Zawgyi 🏆
"ငါ့ကိုကြည့်စမ်း"
နုနုရွရွမေးဖျား လေးကို ဆွဲယူကာ သူပြောနေကြစကား...
သူဒီစကားဆိုတိုင်းလည်း ကိုယ့်ဘက်လွန်ဆန်နိုင်ခြင်းမရှိ...
အနည်းငယ်တုန်နေသော လက်ဖဝါးကသာကိုယ့်ရဲ့စိတ်အခြေအနေကိုသိနိုင်တယ်"ကြောက်နေတာလား"
ကြောက်တာပေါ့၊ကိုယ်ကိုယ်တိုင်ဆူးပုံကြားခုန်ဝင်ခဲ့သည်မို့ ပြန်ထွက်ဖို့ကမဖြစ်နိုင်ချေ။
လက်ရှိကိုယ့်ဘဝက သားရဲတွင်းထဲခုန်ဆင်းမိတဲ့သားကောင် တစ်ကောင်ကဲ့သို့ တုန်ရီနေသည်။"ငါ့ဆီကထပ်ထွက်မသွားရဘူးနော်"
ပျော့ပျောင်းလှသော လက်ကောက်ဝတ်ကိုအားနဲ့ညှစ်ကာ ခပ်တိုးတိုးလေသံဖြင့်ပြောနေသူ ထိုလူကို Alex ဘာကြောင့်ချစ်ခဲ့မိတာလဲ
"ကျွန်တော့်ကိုလွှတ်ပေးပါ
ကျွန်တော်နာတယ်"နီရဲနေသော လက်ကောက်ဝတ်အား လွှတ်လိုလွှတ်ငြား ရုန်းကန်သော်လည်း ကိုယ့်အားနဲ့သူ့အား ယှဉ်နိုင်စရာအလျဉ်းမရှိ။
"မရုန်းနဲ့လို့ ငါပြောနေတယ်!!"
ထိန်းချူပ်ထားသော မျက်ရည်တို့ အလီလီကျလာလေပြီ၊မုန့်စားချင်သောကလေးငယ်ကို မကျွေးပဲထားသည်သကဲ့သို့ Alex ရဲ့မျက်နှာမှာ ငိုကြွေးမှုကနေရာယူလျက်...
"တိတ်စမ်း!!"
ဒေါသထွက်နေတဲ့သူ့ကို မလွန်ဆန်ရဲသလို ဒီနေရာကလည်းထွက်ပြေးသွားချင်မိတယ်
တအိအိနဲ့ ငိုနေတဲ့ ကလေးငယ်ကို ခပ်ကြမ်းကြမ်းလက်ဖဝါးနဲ့ အသာအယာသုပ်ပေးကာ ထိုစကားဆို၏
"နောက်ကိုငါ့ကိုမထားသွားပါနဲ့
ဘယ်တော့မှ....မသွားနဲ့"ရွေအိုရောင်ဆံသားတို့အား အသာဖွကာ နူးညံ့လှတဲ့နှုတ်ခမ်းအား လက်မနဲ့အသာပိတ်ရင်း...