Unicode
Section-1
ဂျီမင်းတို့ သုံးယောက်အတူ လုပ်ခဲ့တဲ့ Genius
Design Groupဟာ စတင်လုပ်ကိုင်ပြီး 4နှစ်အကြာမှာ အတော်အသင့်နာမည်ရလာခဲ့သည်။ထယ်ယောင်းနဲ့ ဂျီမင်းလည်း ကျောင်းပြီးသွားပြီဖြစ်တာကြောင့် အလုပ်ကို ပိုအာရုံစိုက်လာနိုင်ခဲ့တယ်။
Designerတစ်ယောက်ရဲ့ အိပ်မက်ဖြစ်တဲ့
Design creationကိုလည်း လုပ်နိုင်တာကြောင့် သူတို့သုံးယောက်လုံး စိတ်ကျေနပ်မှုရှိကြတယ်။ပြောရမယ်ဆိုရင် ငွေကြေးပိုင်းအရထက် အတူအလုပ်လုပ်တဲ့ လုပ်ဖော်ကိုင်ဖက်တွေက အဆင်ပြေတာက ပိုပြီးစိတ်ချမ်းသာဖို့ကောင်းတယ် မဟုတ်လား......
တစ်အိမ်ထဲနေတဲ့အပြင် အလုပ်လည်းတူတဲ့အတွက် အချိန်ပြည့်နီးပါးတွေ့နေရတာကြာင့်
ခပ်အေးအေးနေတတ်တဲ့ ယွန်ဂီhyungနဲ့
အကြံအစည်အလွန်များတဲ့ ထယ်ယောင်းတို့ရဲ့ ဆက်ဆံရေးကလည်း တဖြည်းဖြည်းတိုးတက်လာခဲ့တယ်။ချစ်သူတွေလို့တော့ ပြောလို့မရပေမယ့်
ယွန်ဂီhyungက ထယ်ယောင်းကို ပိုဂရုစိုက်လာတယ်။ ထယ်ယောင်းကတော့ ဖွင့်မပြောရသေးဘူးလို့ပြောပေမယ့် တစ်ခါတစ်လေ
ယွန်ဂီhyungလည်း ထယ်ယောင်းကို သဘောကျနေပြီလားလို့ ဂျီမင်းတွေးမိတယ်..." ဆံပင်တွေ ရှည်နေပြီနော် ထယ်ယောင်း"
"ဟုတ်တယ် hyungရဲ့~ကျွန်တော် ဆံပင်သွားညှပ်ဖို့ ပျင်းနေတာ"
"hyungလည်း ဆံပင်ညှပ်မလို့ ...ဂျီမင်းရောလိုက်လား အတူသွားကြမယ်လေ"
ယွန်ဂီhyungက ခေါ်နေပေမယ့် ဂျီမင်းကတော့ မလိုက်ချင်ပါ။
"မလိုက်တော့ဘူး hyung....ကျွန်တော် deliveryမှာထားတဲ့ ပစ္စည်းရောက်မှာမို့လို့"
ဂျီမင်းငြင်းလိုက်တော့ ထယ်ယောင်းက ခိုးပြုံးတာကြောင့် မျက်စောင်းခဲလိုက်မိတယ်~
သိသားပဲ သူ့ကို မလိုက်စေချင်တာ။ဒီနေ့ပစ္စည်းရောက်စရာသာမရှိရင် အမြင်ကတ်လို့ကို လိုက်သွားဦးမှာ.....
အခုတော့ ထယ်ယောင်းကောင်းဖို့ ဖြစ်လာတာပဲ.....