10

5.1K 372 2
                                    

"ဟဲလို...မမလား"

ထမင်းစားပြီး တစ်ခွက်သောက်နေရင်းက အကောင်ငယ်လေး၏အသံကို ကြားလိုက်ရတော့ ကျွန်မစိတ်ဝင်စားသွားခဲ့ရသည်။

"အလင်းကောင်လား"

ကျွန်မမေးလိုက်သည်ကို သူမကခေါင်းငြိမ့်ဖြေသည်။

"ဟုတ်...အဆင်ပြေပါတယ်...မမအိမ်မှာပဲနေဖြစ်တယ်"

...

"ဟုတ်....မမနဲ့ပြောမယ်မဟုတ်လား"

ကလေးငယ်က ဖုန်းကို Speaker ဖွင့်လိုက်သည်။

"အေး...အလင်းကောင်ရေ...အဲ့မှာ အဆင်ပြေရဲ့လား"

"ပြေတယ်...နင့် ပါပါးကျေးဇူးနဲ့"

'ဖေဖေ့ကျေးဇူးတဲ့လား....
ကျွန်မကိုတောင် တော်ရုံအချိန်မပေးခဲ့သူက..'

"သြော်...အင်းပါ...စီနီယာအူရော.."

"ရှိပါ့...အိပ်နေတယ်"

"အိပ်နေတယ်ဆိုပဲ....နင်က သူအိပ်နေလို့ဆက်တာပေါ့...အဲ့လိုလား"

"နင်ကလဲဟယ်....ငါ့ညီမလေးရော အဆင်ပြေရဲ့လား"

"ပြေပါတယ်....ငါသေချာစောင့်ရှောက်ထားတယ်"

ကလေးမကို ရီဝေဝေကြည့်လိုက်မိတော့ လက်သီးဆုပ်ကလေးများ လက်ဆောင်ရသည်။

"ဟဲ့...နင့်အသံကြီးကလဲ....ငါ့ညီမလေးကိုတောင် စိတ်မချဖြစ်လာပြီ
ငါ့လည်း ငါငှားနေတဲ့အဆောင်က အဆင်မပြေလို့ပါ...မဟုတ်ရင် ငါလည်းကူညီပါတယ်...ဒါတောင် သူ့မာမီသိရင် ငါ့ကိုသတ်မှာ...
ငါ့မာမီကလည်း သူ့မာမီကို ခပ်ကြောက်ကြောက်ရယ်...အစ်မဆိုတော့ သိတယ်မလား"

ကျွန်မ၏ငယ်လေးက အသံထွက်ရုံလေးရယ်သည်။

'ကျွန်မ၏ ငယ်လေး...အင်း...ကျွန်မကောင်မလေး....'

"မမရေ..လုပ်ပါဦး...ဒီမှာ မေက ငယ့်ကိုစိုက်ကြည့်ပြီး ပြုံးနေတယ်
တစ်ခုခုဖြစ်သွားပြီလားမသိဘူး"

"ဟဲ့...ဟဲ့...ဟဲ့..ကောင်မစုတ်..နင်နော်.."

ဖုန်းထဲကအသံကြားတော့မှ အသိစိတ်ပြန်ဝင်သည်။

"ဒါပဲဟေ့"

ကျွန်မလည်း ဖုန်းချလိုက်ပြီး ကလေးငယ်ကိုပွေ့ချီလိုက်သည်။

ချစ်သော...ငယ်Where stories live. Discover now