Zawgyi 🏆
"ဟာ သားကြီး မတွေ့တာ ကြာပြီ"
အောင်ခန့် အပြောကို လဝန်းက ထောက်ခံသည့်သဘောနဲ့ ခေါင်းညိတ်လိုက်သည်။
"ချမ်းမြေ့ နင်ကျောင်းတက်ရတာရော အဆင်ပြေရဲ့လား"
"အင်း မတွေ့တာတောင်ကြာပြီ ကျောင်းတက်ရတာအဆင်ပြေပါတယ်ဟာ အောင်ခန့် နဲ့ လဝန်း မင်းတို့ကော အဆင်ပြေ ရဲ့လား "
" ငါတို့က အဆင်ပြေပါတယ် ဒါနဲ့ မင်းကော မင်းတို့တက္ကသိုလ်မှာ crush လေး ဘာလေး မရခဲ့ဘူးလား "
"အမယ် မေးရက်လိုက်တာ သူက သူရဲ့ကျောင်းတုန်းက crush ကိုမေ့နိုင်ပြီထင်လို့လား"
"လဝန်း ပြောသလိုဘဲ ငါ အကိုသျှံကိုမေ့လို့မရသေးဘူးကွ"
"မင်းနဲ့ အကိုသျှံ နဲ့ကော အဆင်ပြေရဲ့လား "
"ဒီလိုပါဘဲကွာ ဟိုက ငါ့ကို စကားတောင်လာမပြောဘူး ငါပြောမှဘဲ ပြောတာကွ ဝတ္ထု တွေထဲကလို ပြန်မွေးဖွားခွင့်ရရင် ငါ အကိုသျှံ ကို မချစ်မိအောင်နေမယ်ကွာ "
လဝန်းကရယ်ကျဲ ကျဲ ဖြင့် "နင်က အဲအကို ကို မချစ်မိအောင်နေမယ် အောင်ခန့် စာသင်ရင် မအိပ်ငိုက်တော့ဘူး ဆိုရင်တော့ ယုံလိမ့်မယ် နင်က မချစ်မိအောင်နေမယ် ဆို တာလုံးဝ မဖြစ်နိုင်ဘူး "
"ဟာ ငါကစာနဲ့ ဓာတ်မတည့်တာကွ စာဆိုတဲ့အသံကြားရင် မျက်စိက သူ့အလိုလို အိပ်ငိုက်လာတာ ငါ တောင်ပြောမရဘူး ငါ့မျက်စိကို "
"ဟား ဟား အေးပါကွာ မင်းမှာလေ့ ဒါနဲ့ ငါက အကိုသျှံ ကို အဲလောက်ဖြစ်နေလို့လား"
ဟု စဉ်းစားဟန်ဖြင့် ချမ်းမြေ့က သူ့အရှေ့တွင်ထိုင်နေသော အောင်ခန့်နဲ့ လဝန်းအားမေးလိုက်သည်
"အဲထက်အများကြီးကို ဖြစ်နေတာ "ဟု ပြိုင်တူဖြေ ကြ သော သူ့သူငယ်ချင်းနှစ်ယောက် ကိုကြည့်ရင်း သူနဲ့ အကိုသျှံ အကြောင်းစဉ်း စားလိုက်သည်။