Unicode
Section-1
"ညနေလမ်းသွားလျှောက်ကြမယ်နော် hyung"
"ထယ်ယောင်း ပင်ပန်းနေပါ့မယ် .... hyungဘာသာ သွားလိုက်မယ်လေ....."
"မရပါဘူး....ကျွန်တော်လိုက်ပို့မှာပါ...."
"အဲ့တာဆိုသွားမယ်လေ....ဂျီမင်းရော လိုက်ဦးမလား....."
ယွန်ဂီhyungက ခေါ်ချင်ပေမယ့်.....
ထယ်ယောင်းကတော့ ဟန်လုပ်ပြီးတောင်
မခေါ်...မသိချင်ယောင်ဆောင်နေတယ်...."မလိုက်တော့ဘူး hyung....ကျွန်တော် ခြံထဲမှာလုပ်စရာလေးရှိလို့"
သူ့အဖြေကို ကင်ထယ်ယောင်းက
ခေါင်းတငြိမ့်ငြိမ့်နဲ့ပြုံးတယ်......ထယ်ယောင်းနဲ့ ယွန်ဂီhyung လမ်းလျှောက်သွားကြတော့ ညနေ ၅နာရီထိုးနေပြီ~အလုပ်ပိတ်တဲ့ Sundayဖြစ်တာကြောင့်
သူအရင်တစ်ပတ်က ဝယ်လာခဲ့တဲ့ million bells ပန်းမျိုးစေ့တွေကို အိုးလေးနဲ့ စိုက်ဖို့လုပ်ထားသည်။တစ်ခါ googleမှာမြင်လိုက်ရတဲ့ ရောင်စုံ million bells ပန်းပွင့်တွေကို မြင်ပြီး စိုက်မယ်လို့ ရည်ရွယ်ထားတာ....
နွေဦးရောက်ပြီဖြစ်တာကြောင့် ရာသီဥတုက သာယာနေတယ်.....
သူပန်းစိုက်ဖို့ ပြင်နေတုန်း ခြံရှေ့ကနေ
ကားသံကြားလိုက်ရလို့ ကြည့်လိုက်တော့...."ဂျောင်ဂုပါလား......"
သူတံခါးဖွင့်ပေးတော့ ခြံထဲထိ ကားမောင်းဝင်လာတဲ့ ဂျောင်ဂုဟာ ချက်ချင်းပြန်မယ့်ပုံတော့မဟုတ်....သူတွေးနေတုန်းမှာပဲ ကားပေါ်ကနေ ခပ်ပြုံးပြုံးနဲ့ ဆင်းလာလေတယ်...T shirt အဖြူပေါ်ကနေ shirtအင်္ကျီ လက်ရှည်ထပ်ဝတ်ထားပြီး jeanဘောင်းဘီမိုးပြာရောင် ဝတ်ထားတဲ့ ဂျောင်ဂုဟာ အတော်လေးကို ကြည့်ကောင်းတာပဲ.....
"ယွန်ဂီhyungမှာထားတဲ့ စာအုပ် လာပို့ပေးတာ.......hyung"
"ယွန်ဂီhyungနဲ့ ထယ်ယောင်းလမ်းလျှောက်သွားကြတယ် ဂျောင်ဂု....."
"သိတယ်hyung..ကျွန်တော်phoneဆက်လိုက်တယ်.....ဒါနဲ့ အပင်စိုက်မလို့လား...."
သူ့လက်ထဲက မျိုးစေ့ထုပ်ကို ကြည့်ပြီး
ဂျောင်ဂုက စူးစမ်းသလိုမေးတယ်.....