အလင်းနှင့်အတူပါလာသော ကောင်မလေးကို ကျွန်မစိုက်ကြည့်နေမိသည်။
ရိုင်းပျသွားလားမသိ။"သြော်...လာပါ...တံခါးဝမှာပဲ ရပ်မနေပါနဲ့...အိမ်ထဲဝင်ပါဦး"
ကောင်မလေးက ခေါင်းငိုက်စိုက်နှင့် luggage ကို အိမ်ထဲဆွဲသွင်းလာသည်။
"အလင်း...ဒါက ဘာလေးလဲ"
ကောင်မလေးက ကျွန်မကိုတစ်ချက်မော့ကြည့်သည်။
ပြီးတော့ ခေါင်းပြန်ငုံ့ထားသည်။
ကျွန်မပြုံးမထားမိလို့ဖြစ်မည်။"umm.....မေ...ငါ အားနာပါတယ်...ဖုန်းတောင်ကြိုမဆက်ထားမိဘူး
ငါ အကူအညီတစ်ခုလောက်တောင်းချင်လို့"အလင်းက ကောင်မလေးဘက်ကို မျက်စပစ်ပြသည်။
"ဒါ ငါ့ ညီမဝမ်းကွဲ...အမရာတဲ့...အဲ့ဒါ...ပြောရရင်..ဟင်း...
ငါ့အဆောင်က အဆောင်မှူးမိန်းမကြီးကို သိတယ်မဟုတ်လား...ငါ သူ့ကိုမပြောချင်ဘူးဟာ...တစ်ခြားအဆောင်ရှာဖို့ကလည်း ငါမအားတာနင်အသိ ဆိုတော့...နင်အဆင်ပြေရင်သူ့ ကိုရက်ပိုင်းလောက် ခေါ်ထားပေးပါလား သူ့အတွက် ငါအာမခံပါတယ်...ရလားဟင်"သူ့စကားကြောင့် ကျွန်မကြောင်သွားသည်။
တစ်ယောက်တည်းနေလာတာ ဘယ်နှနှစ်တောင်ရှိပြီမသိ။
တစ်မိုးအောက်တွင် ကလေးမတစ်ယောက်နှင့်တူတူနေရမည်ဆိုတော့....။"Well, umm....ကိစ္စတော့မရှိပါဘူး...အခန်းလွတ်လည်းရှိနေတာပဲ
ရပါတယ် အဲ့ဒါထက် နင်ကလုပ်လိုက်ရင် အဆန်းချည်းပဲ အလင်းကောင်"အလင်းက မျက်လုံးတွေကွေးနေအောင် ရယ်ပြသည်။
ချစ်စရာ..။"တကယ်ကျေးဇူးပါဟာ...ငါအဆောင်သစ်ကို တတ်နိုင်သမျှ မြန်မြန်ရှာပါ့မယ်နော်...ငါလိုအပ်ရင် ငါ့အသည်းလေးပဲရှိတယ်..."
ပြောရင်း အလင်းက ကျွန်မကိုဖက်လိုက်သည်။
လင်းထက်စံ....
သူမနာမည်က လင်းထက်စံဖြစ်သည်။"ကဲ...ငါသွားတော့မယ်...စီနီယာအူက အငြှိုးကြီးနဲ့ အလုပ်တွေပုံပြီး ခိုင်းလိုက်ပြန်ပြီ..."
"အိမ်လာလုပ်လေ....ညဒီမှာအိပ်ပေါ့...ငါလည်းကူလုပ်မှာပေါ့"
"ရပါတယ်...အူနဲ့ပဲရုံးမှာအပြီးလုပ်လိုက်မယ်...ညအိမ်မယူတော့ဘူး"
YOU ARE READING
ချစ်သော...ငယ်
Teen Fictionဘယ်လိုလုပ်ရမလဲ မဟုတ်ဘူး...ဘယ်လိုလုပ်သင့်လဲဟင် ငယ်ဘယ်လိုများလုပ်သင့်လဲ... ဘယ်လိုလုပ်ရမလဲ မဟုတ်ဘူး...ဘယ်လိုလုပ်သင့်လဲဟင် ငယ်ဘယ်လိုများလုပ်သင့်လဲ... The season 2 of 'The one pale and delicate' !! (My 17-year-old girlfriend)