237 25 1
Zawgyi 🏆
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Zawgyi 🏆
************************************************
"မောင်တို့မယ်တို့ကျောင်းခန်းဝင် အပြုံးပန်းကိုဆင် မဂ်လာပါ ဆရာမ ညီညီညာညာ နှုတ်ဆက်ကြ"
"တော်လိုက်တာကွာ....ဘယ်သူ့ကလေးတွေလဲဟမ်"
ဆရာရဲ့ချီးကျူးစကားအောက်မှာ ဝမ်းသာခြင်းတွေနဲ့အတူ တက်ကြွ၍ ပျော်ရွှင်နေကြသော ပထမတန်းကလေးများ....။
ချောင်ကျ၍ဝေးလံသော ရွာရှိ မူလတန်းကျောင်းကလေးတွင် တာဝန်ကျသော်လည်း ဝါသနာ အရင်းခံ၊ မိမိလက်ထဲတွင် ပန်းကလေးများ ငွားငွားစွင့်စွင့် ဖူးပွင့်နိုင်ရေးကိုသာ ရှေးရှုထားသည်မို့ ဘယ်ဒေသ ဘယ်နေရာဆိုသည်မှာ 'ခွန်းထက်သာ' အတွက် အရေးမကြီးပေ...။
"ကဲ...ကိုယ့်ဆရာရေ မောနေပြီလား"
"မောမှာ မဟုတ်ပါဘူး ဆရာမကြီးရယ် သူ့ကလေးတွေ မျက်နှာက သူ့အတွက် ပါဝါဘန့် ဘဲဟာ"
ဆရာမကြီးရဲ့ အမေးကို ရွတ်နောက်နောက်နဲ့ ပြန်ဖြေလိုက်သော ဆရာမသီသီရဲ့ စကားကြောင့် 'ခွန်းထက်သာ' ခေါင်းယမ်း ပြုံးမိသည်..။
"ဟုတ်ပါပြီရှင့် သီသီ နားနေတာတွေ့တော့ လချုပ်စာရင်းတွေပြီးပြီနဲ့ တူပါတယ်"
"ဟီး...အခုဘဲသွားလုပ်လိုက်ဦးမယ်နော်"
ဘေးတွင်ရှိသော ဆရာမများပါ ရယ်လိုက်မိကြသည်...။
လိမ္မာသော ကလေးများနှင့် ဖော်ရွေသော ဆရာမများ အကြားတွင်နေရသည်မှာ စိတ်ချမ်းသာဖွယ်အတိ...။ ရောက်လာသည်မှာ တစ်နှစ်လောက်ပင် ရှိသေးပေမယ့် မောင်နှမများကဲ့သို့ပင်...။ ချမ်းချမ်းသာသာပင် နေ့စဉ် ဘဝကို ကုန်ဆုံးနေရသည်မှာ ဘယ်ဘဝက ရေစက်မှန်းမသိ...။
One shot challenge Where stories live. Discover now