Section-1
"ဒီမှာ ကျွန်တော်တစ်ယောက်ထဲနေတာ hyung"
"ဟုတ်လား"
သူ့အပြောကို အများကြီးမတုံ့ပြန်နိုင်ဘဲ
ဂျီမင်းhyungဟာ အိမ်designကို တကယ်ကို
စိတ်ဝင်တစားကြည့်နေတယ်။"ဂျောင်ဂုတစ်ယောက်ထဲအတွက်ဆိုရင် အိမ်က အရမ်းမကြီးလွန်းဘူးလား"
မေးမယ့်မေးတော့ သူသိပ်ဖြေချင်တဲ့ မေးခွန်းကိုမှ ရွေးမေးလေတယ်~ဘယ်လိုဖြေလိုက်ရင်ကောင်းမလဲ....
"ကျွန်တော် ချစ်တဲ့သူနဲ့ လက်ထပ်ပြီးရင် နေဖို့ရည်ရွယ်ထားတာ hyungရဲ့"
စိုက်ကြည့်ပြီးပြောလိုက်တဲ့ သူ့စကားကြောင့်
ဂျီမင်းhyungက မနေတတ်သလို လည်ဂုတ်ကို ပွတ်ရင်းပြုံးတယ်~ ဘာမှတော့ဆက်
မမေး ....."ဒါက ကျွန်တော့်အိပ်ခန်း"
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. သစ်သား textureကို အများဆုံးသုံးထားပြီး decorationပိုင်းကို အတတ်နိုင်ဆုံး ရှင်းအောင်လုပ်ထားတဲ့ သူ့အခန်းကို hyungက သဘောကျပုံရတယ်~
ရေချိုးခန်းတစ်ခုလုံးကို မှန်နဲ့ပဲ ကာထားတာကို မြင်လိုက်ချိန်မှာတော့ hyungက ခိုးပြုံးတယ်.....ကြည့်ရတာ တစ်ခုခုကို အတွေးပေါက်သွားပုံ~
"အတွင်းပိုင်းdesignက ဂျောင်ဂုစိတ်တိုင်းကျလုပ်ထားတာလား"
"ဟုတ်တယ် hyung"
"သြော်.........."
ဘာမှဆက်မပြောဘဲ မချိုမချဥ်နဲ့ ဆက်ပြုံးနေတဲ့ hyungဟာ တကယ့်ကို dirty mindလေး~
ပြုံးနေရင်းမှ သူ့ကို ခိုးကြည့်နေပြန်တဲ့ hyungဟာ တော်တော်ကို အသည်းယားစရာကောင်းတယ်~
hyungကို ပြုံးပြီး စိုက်ကြည့်နေရင်း အနားကို တိုးကပ်သွားတော့ သူ့ကိုအကြည့်မလွှဲဘဲ ခြေလှမ်းကို မသိမသာနောက်ဆုတ်တယ်~
