ရန်ကုန်က တကယ်အနေအစားချောင်မည်မထင်။
မနက်က မလင်းထက်စံက ကျောင်းလိုက်အပ်ပေးပြီး ရုံးကိုပြန်သွားသည်။
ငယ့်မှာ တစ်ယောက်တည်း Taxi ငှားပြီး အဆောင်အရင်ရှာရသည်။ ပြီးမှဟိုမမအိမ်ပြန်ရသည်။အဲ့ဒီ မမဆိုသည်မှာလည်း မနေ့ကရောက်ကတည်းက ငယ့်ကိုစိုက်ကြည့်နေလိုက်တာ ဝါးစားတော့မည့်အတိုင်း။
ပြောသာပြောရတာ
အမျိုးသမီးက အတော်ချောသည်။မလင်းထက်စံမှာ ဒီလောက်ချောသည့်သူငယ်ချင်းရှိမှန်း ငယ်မသိခဲ့။
ပြီးတော့ ထိုအမျိုးသမီးအိမ်မှာနေရမည်တဲ့လေ။
နေ့လယ်က အဆောင်ရှာရအဆင်မပြေတာ ငယ်ကံကောင်းသည်ပြောရမလား။
"ဝုန်း"
အတွေးစ တွေတောင်ပြတ်ပြီး လန့်သွားမိသည်။
ဧည့်ခန်းက ဆိုဖာပေါ်မှာထိုင်နေသည့် ငယ့်အနားကို ဟိုမမက သူ့အိတ်ကြီးပစ်ချလိုက်တော့ ငယ်တကယ်ကိုလန့်သွားမိသည်။
ဟိုမမကတော့ သူ့အခန်းထဲဝင်ပြီး နားနေပြီထင်သည်။ပုံစံကတော့ အတော်ဒေါသကြီးမည့်ပုံ။
အရယ်အပြုံးကလည်းနည်းသည်ဆို ရယ်လိုက်တိုင်းလည်း လှနေသည်ကိုး။အို...
မဖြစ်သေး။
ထမင်းစားဖို့ ပြင်ထားလျှင်ကောင်းမည်။ခဏနေတော့ သူမရောက်လာသည်။
စိတ်ညစ်စရာနည်းနည်းရှိနေသည်ပြောသည်။စကားပြောရတာလည်းကောင်းသည်။
အဆောင်အဆင်မပြေကြောင်းကြောင်းငယ်ပြောတော့ သူက သူ့အိမ်မှာနေရန်ပြောသည်။
အဖော်ရသည်တဲ့။
ထမင်းချက်ကျွေးမည်ပြောတော့ သူမကရယ်သေးသည်။
အမျိုးသမီးတစ်ယောက်အနေနှင့်ကို တကယ်တည်ငြိမ်ပြီး လှသည်။..............
ရက်ပိုင်းနေတော့ နေသားကျလာသည်။
ငယ့် ပုံမှန်အလုပ်များတွင် ကျောင်းတက်ပြီး ဟင်းချက်ကျွေးဖို့ စာလုပ်ဖို့အပြင် မမကိုငေးဖို့ပါ ပါဝင်လာသည်။
အနေနီးစပ်လို့ သဘောကျသွားသည်ထက် သေချာကြည့်မိလို့ သဘောကျသွားသည်ပြောလျှင် ပိုမှန်မည်။
YOU ARE READING
ချစ်သော...ငယ်
Teen Fictionဘယ်လိုလုပ်ရမလဲ မဟုတ်ဘူး...ဘယ်လိုလုပ်သင့်လဲဟင် ငယ်ဘယ်လိုများလုပ်သင့်လဲ... ဘယ်လိုလုပ်ရမလဲ မဟုတ်ဘူး...ဘယ်လိုလုပ်သင့်လဲဟင် ငယ်ဘယ်လိုများလုပ်သင့်လဲ... The season 2 of 'The one pale and delicate' !! (My 17-year-old girlfriend)