Unicode
Secion-1
ဂျီမင်း အမေတို့အိမ်ကနေပြန်လာတော့ ည၈နာရီကျော်နေပြီ။
"ပြန်ရောက်ပါပြီ"
"ညစာစားပြီးပြီလား ဂျီမင်း"
"အိမ်ကစားခဲ့ပြီ hyung~hyungရော စားပြီးပြီလား"
"စားပြီးပြီ ဂျီမင်းရဲ့~ထယ်ယောင်းနဲ့ အတူစားလိုက်တယ်"
တယ်ဟုတ်ပါလား....ကင်ထယ်ယောင်းက~
ဂျီမင်းတွေ့ရသလောက် ထယ်ယောင်းဟာ
ယွန်ဂီhyung စိတ်အနှောင့်အယှက်
ဖြစ်အောင် ဘာမှမလုပ်။ ဒါကြောင့် hyungကလည်း ထယ်ယောင်းနဲ့ ပြောဆိုဆက်ဆံရတာကို စိတ်သက်သာပုံပင်။ဂရုတစိုက်တော့ ရှိပေမယ့် hyungအနေရခက်လောက်တဲ့ အပြုအမူမျိုးကို မလုပ်တဲ့ ထယ်ယောင်းရဲ့ နည်းဟာ အကျိုးရှိပုံရတယ်။
"ဒါနဲ့ ဂျီမင်းနာမည်နဲ့ ပါဆယ်ရောက်လာလို့ hyung လက်ခံထားတယ်~ဒီမှာ"
"ပါဆယ်......."
ဇဝေဇဝါနဲ့ hyungလက်ထဲက ပါထယ်ထုပ်ကို ယူကြည့်လိုက်သည်။
"ကျွန်တော် မှာမထားဘူး hyungရဲ့"
"ဟုတ်လား...ပစ္စည်းဖိုးရော deliveryခရော ရှင်းပြီးသားလို့ပြောတယ်.....ဂျီမင်း မမှာထားဘူးဆိုရင် ဘယ်သူကများပို့တာပါလိမ့်.......
ဒီမှာပဲဖောက်ကြည့်ပါလား ဂျီမင်း"အခန်းထဲမှာ တစ်ယောက်ထဲဖောက်ကြည့်ရင်
အန္တရာယ်ဖြစ်မှာစိုးတဲ့ hyungကအကြံပေးသည်။"ဟုတ်ကဲ့ hyung~ဒီမှာပဲ ဖောက်ကြည့်လိုက်မယ်"
"ပြန်ရောက်ပြီလာ ဂျီမင်း"
ပါဆယ်ဖောက်ဖို့ပြင်နေတုန်း ထယ်ယောင်းက မေးတယ်။
"အေး ပြန်ရောက်ပြီ"
ထယ်ယောင်းကို ပြန်ဖြေရင်း ပါဆယ်ထုပ်ကိုဖောက်လိုက်တယ်။ ပါဆယ်ရဲ့ sizeနဲ့ weightအရဆိုရင် ပစ္စည်းကတော့ သေးသေးကွေးကွေးတော့မဟုတ်.....
"ဝါး.........ဒါမင်းလိုချင်နေတဲ့ laptop မဟုတ်လား ဂျီမင်း"
ASUS Rog Zephyrus G14 Laptop
အနက်ရောင်လေးကို ကြည့်ပြီး ထယ်ယောင်းကအလန့်တကြားအော်တယ်။