Zawgyi 🏆
ဟန်ဆောင်ကောင်းခဲ့ပါတယ်
_____________________________ကန်ဘောင်ရဲ့တစ်ဖက်မှာထိုင်ကာ
ကန်ရေပြင်ကိုငေးနေသော ကောင်လေးတစ်ယောက်
သူကတော့ အလင်းအိမ်....
နာကျင်နေစေခဲ့တဲ့အတိတ်ဆိုးကိုတွေးနေပေမယ့်
နှုတ်ခမ်းထက်၌အပြုံးတစ်ခုကတော့ရှိနေတယ်
နှလုံးသားထဲမှာနာကျင်နေပေမယ့်...
သူပြုံးထားပါတယ်...ဘာလို့အဲ့လို့ပြုံးနိုင်တာလဲဆို
သူကဟန်ဆောင်တတ်တဲ့.....ဟန်ဆောင်ကောင်းသူလေ
.
.
.
.
သူ့ကိုအလင်းစတွေ့ခဲ့တာ..အလင်းကိုးတန်းကျောင်းသား
အရွယ်မှာပါ....ဟိုဘက်အိမ်ကိုလူတွေအသစ်ပြောင်းလာ
ခဲ့တယ်...စူးစမ်းလိုစိတ်နဲ့သွားကြည့်ခဲ့မိတယ်..
ကားပေါ်မှာဆင်းလာတဲ့သူ...သူ့ပုံရိပ်လေး...
အလင်းနှလုံးသားအခန်း၎ခန်းရှိသည့်အနက်..
တစ်ခန်းကိုအပိုင်ယူသွားခဲ့ပြီ..နောက်..
အလင်းမြင်လိုက်ရသော...
သူ့ရဲ့တည်ကြည်လှပါသောမျက်နှာ...
အလင်းနှလုံးသားရဲ့နောက်တစ်ခန်းကို..
နေရာဝင်ယူသွားပြန်တယ်....သူ့အလင်းကို
ကြည့်လာတယ်...သူရဲ့စူးရှတဲ့အကြည့်..
နောက်တစ်ခန်းကိုအပိုင်ယူသွားပြန်ပြီ...
နောက်တော့...သူပြုံးပြလာတဲ့သူ့ရဲ့အပြုံး...
နောက်ဆုံးတစ်ခန်းကိုအပိုင်သိမ်းသွားခဲ့တယ်..
ထိုအချိန်ကစပြီးအလင်းနှလုံးသားတစ်ခုလုံး..
သူတစ်ယောက်ထဲနဲ့ပြည့်နှက်သွားခဲ့တယ်...
.
.
သူ့နာမည်ကတော့ နေရင့်ရောင်...
သူကဆယ်တန်းဖြေပြီး uni တက်မယ့်သူ..
သူနဲ့အလင်း အရမ်းရင်းနီးခဲ့တယ်...
သူနဲ့အလင်းကအရွယ်မတိမ်းမရိမ်းမို့..ပိုပြီးပေါင်းခဲ့ကြတယ်
သူက သူ့ထက်ငယ်တဲ့အလင်းကို..အလျော့ပေးကာ
အလိုလိုက်ခဲ့တယ်...
.
သူ့အပေါ်ထားတဲ့အလင်းခံစားချက်တွေကို..
သေသေချာချာသိခဲ့တဲ့နေ့...ဆယ်တန်းစားမေးပွဲဖြေခါနီး..
အချိန်..သူကအလင်းကိုအိမ်မှာလာပြီး..စာပြပေးခဲ့တယ်
သူအလင်းကိုစာကျက်ဖို့ပေးပြီး..သူအိပ်ပျော်သွားတယ်
စားပွဲခုံပေါ်လက်တင်ကာဘေးစောင်းအိပ်နေသောသူနဲ့
အလင်းရဲ့ပတ်သတ်မှုအပေါ်ကိုအရောင်တွေကို
အလင်းဘက်မှစတင်ဆိုးခဲ့မိတယ်...
ထိုအချိန်အလင်းကမ္ဘာမှာ..သူ့ပေးတဲ့အလင်းရောင်တွေနဲ့
လင်းနေတဲ့...အလင်းအိမ်လေးလိုခံစားမိခဲ့တယ်..
.
.
အလင်းဘက်ကသူ့ကိုချစ်ခဲ့ပေမယ့်..
သူကတော့..ယောကျာ်းအချင်းချင်းချစ်လို့ရမှန်းတောင်
မသိခဲ့တဲ့..အရမ်းတုံးတဲ့သူရယ်ပါ..
အလင်းတက္ကသိုလ်စတက်တော့ သူကတတိယနှစ်
ရောက်နေပြီ...ထိုအချိန်ထိသူ့အပေါ်ထားတဲ့
အလင်းရဲ့အချစ်တွေကိုသူမရိပ်မိခဲ့ပါဘူး..
နည်းနည်းလေးတောင်မှပေါ့...
အလင်းလဲပေးမသိခဲ့ပါဘူး...သူ့အပေါ်ထားတဲ့အချစ်စိတ်က
ပိုင်ဆိုင်လိုတဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်တွေမပါပါဘူး
သူ့ကိုဘေးကနေကြည့်နေရုံလေးနဲ့ကျေနပ်မှာပါ..
ကြည့်နေနိုင်ခွင့်ရှိသေးတဲ့အချိန်အထိပေါ့...
အလင်းသူ့အပေါ်ထားတဲ့အချစ်တွေကိုဖုံးကွယ်ထားမှာပါ
ဖုံးလဲဖုံးကွယ်နိုင်မှာပါ...ဘာလို့လဲဆို
အလင်းကဟန်ဆောင်ကောင်းတယ်လေ
.
.
အလင်းရဲ့ဘေးကနေကြည့်နေခွင့်အချိန်လေးတောင်
ကုန်ဆုံးသွားပြီထင်တယ်...
ကြားလိုက်ရတဲ့သတင်း..ချစ်ရသူကိုယ်တိုင်လာပေးသွားတဲ့
စေ့စပ်ကြောင်းလမ်းသော အပြာရောင်ဖိတ်စာလေး..
အဲ့အချိန်ကိုရောက်လာမယ်မှန်းသိပါတယ်...
အလင်းရီမောပြီးစနောက်နိုင်ခဲ့သေးတယ်..
အသိတောင်မပေးဘူးဆိုပြီးတော့...
အဟက်..ရင်ဘတ်ထဲကနာတာပေါ့...
ချစ်ရသူကအခြားတစ်ယောက်ကိုလက်ထပ်တော့မှာ...
ဒါပေမယ့်..နာကျင်နေဟန်မပြခဲ့ပါဘူး...
အလင်းကဟန်ဆောင်ကောင်းတယ်လေ..
ဒါပေမယ့်...တကယ်ချစ်ခဲ့တော့လည်း..
ချစ်ရသူကိုကြည့်နေခွင့်လေးတောင်မရတော့ဘူးဆိုတဲ့
အသိနဲ့...ထိုညမှာအလင်းရဲ့အိပ်ခန်းထဲ
ငိုညည်းသံသဲ့သဲ့လေးဖြစ်ပေါ်ခဲ့ပါတယ်...
.
.
သူဘွဲ့ရပြီးသိပ်မကြာခင်မှာဘဲ...လက်ထပ်ပွဲကိုစီစဉ်ခဲ့ကြတယ်..သူ့မင်္ဂလာပွဲအထိသွားပြီး..အလင်းတက်ရောက်နိုင်
ခဲ့ပါတယ်...သူရဲ့ဇနီးဖြစ်တော့မယ်သတို့သမီးလောင်းလေးရဲ့
လက်ကိုဆွဲကိုင်ကာ...အလင်းရှိရာသို့လာခဲ့တယ်
အလင်းပြောနိုင်ခဲ့တယ် "ဂုဏ်ယူပါတယ်.."လို့..
အလင်းမျက်လုံးမှာနာကျင်ရိပ်တို့..ဝမ်းနည်းမှုတို့
ရှိနေမှာမဟုတ်ပါဘူး..ဒါပေမယ့်နှလုံးသားကတော့..
သေလောက်အောင်နာခဲ့ပါတယ်..အလင်းရဲ့နှလုံးသားထဲမှာ
သူ့ကိုသိမ်းထားတာမို့ပါ..
မင်္ဂလာပွဲပြီးမှ..အလင်းနှုတ်ဆက်စကားပြောပြီးပြန်ခဲ့ပါတယ်
အလင်းအသည်းမာတာတော့မဟုတ်ပါဘူး...
နှလုံးသားကသေလောက်အောင်နာကျင်နေပေမယ့်လည်း
အလင်းဟန်ဆောင်ကောင်းနေခဲ့တုန်းပါဘဲ...
.
.
ထိုနေ့ညသူတို့ခြံထဲမှာ dinner ပွဲလုပ်ကြသေးတယ်..
အလင်းတက်ရောက်ခဲ့ပါတယ်..
ပျော်ပျော်ရွင်ရွင်ပြောနိုင်ခဲ့တဲ့အထိအလင်းဟန်ဆောင်နိုင်
ခဲ့တယ်...နောက်..
လူပျိုညအဖြစ်နဲ့သူနဲ့အတူအရက်သောက်ခဲ့သေးပါတယ်
သူ့သူငယ်ချင်းတွေပြန်သွားပေမယ့်လဲ..
သူကဆက်သောက်နေတုန်းမို့..အလင်းသူ့ကိုစောင့်ရင်း
အိပ်ပျော်သွားခဲ့တယ်...
အလင်းနိုးလာတော့..အိမ်ပြန်ရောက်နေပြီ..
အော်...သူတောင်ပိုင်ရှင်ရှိသွားခဲ့ပြီ
အလင်းနာကျင်ပေမယ့်..အပြုံးတစ်ခုကဖြစ်ပေါ်နေခဲ့ပါတယ်
နာကျင်နေတဲ့အချိန်မှာပြုံးနေနိုင်တာဘာကြောင့်လို့ထင်ပါသလဲ..?...ဘာလို့ဆိုအခု...
အလင်းချစ်ရသူရဲ့ဘဝကိုစိတ်ချသွားရပြီလေ...
သူ့ဘဝကနောက်ဆိုသားသားမီးမီးတွေနဲ့ပျော်စရာကောင်း
တော့မှာ...သူ့အလင်းတွေနဲ့လင်းနေတဲ့အလင်းရဲ့အိမ်လေးကို
စတေးလိုက်ရပေမယ့်လဲ...အလင်းကျေနပ်ပါတယ်
အလင်းလဲရင့်ကျက်နေပါပြီ...သူကိုစချစ်မိကတည်းက
အချစ်ကရူးမိုက်လို့ရတဲ့အရာမဟုတ်ဘူးလို့..
အလင်းထင်တယ်...ဒါပေမယ့်
ပေးဆပ်တယ်ဆိုမှအချစ်လို့မည်တာမဟုတ်ပါဘူး
လူတွေအတွက်အချစ်က ကိုယ့်အဓိပ္ပါယ်နဲ့ကိုရှိမှာပါ..
ဒါပေမယ့်..အလင်းအတွက်ကတော့
အလင်းရဲ့အချစ်အဓိပ္ပါယ်က..ချစ်ရသူအတွက်ပေးဆပ်ခြင်းပါ
.
.
အလင်းအခုချိန်သူနဲ့ဆုံဖြစ်ရင်..
ကောင်းကောင်းနှုတ်ဆက်နိုင်ပါတယ်...
သူ့အပေါ်မှာဘာစိတ်မှမရှိခဲ့သလိုပေါ့
ဘာလို့ဆို...အလင်းကဟန်ဆောင်ကောင်းတယ်လေ
.