Chapter-15

3.3K 421 42
                                    

Unicode

Section-1

သိပ်မကြာခင်မှာပဲ ဂျီမင်းhyungကို မိသားစုနဲ့တွေ့ပေးဖို့ ဂျောင်ဂုစီစဥ်ခဲ့သည်။

"ဂျောင်ဂု....hyung ရင်တွေတအားတုန်နေတယ်...ဂျောင်ဂုအိမ်က သဘောမတူရင်ဘယ်လိုလုပ်မလဲ...."

"စိတ်မပူပါနဲ့ hyungရယ်....ကြည့်ပါဦး ချွေးတွေတောင်ထွက်နေပြီ...."

hyungနဖူးနဲ့ လက်တွေမှာထွက်နေတဲ့ချွေးလေးတွေကို သုတ်ပေးရင်း သူအားပေးတော့ hyungက​ အသာလေးငြိမ်နေတယ်...

"ကျွန်တော့်ကို ကြည့်....ဘာမှစိတ်ပူစရာမလိုဘူး~အခုသွားတာလည်း အသိပေးရုံပဲ....အိမ်ကသဘောမတူလည်း ကျွန်တော်နောက်မဆုတ်ဘူး....ပြီးတော့ hyungက ဒီလောက်
ပြည့်စုံတာကို..ကျွန်တော်က hyungမိဘတွေသဘောမတူမှာကို စိုးရိမ်နေတာ...."

"hyungအိမ်က စိတ်ပူစရာမလိုပါဘူး
ဂျောင်ဂုရယ်...ဘာဖြစ်ဖြစ်အတူတူရင်ဆိုင်ကြမယ်လေနော်...."

တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်အားပေးရင်း အိမ်ရောက်လာခဲ့သည်...

"သားတို့ရောက်လာပြီလား.....လာ~အိမ်ထဲဝင်ကြစို့..."

မိသားစုတစ်ခုလုံးက နွေးနွေးထွေးထွေးကြိုဆိုတော့ hyungက စိတ်သက်သာရာရသွားပုံ....

"မာမား ~ဒါ သားချစ်သူ..."

"ပတ်ဂျီမင်းလို့ခေါ်ပါတယ် ခင်ဗျ..."

"သားငယ်လေးကို ဆေးရုံပို့ပေးတုန်းကတစ်ခါဆုံဖူးတယ်လေ...ငယ်ရုပ်ကလေးတော့ပျောက်မသွားဘူး...ပိုတော့ချောလာတယ်...."

hyungလက်ကို ကိုင်ရင်းမာမားကရင်းရင်းနှီးနှီးပြောတယ်....

စကားနည်းတဲ့ပါပါးကတော့ ခပ်အေးအေးသာနှုတ်ဆက်တယ်...

ဂျောင်ဂု မိဘတွေနဲ့တွေ့ရတာ အဆင်ပြေလို့တော်သေးတယ်လို့ တွေးမိပြီး အခုမှ ဂျီမင်းစိတ်အေးသွားရတယ်....

"ဂျီမင်းလာမယ်ဆိုလို့ hyungကိုပါ ချိန်းထားတာအကုန်ဖျက်ခိုင်းထားတာ ဂျီမင်းရေ...."

ညီဖြစ်သူကို ချစ်စနိုးနဲ့ ခေါင်းလေးပုတ်ရင်းပြောတဲ့ အစ်ကိုဖြစ်သူ ဂျွန်ဟွန်းhyungဟာ
ဂျောင်ဂုကို အတော်အလိုလိုက်ပုံရတယ်...

Close to you(Completed)Where stories live. Discover now