အချိန်က မနက် ၇နာရီ။
ငယ်လေးမနိုးသေး။
ကျွန်မက ရေထသောက်ခြင်းသာဖြစ်သည်။ထိုစဉ် စားပွဲခုံပေါ်က ဖုန်းက 'မေမေ' ဆိုသည့်စာသားနှင့်အတူ အသံမြည်လာသည်။
"ငယ်...ဖုန်းလာနေတယ်...မေမေတဲ့"
ငယ်တစ်ယောက် အိပ်ရေးပျက်သွားပြီထင်သည်။
အိပ်မှုန်စုံဝါးနှင့် ဖုန်းကိုကိုင်သည်။
ကျွန်မသတိထားမိသည်က သူ့မျက်ဝန်းမှာ မျက်ရည်စတစ်ချို့ တွဲခိုလျက်ရှိကြောင်းကိုပင်။"ဟယ်လို...မေမေလားဟင်"
"....."
"သြော်...ဟုတ်..မေမေ...အဆင်ပြေပါတယ်.."
"....."
"ဟုတ်...တရုတ်ကိုပါ...ရပါတယ်မေမေ..."
"......"
"ဟမ်....ဒီနေ့လား...ဖေဖေကအားလို့လား"
"....."
"ဒါဆို လိပ်စာကိုပဲ Message ပို့လိုက်မယ်..ဒါပဲနော်...ရောက်မှအားလုံးပြောပြမယ် ဟုတ်ပြီလား"
ကျွန်မ၏ငယ်လေးနှင့် သူမ မေမေတို့စကားပြောနေသည်ကိုပင် ရပ်၍နားထောင်ခဲ့မိသည်။
သူမစိတ်ဆိုးမည်မထင်။"ဘာတဲ့လဲကလေး"
"အဆင်ပြေကြောင်းလှမ်းမေးတာပါ...မမလင်းထက်စံက တရုတ်ကိုသွားတော့ တစ်ယောက်တည်းအဆင်ပြေရဲ့လားမေးတာ...ပြီးတော့..."
"ပြီးတော့...?"
"ဒီနေ့ အိမ်လာမလို့တဲ့...သူကားသက်တမ်းတိုးစရာရှိတော့ ငယ့်ဆီဝင်မလို့တဲ့...အဲ့ဒါ မ အဆင်ပြေရဲ့လား"
'မ'တဲ့။
"ရတာပေါ့...တစ်ညအိပ်လဲရတယ်...တစ်လ နေလည်းဖြစ်တယ်
သူတို့သမီးလေးကို အပိုင်ပေးထားခဲ့လဲဖြစ်တယ်"ညုတုတုပြောလိုက်သောစကားကြောင့် သူမမျက်နှာပေါ်တွင် အပြုံးလေးတစ်ခုပေါ်လာသည်။
"သူတို့သမီးလေးက တစ်ယောက်ယောက်အပိုင်ဖြစ်နေပြီဆိုတာပါ လက်ခံရင် ပိုကောင်းတာပေါ့"
............
"မေမေ...ဖေဖေ..."
လမ်းထဲဝင်လာသောကားတစ်စီးက မည်သူ့အပိုင်ဖြစ်ကြောင်း ငယ်မှတ်မိသည်ပဲ။
YOU ARE READING
ချစ်သော...ငယ်
Teen Fictionဘယ်လိုလုပ်ရမလဲ မဟုတ်ဘူး...ဘယ်လိုလုပ်သင့်လဲဟင် ငယ်ဘယ်လိုများလုပ်သင့်လဲ... ဘယ်လိုလုပ်ရမလဲ မဟုတ်ဘူး...ဘယ်လိုလုပ်သင့်လဲဟင် ငယ်ဘယ်လိုများလုပ်သင့်လဲ... The season 2 of 'The one pale and delicate' !! (My 17-year-old girlfriend)