Unicode
Section-1
ရာသီဥတုသာယာတဲ့မနက်ခင်းတစ်ခုမှာ ထယ်ယောင်းတို့သုံးယောက်အတူ ရုံးတက်ဖြစ်ကြသည်...ပုံမှန်ဆို ဂျီမင်းကို ဂျောင်ဂုကရုံးတက်ဖို့လာကြိုနေကြပေမယ့် ဒီနေ့တော့ မိဘတွေphoneဆက်ခေါ်လို့ အိမ်သွားနေရတာကြောင့် သူတို့သုံးယောက်အတူလာဖြစ်ကြတာ...
ရုံးရောက်တာစောနေတာကြောင့် Tradexရုံးချုပ်အဆောက်အဦဘေး ပန်းခြံမှာ သုံးယောက်အတူထိုင်ဖြစ်ကြတယ်...
"နေရောင်လေးကနွေးနေတာပဲနော်.... hyung..."
"ဟုတ်တယ်.....နေလို့ကောင်းလိုက်တာ...."
နေရောင်နွေးနွေးလေးကို မျက်စိမှိတ်ပြီး ခံယူနေတဲ့ ယွန်ဂီhyungက တကယ်ကြောင်လေးနဲ့တူတယ်.....ကြောင်လေးတွေလို အမြဲလက်သည်းဝှက်ပြီးနေတက်တဲ့ hyungဟာ
သူ့အပေါ် စိတ်ဆိုးစိတ်ကောက်လုပ်လေ့မရှိ..ဘယ်လိုနေနေချစ်စရာကောင်းတဲ့ hyungဟာ စိတ်ဆိုးရင်လည်း ချစ်စရာကောင်းမှာပါပဲလေ....
သူတွေးနေတုန်း မြင်လိုက်ရတာက ဂျောင်ဂုကား......နောက်ပြီး ကားပေါ်မှာမိန်းကလေး
တစ်ယောက်လည်းပါသေးသည်....ဂျောင်ဂုက ကားရပ်ပြီးတာနဲ့ ဂျီမင်းကို ပြုံးပြရင်း အနားကိုမပြေးရုံတမယ်ရောက်လာတယ်....
"hyungရောက်နေတာကြာပြီလား....."
"မကြာသေးပါဘူး...."
ဂျီမင်းကစကားပြောနေရင်း ဂျောင်ဂုဘေးကမိန်းကလေးကို မသိမသာအကဲခတ်နေတယ်....
"သူ့နာမည်က ချယ်ဝန်းတဲ့ hyung .... Architect Majorနဲ့ကျောင်းပြီးတာ....အဲ့တာအလုပ်လုပ်ချင်တယ်ဆိုပြီးအကူအညီတောင်းလို့..."
အလောတကြီးရှင်းပြနေတဲ့ ဂျောင်ဂုကို
ဂျီမင်းကပြုံးပြတယ်.....ထယ်ယောင်းသိသလောက်ဆို ဒါကျွဲမြှီးတိုသွားတဲ့အပြုံး...ဂျီမင်းကသိပ်သဝန်တိုတတ်တာ....ချစ်သူကိုမပြောနဲ့ သူငယ်ချင်းအချင်းချင်းတောင် သူ့ထက်ပိုခင်တဲ့ သူရှိတာမကြိုက်တဲ့သူ...
သူနဲ့ရုံးအတူမသွားဘဲ အခုမှမိန်းကလေးတစ်ယောက်နဲ့ ရောက်လာတဲ့ ဂျောင်ဂုကို ကောက်ဖို့ပြင်နေပြီ....လူအများရှေ့မှာမို့
စိတ်မကောက်သလိုနေနေတာ......