Unicode
Section-1
ဂျီမင်းတို့ စာကြည့်တိုက်ရောက်သွားချိန်မှာ
ထောင့်ကျကျစားပွဲတစ်ခုမှာ ထိုင်နေတဲ့
စီနီယာယွန်ဂီကို တွေ့လိုက်ရတယ်။"ရောက်နေတာကြာပြီလား~စီနီယာ"
"သိပ်မကြာသေးပါဘူး~"
စကားကို လိုရင်းသာပြောတတ်တာကလည်း
စီနီယာ့ရဲ့ ဆွဲဆောင်မှုလို့ မကြာခဏပြောတဲ့ ထယ်ယောင်းဟာ အခုလည်း မှင်သေသေနဲ့ ငေးနေတယ်။ မျက်လုံးကသာ စီနီယာ့ကို ငမ်းနေတာ အောက်ကနေတော့ ဂျီမင်းကို လက်နဲ့တို့နေပြီ ။"ဟိုဟာလေ .....စီနီယာ ~ဒါက ကျွန်တော့်အချစ်ဆုံးသူငယ်ချင်း ကင်ထယ်ယောင်းတဲ့"
စီနီယာက ထယ်ယောင်းကို ကြည့်ပြီး
ခေါင်းငြိမ့်ပြတယ်။"ကျွန်တော့်နာမည် ကင်ထယ်ယောင်းပါ
ခင်ဗျ"လာလာချည်သေး~အခုများတော့
လူယဥ်ကျေးလေးပေါ့လေ .....
ခေါင်းလေးညွှတ်ပြီး နှုတ်ဆက်လိုက်တာများ အပိုးကိုကျိုးလို့.....ဒီကောင် ထယ်ယောင်း တော်တော်မာယာများတာပဲ.......
"စာရှင်းပြတာ နားထောင်ချင်တယ်ဆိုလို့ ကျွန်တော်ခေါ်လာလိုက်တာ~စီနီယာအနှောင့်အယှက်မဖြစ်ပါဘူးနော်"
"ရပါတယ် ဂျီမင်းရယ်...ဒါနဲ့ စီနီယာလို့ မခေါ်ပါနဲ့ ~သိလာတာပဲကြာပြီ hyung ပဲခေါ်ပါ~ထယ်ယောင်းရောပဲနော် hyungလို့ပဲခေါ်"
"ဟုတ်ကဲ့ hyung"
ကျောင်းကbasketball ပြိုင်ပွဲတွေကို မကြာခဏ သွားကြည့်ရင်း ဂျီမင်းနဲ့
ယွန်ဂီhyung ရင်းနှီးလာခဲ့တာဖြစ်သည်။
တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျတဲ့ hyungဟာbasketball
ကစားရတာကိုတော့ အတော်ပင်
သဘောကျလေတယ်။နောက်ပိုင်းမှာ စကားဆက်မိကြရင်း စာကြည့်တိုက်မှာဆုံဖြစ်ကြသည်။ စာတော်တဲ့ hyungဟာ နားမလည်တာတွေကို မေးတိုင်း စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြပေးလေ့ရှိသည်။
ဂျီမင်းတို့ကျောင်းကို နှစ်လနောက်ကျပြီးမှ ပြောင်းလာတဲ့ ထယ်ယောင်းဟာ
ယွန်ဂီhyung ကိုမြင်မြင်ချင်း သဘောကျခဲ့တာဖြစ်သည်။
