Unicode
Section-1
"လက်မှုပညာရှင်နဲ့တွေ့တာ အဆင်ပြေခဲ့ရဲ့လား ဂျီမင်း....."
"ပြေပါတယ် hyung...တစ်ခုပဲ~ဆရာကြီးက သစ်သားကို မသုံးပဲ ဝါးနဲ့ ကြိမ်ကို သုံးဖို့ အကြံပေးတယ်....."
Jelju-doကို သွားတဲ့ ဂျီမင်းနဲ့ ဂျောင်ဂုဟာ
မသွားခင်ပြောထားသလို အလုပ်ကိစ္စပြီးပြီးချင်းပြန်မလာပဲ တစ်ညအိပ်ပြီးမှပြန်လာခဲ့သည်.......ဒီနေ့မနက်ဂျီမင်း Jelju-doကနေ ပြန်ရောက်တော့ မနက်၁၀နာရီလောက်ပဲရှိသေးသည်။
စနေနေ့ဖြစ်တာကြောင့် သူနဲ့
ယွန်ဂီhyungလည်း အိမ်မှာပဲရှိနေကြတာ....Bellတီးသံကြောင့် သူထွက်ကြည့်တော့
ဂျီမင်းကို လိုက်ပို့တဲ့ ဂျောင်ဂုကို တွေ့ရသည်။အပြန်အလှန်နှုတ်ဆက်နေလိုက်ကြတာများ ဂျီမင်းကလဲ အိမ်ထဲ မဝင်နိုင် ၊ဂျောင်ဂုကလည်း မပြန်နိုင်....
ကြည့်ရတာJelju-doမှာ တစ်ခုခုထူးခြားခဲ့ပုံရတယ်...
ဂျောင်ဂုက အရင်ထဲက ဂျီမင်းကို ဂရုတစိုက်ရှိကြပေမယ့် အခုပုံစံက နှစ်ယောက်သား
မခွဲနိုင်မခွာရက်ဖြစ်နေကြတာ.....ပိုထူးဆန်းတာက ဂျီမင်းရဲ့ အမူအရာ...
စော်ကြည်ဘဲကြည်လေးဖြစ်တဲ့ ဂျီမင်းကို ကြိုက်တဲ့သူတွေအများကြီးရှိပေမယ့် ဂျီမင်းကတော့ခပ်အေးအေးသာဆက်ဆံတယ်...
မနက်ကမြင်ရတဲ့ပုံအရဆို ဂျီမင်းကလည်း ဂျောင်ဂုကို စိတ်၀င်စားနေပြီလို့သူထင်တယ်...ဘယ်ကိစ္စကိုပဲဖြစ်ဖြစ် သူနဲ့တိုင်ပင်လေ့ရှိတဲ့ဂျီမင်းဟာ အခုတော့ သူ့ကိုဘာမှမပြော..
နှစ်ယောက်ထဲရှိမှ ဂျီမင်းကို မေးကြည့်ရမယ်လို့ သူတွေးမိတယ်...
ငါ့ကိုမတိုင်ပင်ဘဲ လုပ်ချင်ရာလုပ်လို့ကတော့~ ပတ်ဂျီမင်းရေ ကိုယ့်ဘဝကိုယ်တွေးပေါ့ကွာ......
အခုလည်း ဂျီမင်းက ပြုံးတုံ့တုံ့နဲ့ဘာတွေတွေးနေမှန်းမသိ .....
"ဆောင်းတွင်းဆိုတော့ Jelju-doမှာ အရမ်းအေးမှာပဲနော် ဂျီမင်း....."
