4

5.9K 473 0
                                    

ချစ်သည်လား။

မမအိမ်ရောက်တာ တစ်ပတ်ရှိပြီ။

မနက်တိုင်း မနက်စာအတူစားသည်။
ကျောင်းလိုက်ပို့သည်။

ညနေဆိုလည်း ထမင်းအတူစားသည်။
တစ်ခါတစ်ရံ သူမရုံးကပြန်လာလျှင် ငယ်ကအိတ်ကလေးဆွဲကာ သွားကြိုသည်။ Lemon Tea ဖျော်တိုက်သည်။
တစ်ခါတစ်လေ အလုပ်အားလျှင်လည်း ငယ့်ကို မုန့်လိုက်ကျွေးသည်။

"ငယ်..ပစ္စည်းတွေဝယ်ပြီးပြီလား..ဘာလုပ်နေပြီလဲ"

ဟုတ်သည်။

မလင်းထက်စံက မနက်ဖြန်ဆို တရုတ်ကိုသွားတော့မည်။
ညနေကျ ပွဲသေးသေးလုပ်ရန် မမကပြောသောကြောင့် ကျောင်းအပြန်တွင် စားစရာအချို့ ဝယ်ခဲ့ရသည်။

"ဟုတ်..ကြက်သားက ရေခဲသေတ္တာထဲမှာနှပ်ထားတယ်....ကြော်လိုက်ရင်ရပြီ...ဝက်သားနဲ့ ကြက်အူချောင်းက အခုပြင်နေတယ်"

"ကညွတ်နဲ့ ဟင်းရည်ကို တို့ပြင်လိုက်မယ်"

"ဟုတ်...ပန်းကန်နဲ့ တူတွေ ခက်ရင်းတွေ ဇွန်းတွေလည်း အသင့်"

ငယ်က ကလေးပေါက်စဟန်နှင့်ပြောသောအခါ သူမကရယ်ပြီး ငယ့်ပါးလေးတွေကို ဖိသည်။

"တော်လိုက်တဲ့ ကလေးလေး....ခဏနေရင် ဟင်းရည်အမြည်းလေး ဆုချမယ်"

ငယ် ရယ်သာရယ်မိသည်။

အတော်ကြာတော့ မလင်းထက်စံနှင့် ဧည့်သည်အချို့ရောက်လာသည်။

ငယ်က အသက်မပြည့်သေး၍ (တစ်နှစ်ပဲလိုတော့တာကို☹️) ဒိန်ချဉ်သာသောက်ရသော်လည်း မမတို့ကပုလင်းဖွင့်ကြသည်။

မလင်းထက်စံဝယ်လာသည့် ဝိုင်ပုလင်းနှင့် မမ၏ အဝတ်ဗီဒိုထဲကထုတ်လာသော full moon ပုလင်း...နှစ်ပုလင်းလုံး အသာလေးကုန်သွားသည်။

အခြားသူများက တစ်ခွက်စ နှစ်ခွက်စနှင့်။
မမနှင့် မလင်းထက်စံတို့ကပင် အများဆုံးသောက်ကြသည်။

တဖြည်းဖြည်းနှင့် တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြချိန်တွင် မလင်းထက်စံက မူးပြီးမှောက်နေပြီ။
မမကတော့ မူးနေတာသေချာသည်။

"ကဲ..ညီမရေ..အစ်ကိုတို့ပြန်တော့မယ်...အလင်းကိုလည်း အိမ်ပြန်ပို့ပေးလိုက်မယ်နော်"

ချစ်သော...ငယ်Where stories live. Discover now