ့်နေတဲ့ Januaryလရဲ့ မနက်ခင်းမှာ
အအေးဒဏ်ကို အန်တုရင်း ဂျီမင်း စက်ဘီးကို ခပ်သွက်သွက်နင်းလိုက်သည်။
အချိန်ကုန်တာတွေက မြန်လိုက်တာ......
သိပ်မကြာခင် နွေဦးတောင် ရောက်တော့မှာပဲ......နွေဦးရောက်ရင် ချယ်ရီတွေပွင့်တော့မှာ~
ချယ်ရီတွေပွင့်နေတဲ့ လမ်းမှာ နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရင်းလမ်းလျှောက်ရရင် သိပ်ကောင်းမှာပဲ......တစ်အိမ်ပြီးတစ်အိမ် နွားနို့ပို့လိုက် စက်ဘီးနင်းရင်း ဟိုဟိုဒီဒီတွေးလိုက်နဲ့ နောက်ဆုံးတစ်အိမ်ပဲ နွားနို့ပို့ဖို့ကျန်တော့သည်။"တစ်အိမ်ပဲပို့ဖို့ကျန်တော့တာပဲ"
တစ်ယောက်ထဲပြောရင်း ဂျီမင်းပြုံးလိုက်မိတယ်။ ချို့ချို့တဲ့တဲ့နေရတာမဟုတ်ပေမယ့် အရမ်းကြီး ပြည့်စုံမနေတဲ့ မိသားစုအခြေအနေကြောင့် ဒီလိုမျိုးမနက်ပိုင်းမှာ နွားနို့ပို့တဲ့ အချိန်ပိုင်းအလုပ်ကို ဂျီမင်းလုပ်ခဲ့တာဖြစ်သည်။
ညနေပိုင်းမှာလည်း စတိုးဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ရတဲ့ သူ့ရဲ့တက္ကသိုလ်ကျောင်းသားဘဝဟာ လွယ်ကူနေမှာတော့မဟုတ်။
ဒါပေမယ့် အချိန်ပိုင်းအလုပ်တွေ လုပ်တာ
ဒီနေ့နောက်ဆုံးဖြစ်သည်။ ဘယ်သူကတော့ အေးအေးစိမ့်စိမ့် မနက်အစောကြီးမှာ
စက်ဘီးတစ်စီးနဲ့ နွားနို့ပို့ချင်ပါ့မလဲ~
အခုတော့အဆင်ပြေသွားပြီ....မနက်ဖြန်ကစပြီးစာသင်ပေးရတဲ့အလုပ်ကို ပြောင်းလုပ်ရတော့မယ်.......အချိန်အများကြီးလည်း သင်ပေးရမှာမဟုတ်ဘဲ လစာကလည်း သူအခုလုပ်နေတဲ့ အချိန်ပိုင်းအလုပ်တွေအားလုံးပေါင်းထက် ပိုရတယ်လေ~စာသင်ပေးရတဲ့ ကလေးသာလိမ္မာမယ်ဆိုရင် ကျန်တာက တွေးနေစရာကိုမဟုတ်တာ....
ဒါဆို သူလည်း အဆင်ပြေပြေကျောင်းတက်နိုင်တော့မယ် မဟုတ်လား....
အတွေးနဲ့ပင် ကြည်နူးလာတာကြောင့် ဂျီမင်း လေတောင်ချွန်လိုက်မိတယ်။နောက်ဆုံးကျန်တဲ့အိမ်တစ်အိမ်ကို နွားနို့ပို့ပြီးချိန်မှာတော့ အိမ်အပြန်လမ်းကို ဦးတည်လိုက်သည်။