Zawgyi🏆မီးတောက်မီးလျှံတို့က ပြင်းပြစွာတောက်လောက်နေသည်။ဘေးဘက်နံရံတို့ကိုလည်း သံဆူးချွန်များဖြင့် ကာရံထား၏။တိုက်ခတ်နေသောလေမှာလည်း အပူငွေ့များ တထောင်းထောင်းထလျက်ရှိလေသည်။ ထိုနေရာတွင် မြစ်ချောင်းတစ်စင်းသည်လည်း တစ်သွင်သွင် စီးလျက်ရှိပေသည်။ ထိုမြစ်သည် အပူတို့ကို ငြိမ်းစေနိုင်သော စမ်းချောင်းငယ်ဟုတော့ အသင်မထင်လိုက်လေနှင့်.....အသင့်အား တစ်ခဏအတွင်းအရည်ပျှော်စေနိုင်သော ချော်ရည်ပူမြစ်ပင်.... ထိုမြင်ကွင်းကို မြင်ရသူအပေါင်းမှာ မြင်ရုံမျှပင် အငွေ့ပျံတော့မည်ဟု ခံစားရနိုင်လေသည်။
ဟုတ်ကဲ့ အသင်၏အထင်မှန်ပါပေသည်။ ဤနေရာသည် ငရဲပြည်ပင်တည်း။
ပို၍တိတိကျကျဆိုရမည်ဆိုပါက ငရဲသားတို့အား အပြစ်ပေးရန် လေကျင့်ပေးသော ငရဲထိန်းလေ့ကျင့်ရေးစခန်းရှိရာပင် ဖြစ်ပါလေတော့သည်။
ထိုပတ်ဝန်းကျင်၏အလယ်တွင်တော့ နန်းတော်ကြီးတစ်ခုရှိသည်။ နန်းတော်၏ဘေး၌
"အို အသင်မိတ်ဆွေ ငရဲထိန်းလေ့ကျင့်ရေးစခန်းမှ နှိပ်စက်ရန်ကြိုဆိုနေပါ၏"
ဟူသော စာသားကို သပ်ရပ်ခမ်းနားကြီးကျယ်စွာ ဆိုင်းပုဒ် ပြုလုပ်ထားလေ၏။
အရပ် ၆ ပေကျော် ငရဲထိန်းတို့က နန်းတော်ရှေ့တွင် ကင်းစောင့်နေကြသည်။ထိုနန်းတော်ကြီးထဲမှ ခန်းဆောင်ကြီးထဲတွင် ခန့်ညားစွာထိုင်နေသော ငရဲထိန်းလေ့ကျင့်ရေးစခန်း၏ ခေါင်းဆောင် ငရဲမင်း ၂၇ ရှိလေသည်။ ထိုသူသည် ပျင်းရိစွာ ထိုင်လျက်ရှိရာမှ အပြစ်သားခေါ်ဆောင်သူငရဲထိန်းတို့ဝင်လာသည်ကို မြင်သောအခု ခါးကိုမတ်လိုက်လေသည်။