Explain

6.1K 232 16
                                    

မေးချင်တာရှိရင်မေးလို့ရပါတယ်
ဇာတ်လမ်းနဲ့ပတ်သတ်သမျှဖြေပေးပါမယ်

မေမီလွင်ဆုံးပြီးတဲ့နောက်မှာ သူ့အမေအဖေဘက်က အမရာကိုခေါ်ထားခဲ့တာ သိကြတယ်ဟုတ်
အဲ့အချိန်မှာဆောင်းသက်နှင်းကလဲပျောက်နေပြီ
အမရာခမျာ ဘယ်လောက်တောင်ကူကယ်ရာမဲ့နေလိုက်မလဲ
ဒီကြားထဲ သူ့မှာကျောင်းတက်ရသေးတဲ့အပြင် ၁နှစ်ခွဲလောက်ကြာတော့ သူ့အဖိုးကဆုံးသွားတယ်
မှတ်မိရင်မှတ်မိကြမှာပါ
မေမီလွင်ရှိကတည်းက မခြူးနဲ့ကုနေရတဲ့ရောဂါသည်မလား
နောက်အမရာလေးအလယ်တန်းလောက်ရောက်တော့ အဖွားကဆုံးသွားတယ်
သူ့မှာလဲ အဲ့ဒီကလေးလေးနဲ့ Teddy တို့ မိသားစုလေးပဲကျန်တာဆိုတော့ အဲ့ဒီအချိန်ကျမှ စိတ်ဒုံးဒုံးချနိုင်သွားတယ်ထင်ပါရဲ့
အမရာနဲ့ ၃နှစ်ခွဲလောက်ကွာတဲ့ ဒီပါလင်းရှိသေးတာမှတ်မိကြလား
Teddy ရဲ့ သား...မေမီလွင်ပေးခဲ့တဲ့နာမည်နဲ့ကောင်လေး
အဲ့ကောင်လေးကတော့ အမရာကိုခင်တွယ်ရဲ့သားနဲ့ ဂျပန်ကိုလိုက်သွားရတယ် ငယ်လဲငယ်သေးလို့ပါ...
(မေမီလွင်ရဲ့သူငယ်ချင်း ဆုလာဘ်တို့အတွဲကတော့မေမီလွင်ဆုံးပြီး နံနံချားကိုပြန်သွားတယ်🙁
သူတို့ကမေမီလွင်ဆုံးတာလေးအမီပြန်လာတဲ့သဘောဖြစ်သွားတယ်)
ထားပါတော့
အဲ့လိုနဲ့ Teddy က ဂျပန်မှာလျှောက်ထားတဲ့အလုပ်ရတဲ့အချိန်ကျတော့ အမရာလေးက လိုက်မသွားဘူး
အဲ့ဒီအစား အရင်အိမ်မှာပဲနေခဲ့မယ်လို့ပြောတယ်
အဲ့မှာ သူ့ကို သူ့ဆရာမကမွေးစားလိုက်ရော
အရင်အိမ်ထက်သူ့မွေးစားအမေအိမ်မှာနေဖြစ်တာများပါတယ်
အဲ့ဒီအိမ်ကို သူ့အမေပြန်လာမှာကိုတော့စောင့်နေခဲ့တုန်းပဲ
ဒီလိုနဲ့ အထက်တန်းပြီးတော့ နည်းနည်းလွမ်းနာကသက်သာစပြုလာတဲ့အချိန်မှာ Treasure May နဲ့တွေ့တယ်ပေါ့လေ
Treasure May ဆိုတဲ့ မိန်းမက ကိုအောင်ကျော်နဲ့မွေးတာတော့မဟုတ်ဘူး
သူ့အစ်မရဲ့သမီး...သူ့တူမလို့ပြောရမှာပေါ့
ဒါပေမဲ့သေတဲ့ထိ သူ့တူမဖြစ်ကြောင်းလဲမပြောခဲ့သလို
ချစ်လဲမချစ်ပြသွားဘူး (မကောင်းတဲ့ကောင်ကြီးကွာ😭)
တကယ့်ကလေးက မောင်ဦး
နာမည်အပြည့်အစုံက ကျော်မောင်ဦး
ဘာလို့ရှေ့ဆုံးနာမည်ကို ဖျက်ခေါ်ခဲ့တာလဲ သိလား
သူ့အစ်မက Treasure May ဆိုတာ သိနေခဲ့လို့
သူ့အဖေနာမည်ဆိုတာသိရင် သူ့ကိုပါသိသွားမှာစိုးလို့
ဒါက တစ်ကဏ္ဍ
နောက်ဆုံးအခန်းကိုသွားမယ်
ဆောင်းသက်နှင်းပြန်ရောက်လာတယ်ပေါ့လေ
အရင်ကရောက်ခဲ့ဖူးတဲ့နေရာတွေရောက်တော့ မှတ်ဉာဏ်က မှတ်မိသလိုလိုဖြစ်နေပြီ
(တရုတ်မှာ သတိရမေ့နေတုန်း ကလေးရမသွားတာ ကံကောင်း
သောက်ကျိုးနဲကလေးရသွားရင် ဇာတ်ကရှုပ်သွားဦးမှာရယ်😣)
အဲ့မှာမြန်မာပြည်ပြန်လာ
တကယ်က ကိုအောင်ကျော်က အမွေခွဲပေးတော့မလို့ကို
အဲ့မှာဆောင်းသက်နှင်းကသူ့သမီးကိုတွေ့တော့ပြန်သတိရသွားရော
အဲ့မှာရေကန်အသင့်ကြာအသင့်
အိမ်ကလဲပြန်ပြင်ပြီးဆိုတော့ အဲ့မှာသွားနေလို့ရသွားရောကွာ
အဲ့မှာ ဟိုကကျန်ခဲ့တဲ့သားအဖနှစ်ယောက်ကသနားစရာ
ကိုအောင်ကျော်ကနောက်ဆုံးတစ်ကြိမ်သွားတောင်းပန်လိုက်ပါသေးတယ်
အန်တီဆောင်းက ဘယ်လိုလက်ခံနိုင်မလဲ
(ကိုယ်သာဆို ကိုယ့်လက်နဲ့ပြန်သတ်မိမှာပဲ)
အဲ့တော့ကွာ ကိုအောင်ကျော်(*%&ကောင်)က သတ်သေသွားရော
သူသတ်သေသွားပြီးတော့ အမရာက ကနေဒါကိုထွက်သွားတယ်
မေဘယ်ရွက်တွေလို့ပြောခဲ့တယ်မလား
အဲ့လိုဆို နားလည်ကြမယ်ထင်ပါတယ်
ဆယ်နှစ်လောက်ကြာ ဆောင်းသက်နှင်းဆုံးမှ Treasureမေ က လိုက်သွားတာ
ဆယ်နှစ်လုံးလုံးနေနိုင်ကြတယ်လို့တော့ ကိုယ်လဲမထင်ဘူး
ဆက်တော့ ဆက်သွယ်ကြမှာပါ
ဆယ်နှစ်ကြာတော့ပြန်တွေ့ကြတယ်ပေါ့
ဘာဆက်ဖြစ်လဲ
မင်းတို့အတွေး ကိုယ့်အတွေးပါ
Happy Ending Or Sad Ending?
my present ပါ

ချစ်သော...ငယ်Where stories live. Discover now