Zawgyi 🏆
သုယံတစ်ယောက် ပျင်းရိလေးတွဲစွာ အိပ်ယာပေါ်မှ မထချင် ထချင်ဖြင့် ထထိုင်လိုက်သည်.. အချိန်ကြည့်တော့ မနက် ၅နာရီထိုး
ထို့နောက် သုယံ၏ခေါင်းသည် အပေါ်မော့လိုက်ပြီးနောက်..လူသေတစ်ယောက်၏ခေါင်းကဲ့သို့ အထိန်းအချုပ်မဲ့စွာ အရှေ့ဘက်ကို ငိုက်ကျသွားသည်.
ခဏအကြာတွင် စောင်ပေါ်သို့ မျက်ရည်စက်လေးများကျလာတော့သည်... သုယံ ငိုနေခြင်းသာ..
သုယံသည် တစ်ဦးတည်းသော သားလေးဖြစ်ကာ သူတို့မိသားစု၏နောက်ဆုံးမျိုးဆက်လည်းဖြစ်သည်..... သုယံ၏ဖခင်ဖြစ်သူ ချူးဦးယံ သည် သုယံ ၅နှစ်သားလောက်ကတည်းက. ကား Accident ဖြစ်ပြီး လူသားသစ်ပင်အဖြစ်အိပ်ယာပေါ်လှဲနေခဲ့သည်မှာ အခု သုယံပင် အသက်၁၇နှစ်ရှိနေပြီ.. ပြန်လည်နိုးထလာခြင်းမရှိသေးချေ...
မိခင်ဖြစ်သူ မေသော်ယွန်း သည်လည်း သုယံနှင့် တစ်ရက်ကို တစ်မိနစ်လောက်ပင် ဆုံတွေ့မိဖို့ မလွယ်ကူလောက်အောင် အလုပ်များနေခဲ့သည်... သုယံတို့ မိသားစုသည် ပိုက်ဆံများထားစရာနေရာမရှိလောက်သည်အထိ ချမ်းသာသောကြောင့် အလုပ်တွေသည် အလွန်များပြားနေရခြင်းဖြစ်သည်...
အချမ်းသာကြီး ချမ်းသာကြသောလူများတွင် ရူးနှမ်းနှမ်းအတွေးစိတ်ကူးများ ရှိနေတတ်ကြသည်... ..တစ်နည်းအားဖြင့်တော့ အချိန်ပြည့် အလုပ်လုပ်နေကြရသော သူတို့စိတ်၏ထွက်ပေါက်အဖြစ်ပေါ့..... သူတို့မိသားစုတွင်လည်း သျူးနောင်တို့ မိသားစုနှင့် ဘိုးဘွားအစဉ်အဆက်ကတည်းက. ပြိုင်ဆိုင်ခဲ့သော ရူးနှမ်းနှမ်း အစဉ်အလာ ရှိခဲ့သည်..
သူ့၏ဖခင်ဖြစ်သူ ချူးဦးယံနှင့် သျူးနောင်၏ဖခင်ဖြစ်သူ သျူးလင်းမောင် တို့ လက်ထပ်ကလဲ ကျောင်းစတတ်ပါပြီ ဆိုကတည်းက တစ်ကျောင်းထဲ တစ်ခန်းထဲတွင် အတူတူ စာသင်ကြပြီး အစစအရာရာ ယှဉ်ပြိုင်ခဲ့သည် ဖြစ်ရာ ...သူ့လက်ထပ်တွင်လည်း... သျူးနောင်နှင့် မူကြို တတ်စကတည်းက.. တစ်ကျောင်းထဲ တစ်ခန်းထဲ မဖြစ်မနေအတူတူ တတ်ရပြီး အစစအရာရာ ယှဉ်ပြိုင်ခဲ့ရသည်