Unicode
Section-1
Glam Longue Bar အပြင်ကို ရောက်လာမှ
ဂျောင်ဂုသက်ပြင်းချရင်း ပြုံးလိုက်မိတယ်။ချစ်စရာကောင်းလိုက်တာ hyungရယ်.....
ဆောင်းမနက်ခင်းမှာ ဂျောင်ဂုအသက်ကို ကယ်ပေးခဲ့တဲ့ hyungရဲ့ ပုံစံလေးဟာ အခုထိကို မပြောင်းလဲသေးပါလား.........
အဲ့ဒီမနက်က ဂျောင်ဂုကိုအမြဲရန်စလေ့ရှိတဲ့
မင်၀ူးတို့အဖွဲ့နဲ့ လမ်းကြားတစ်ခုမှာဆုံဖြစ်ကြသည်။ ရိုးရိုးဆုံကြတာမျိုးတော့မဟုတ်။
မင်၀ူးတို့ဘက်ကတော့ ဘယ်လိုတွေးမည်တော့မသိ ဂျောင်ဂုကတော့ သူတို့ကို ပြေရာပြေကြောင်းပြောဖို့ ဖြစ်သည်။ဂျောင်ဂုရဲ့မိဘတွေက Koreaရဲ့ ထိပ်တန်းစာရင်းဝင် ချမ်းသာ သူတွေဖြစ်ကြပြီး အေးအေးနေတတ်ကြသည်။ သူကိုယ်တိုင်လည်း ထင်ထင်ပေါ်ပေါ်နေရတာ
မကြိုက်တာကြောင့် ဂျောင်ဂုရဲ့မိသားစုအခြေအနေကို အများစုကမသိကြ။ပြဿနာက မင်ဝူးတို့အဖွဲ့ဟာ ကျောင်းက ကလေးတွေကို အမြဲလိုလိုအနိုင်ကျင့်ကြသည်။ ခြိမ်းခြောက်ကာ ပိုက်ဆံတောင်းလေ့ရှိပြီး မပေးရင် လက်ပါတတ်တဲ့ မင်၀ူးတို့ကို ဂျောင်ဂုသတိထားမိတာကြာပြီ။
အတန်းထဲက ကောင်လေးတစ်ယောက်ကို လူရှင်းတဲ့ ကျောင်းဆောင်အနောက်ဘက်မှာ ပိုက်ဆံတောင်းရုံမက အဖွဲ့လိုက် ဝိုင်းထိုးနေတာကြောင့် ဂျောင်ဂု ဝင်တားမိခဲ့သည်။
အဲ့ဒီက စပြီး မင်ဝူးဟာ ဂျောင်ဂုကို အမြဲတမ်းနီးပါး နည်းမျိုးစုံနဲ့ အနှောင့်အယှက်ပေးလာခဲ့သည်။
ဂျောင်ဂု lockerထဲကို ခြိမ်းခြောက်စာတွေပို့တာမျိုး ၊ ညဘက်phoneဆက်ပြီး စိတ်အနှောင့်အယှက်ပေးတာမျိုးလိုပေါ့......
ပြဿနာကို မကြီးစေချင်တာကြောင့် မင်ဝူးတို့နဲ့ မျက်နှာချင်းတွေ့ကာ စကားပြောဖို့
ဂျောင်ဂု ဆုံးဖြတ်ခဲ့သည်။ဘယ်လိုပဲရှောင်ပါစေ အမြဲလိုလိုစိတ်အနှောင့်အယှက်ပေးတဲ့ မင်ဝူးတို့ကို ပထမတော့ ကောင်းကောင်မွန်မွန်နဲ့ ထပ်မနှောင့်ယှက်ဖို့ပြောပေမယ့် သူတို့ဘက်က ဂျောင်ဂုကို စထိုးခဲ့သည်။ တိုက်ကွမ်ဒိုခါးပတ်နက်ရထားတဲ့ ဂျောင်ဂုအတွက်တော့ မင်ဝူးတို့အဖွဲ့ဟာ
စဥ်းစားစရာကို မဟုတ်။