Zawgyi 🏆
2019 ခုနှစ် , ဒီဇင်ဘာလ ဒုတိယအပါတ်
၈ရက် ဗုဒ္ဓဟူးနေ့ နံနက်ခင်း ၉ နာရီအချိန်ခန့်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း
ခွဲစိတ်ကုသဆောင်တစ်နေရာ၌ ။" ဒေါ်အေးမော် " ဖောင်ဒေးရှင်းမှတာဝန်ယူ
ထောက်ပံ့သော ဆယ်ကျော်သက်ကောင်ငယ်လေးတစ်ယောက် နှလုံးအစားထိုးကုသရန်
ယနေ့နံနက်ခင်းအချိန်ခန့်တွင် ဆေးရုံကြီးသို့
ရောက်လို့လာခဲ့သည် ။" သား လာ ဒီလမ်းအတိုင်း "
" ဟုတ် "
နေထိုင်ရမည့်အခန်းသို့သွားရာ ကော်ရစ်ဒါ လမ်းတစ်လျှောက်တွင် မထင်မှတ်ပဲ
တစ်စုံတစ်ယောက်နှင့်ဝင်တိုက်မှုလေးတစ်ခု။"အ့....."
ကျွန်တော့်အနေနဲ့ အနောက်သို့ခြေတစ်လှမ်း ယိုင်သွားရုံမျှလွဲ၍ မည်သို့မျှမဖြစ်ပေမယ့်
တစ်ဖက်လူအနေနဲ့ ဆေးရုံကြမ်းပြင်ပေါ်
ပက်လက်လေးထိုင်လျက်လဲကျသွားသည်။
ထိုမျှသာမက သူ့လက်လေးထဲက
ကိုင်ဆောင်ထားသော ထမင်းဘူးကပါ
ကြမ်းပြင်ပေါ်သို့ လွင့်စင်လို့သွားသည်။"ဟယ် ...သား....လွှမ်းသွေးခ
သြော် ဘယ်လို့ဖြစ်ရတာလဲသားရယ်
ထ ....ထ ... ထမင်းဘူးတွေပါ
မှောက်ကျကုန်ပြီ "ကျွန်တော့်အခန်းကိုလိုက်ပြပေးသူ ဘေးနာက
အပြာဝတ် nurse ဆရာမကြီးက ကြမ်းပြင်ပေါ်လဲကျနေသူကို ပြန်ထဖို့ကူညီပေးရင်း နှုတ်မှလည်းတတွတ်တွတ်ဆိုနေလေသည် ။