Unicode
Section-1
ဂျောင်ဂု ဂျီမင်းတို့အိမ်ကိုရောက်တော့ ညနေ၅နာရီခွဲလောက်ရှိပြီ။ တကယ်တမ်း Partyစမှာက ၆နာရီဆိုပေမယ့်
ဂျီမင်းhyungကို တွေ့ချင်တာကြောင့် စောစောထွက်လာလိုက်တာ~ရာသီဥတုကလည်း ကိုယ့်ဘက်ပါတယ်ဆိုရမလား~မိုးမရွာဘဲ...အပူချိန်ကလည်း ခပ်လျော့လျော့...
Bellတီးလိုက်တော့ အိမ်ထဲကထွက်လာတဲ့
ဂျီမင်းhyungကိုတွေ့ရသည်။ သူကသာ
စိတ်စောပြီးထွက်လာတာ ဂျီမင်း hyung ကတော့ဖြင့် ရေတောင်မချိုးရသေးတဲ့ပုံ။"ဂျောင်ဂုရောက်လာပြီလား~hyungက
ရေတောင်မချိုးရသေးဘူး"သူ့ဆံပင်သူဖွရင်း ပြောလာတဲ့ hyungဟာ ဂျောင်ဂုကို အားနာနေပုံရတယ်။
"ဟုတ်တယ်hyung~စောထွက်လာလိုက်တာ"
"အိမ်ထဲဝင်ဦးနော်"
အခုလိုကျတော့လည်း hyungက သူ့ကို ရင်းရင်းနှီးနှီးစကားပြောသားပဲ~
"ယွန်ဂီhyungက သူငယ်ချင်းတစ်ယောက် ရုတ်တရက်ဆေးရုံတက်ရလို့~ထယ်ယောင်းနဲ့အတူသွားကြည့်ကြတယ်.....စောရင်အိမ်ကိုပြန်လာမယ်လို့ပြောတယ်၊ နောက်ကျရင်တော့ အဲ့ဒီကနေပဲ သူတို့တန်းလာလိုက်တော့မယ်တဲ့"
ဂျောင်ဂု အိမ်ထဲ ဝေ့ဝဲကြည့်နေတာကို သတိပြုမိပုံရတဲ့ hyungကပြောပြတယ်။
"ရော့~ဒါလေးသောက်ပြီး ခဏစောင့်နော်~hyung ရေသွားချိုးလိုက်ဦးမယ်"
လိမ္မော်ဖျော်ရည်ခွက်လေးကို ချပေးရင်း
ဂျောင်ဂုကို ပြုံးပြနေတဲ့ hyungဟာ တကယ်ကို ချစ်စရာကောင်းတယ်။အိမ်နေရင်း T shirt အဖြူလေးဝတ်ထားပြီး ပုံမသွင်းထားတဲ့ ဆံပင်ပွပွနဲ့လည်း hyungဟာ ကြည့်ကောင်းနေတာပဲ~ဘယ်လိုတောင် ဆုတောင်းကောင်းတာပါလိမ့်.....