Unicode
Section-1
"meetingရှိတယ်ဆိုပြီး ဘယ်သူမှလဲမရှိဘူး...."
တိတ်ဆိတ်နေတဲ့ meeting roomကိုကြည့်ပြီး ဂျီမင်းတစ်ယောက်ထဲပြောမိတယ်...
"hyung အချိန်ရမယ်ဆိုရင်~မနက်၁၀နာရီလောက် meetingလုပ်ချင်လို့" ဆိုပြီး မနက်၉နာရီလောက်မှာ messageပို့လာတဲ့
ဂျောင်ဂု...ထယ်ယောင်းနဲ့ ယွန်ဂီhyungက decorationအတွက်လိုအပ်တဲ့ ပစ္စည်းတွေရဲ့ supplierနဲ့ တွေ့ဖို့ မနက်ကထဲက အပြင်သွားနေကြတာကြောင့် ဂျီမင်းတစ်ယောက်ထဲ meetingလာခဲ့တာ...
အခုကျတော့ ရုံးခန်းထဲမှာ ဘယ်သူမှမရှိ...
နာရီကိုကြည့်တော့ ၁၀နာရီထိုးဖို့
၅မိနစ်အလို....စောနေသေးလို့ဖြစ်မယ်ဆိုပြီးတွေးမိနေတုန်း meeting roomထဲ၀င်လာတဲ့ ဂျောင်ဂုကိုမြင်လိုက်ရတယ်...
"hyungရောက်နေတာကြာပြီလား ... ကျွန်တော်ထွက်လာခါနီး လက်မှတ်ထိုးပေးစရာပေါ်လာလို့...."
ပါးစပ်ကနေ သူ့ကို တောင်းပန်သလိုပြောရင်း
အခန်းထဲက လိုက်ကာတွေကို ဂျောင်ဂုကပိတ်နေတယ်...သူလည်းယောင်နနနဲ့ ကူပြီး လိုက်ကာတွေပိတ်ပေးတော့ ဂျောင်ဂုက သူ့ကိုပြုံးပြတယ်....လိုက်ကာတွေအကုန်ပိတ်ပြီးတော့ ဂျောင်ဂုက အခန်းမီးတွေကို လိုက်ပိတ်ပြန်တယ်....
မှန်ပြတင်းပေါက်အရှည်ကြီးတွေပါတဲ့အပြင် မှန်နဲ့ ပတ်လည်ကာထားတဲ့ meeting roomဟာ အလင်းရောင်ကို လုံလုံလောက်ရပေမယ့် အခုတော့ လိုက်ကာတွေပိတ်ထားတာကြောင့် မှောင်တဲ့ဘက်ကိုရောက်နေတယ်..
မီးလုံးတွေရဲ့ 85%ကိုလည်းပိတ်ထားတဲ့ ခပ်ဖျော့ဖျော့အလင်းရောင်နဲ့ ဒီအခန်းထဲမှာ သူနဲ့ ဂျောင်ဂု နှစ်ယောက်ထဲရယ်....
"ခဏနော် hyung~"
ဂျီမင်းဘက်ကို လှည့်ကြည့်ပြီး ဂျောင်ဂုက တံခါး lockကိုသွားစစ်ပြန်တယ်...
"ရပြီ ~ okပဲ..."
တစ်ယောက်ထဲပြောပြီး ကျေနပ်သလိုပြုံးနေတဲ့ ဂျောင်ဂုကို ကြည့်ပြီး သူတစ်ခုခုကိုတွေးမိလာသလို....
အတွေးမဆုံးခင် ဂျောင်ဂုက သူ့ကို စွေ့ခနဲပွေ့ချီပြီး ခုံတစ်ခုမှာ ဝင်ထိုင်တယ်....
![](https://img.wattpad.com/cover/225627896-288-k715528.jpg)