Unicode
Section-1
"Presentation လုပ်ရမှာ သဘက်ခါနော် hyung "
"ဟုတ်တယ်လေ ဂျီမင်း....ဘာဖြစ်လို့လဲ"
"ကျွန်တော်စိတ်တအား လှုပ်ရှားနေတယ် hyungရယ်~ဒီ Projectကကြီးတယ်လေ"
ဂျီမင်းစကားကို ယွန်ဂီhyungက ပြုံးတယ်။
သူတို့ Genius Design Groupအတွက် ဒီလောက်ကြီးတဲ့ Hotelကို Designတစ်ခါမှမလုပ်ဖူးသေး။ပြီးတော့ သူတို့ကို designအပ်တဲ့ companyက Koreaရဲ့ နာမည်ကြီး
Tradex Group....ကုန်သွယ်ရေးလုပ်ငန်းတွေ ၊ ခရီးသွားလုပ်ငန်းတွေ ပိုင်ဆိုင်တဲ့ Tradex Groupဟာ
Jelju-doမှာ Hotel Projectတစ်ခုဆောက်လုပ်ရန် သူတို့ကို Designအပ်လာခဲ့သည်။ဒီcompanyရဲ့ Hotel Projectကို designလုပ်ပေးရတာဟာ သူတို့အတွက်
အခွင့်အရေးတစ်ခုဖြစ်သည်။အပြင်ပိုင်းသာမက အတွင်းပိုင်းကိုပါ Designလုပ်ပေးဖို့ ကမ်းလှမ်းလာတုန်းက
သူတို့အရမ်းပျော်ခဲ့ကြတာ။အခုလည်း Presentation အတွက် အကုန် ပြင်ဆင်ပြီးနေပြီဆိုပေမယ့် ဂျီမင်းကတော့ စိတ်လှုပ်ရှားနေမိတယ်။
"စိတ်မလှုပ်ရှားပါနဲ့ ဂျီမင်းရဲ့ အဆင်ပြေသွားမှာပါ....hyungတို့ဘက်က အကောင်းဆုံးပြင်ဆင်ထားတာပဲလေ ....မဟုတ်ဘူးလား"
ယွန်ဂီhyung စကားကိုကြားရတော့ ဂျီမင်း စိတ်သက်သာရသွားမိတယ်။ hyungကတော့ ဘယ်အချိန်ဖြစ်ဖြစ် တည်တည်ငြိမ်ငြိမ်ပဲ~
" hyungရေ ပန်းသီးရပြီ"
အသံကြားရာကို လှည့်ကြည့်တော့ အသီးပန်းကန်လေးနဲ့ မီးဖိုခန်းကထွက်လာတဲ့
ထယ်ယောင်း......"အလုံးလိုက်ကိုက်စားလည်း ရပါတယ်ဆို~
ထယ်ယောင်းတော့ အလုပ်ရှုပ်သွားပြီ"အစကထဲကသာ ဒီလိုဂရုစိုက်ရင်
ယွန်ဂီhyungက နေရခက်မှာ၊ အခုတော့ ရင်းနှီးနေပြီဖြစ်တာကြောင့် သက်တောင့်သက်သာနဲ့ ထယ်ယောင်းကိုပြုံးပြရင်းပြောတယ်။"အလုပ်မရှုပ်ပါဘူး hyungကလဲ"
"ပန်းသီးတွေ ခွဲလို့ပါလား ထယ်ယောင်းရဲ့..."
မျက်စိရှေ့မှာ တီတီတာတာလုပ်ရင်ကြည့်မရတဲ့ FAတို့ ထုံးစံအတိုင်း ဂျီမင်းဝင်ပြောလိုက်မိတယ်။