Zawgyi 🏆
မနက်ဖြန်တိုင်းမှာ
ဝတ္ထုတို (စ/ဆုံး)
ကြယ်တွေစုံ သည့် ကောင်းကင် ထက်
တွင် ပြည့်ဝန်း ဝိုင်းစက်နေသည့်
သော်တာ လဝန်းသည်က မင်းမူစိုးမိုး
ထားပြန်သည်။ညဥ့်ဦးယံ ဖြစ်သည်နှင့်အညီ တိတ်ဆိတ်
ငြိမ်သက်မှုဖြင့် ညတစ်ညသည် အရာခပ်
သိမ်း အေးချမ်းလွန်းပါဘိ။သို့ပေမယ့် မငြိမ်းချမ်း ခဲ့သည်က သူကိုယ်
တိုင်ပင်။ ရင်ထဲတွင် အပူမီးများ မြိုက်လောင်
လို့နေလေ၏။ တစ်ခါမှ မရင်းနှီး မနစ်ခြိုက်
ခဲ့သော နေရာတစ်ခုကို သွားရလျှင်
စိတ်ထဲတွင်ကျေနပ်နစ်သက်မှုရှိမည်လား။ရန်ကုန်ကနေ မိုင်တွေ ဝေးကွာစေကာ
နယ်မြို့ တစ်ခုကို ပြောင်းရွှေ့ တာဝန်
ထမ်းဆောင်ရမည့် ကျောင်းဆရာတစ်ယောက် အနေဖြင့် ထိုအချင်းအရာသည်
ဇာတ်ရုပ် ဇာတ်ကောင် တွေထဲက လို
ဂုဏ်ယူ ရမည်လား။ရောင်စဉ်တန်း ဟု အမည်တွင်စေခဲ့သော
သူဖြင့် ထိုထဲတွင် မပါရိုးမှန်သည်ကို
ကျေနပ်စွာဝန်ခံပါသည်။အမိဝေး အဖဝေးဖြင့် သွားရမည့်မနက်
ဖြန်ခရီး တစ်ခုကို ကြို တွေးရင်းသက်
ပြင်းချမိလိုက်ပြန်သည်။ဖြစ်နိုင်ခဲ့လျှင် ညတစ်ညကို ရှည်ကြာစွာ
စွဲထားချင်မိပါ၏။-----------------------------------------------------
အချိန်ကား ခြောက်နာ ရီ တိတိ ရှိပြီ
ဖြစ်ပေသည်။ ညကတည်းက ကြိုတင်
ပြင်ဆင်ပြီးသော ဖြစ်လျက်ရှိနေသော
ခရီး သွားရမည့် လူတစ်ယောက်သည်
မိဘနစ်ပါး ရှေ့ လက်အုပ်လေးချီလျက်
ရိုသေ ညွှန့်ကျိုးစွာ ထိုင်နေလေပြီပင်။