"ငယ့်မှာ အမေနှစ်ယောက်ရှိခဲ့တယ်..."
ကလေးငယ်၏ စကားက ကျွန်မကို ထိတ်လန့်သွားစေသည်။
"ငယ် ငါးနှစ်ပြည့်ပြီးတော့ မာမီဆုံးသွားတယ်...မေမေကတော့...ပျောက်သွားတယ်"
"ဘယ်လို"
"အင်း...ပျောက်သွားခဲ့တာ...အမှန်အတိုင်းပြောရရင် ငယ်သိပ်မမှတ်မိဘူး
ဆရာဝန်ကတော့ Trauma ကြောင့် အချိန်တစ်ခုထိ မေ့နေမယ်ပြောတာပဲ
ငယ့်အမေနှစ်ယောက်လုံးကိုတော့ မှတ်မိနေတုန်းပဲ....အဖြစ်အပျက်တစ်ချို့ကိုသာ....""ဘာတွေဖြစ်ခဲ့တာလဲ"
"လူတစ်ယောက်...လူတစ်ယောက်ကြောင့်...သူက မာမီ့ကို သတ်လိုက်တယ်လို့ထင်တာပဲ"
"အသတ်ခံရတယ်..ဟုတ်လား ငယ်"
ငယ်လေးက ပြောနေရင်းနှင့်ပင် ခေါင်းကိုက်လာဟန်တူသည်။
"ငယ်လေး...အရမ်းမစဉ်းစားနဲ့...နောက်မှ...အဆင်ပြေမှပြော..နော်"
"အင်းပါ...ငယ်က ကံတော့သိပ်မဆိုးသေးပါဘူး...ငယ့်ကိုမွေးစားလိုက်တဲ့ အဖေနဲ့အမေက သိပ်သဘောကောင်းကြတယ်လေ"
"ငယ့် ဆရာမလင်မယားဆိုတာ..."
"ဟုတ်တယ်"
"မမလည်း ကံကောင်းတယ်...ငယ်လေးကို ပိုင်ဆိုင်ခွင့်ရလို့"
ငယ်က ပြုံးပြီး ကျွန်မပခုံးပေါ် ခေါင်းလေးမှီလာသည်။
"မနက်ဖြန်ကျောင်းသွားမယ်မလား...စောစောအိပ်လေ"
ကလေးကခေါင်းငြိမ့်ပြသည်။
အမရာလေးက ငယ်စဉ်တည်းက အဖြစ်ဆိုးတွေနှင့် ကြုံခဲ့တူသည်။
'အမေနှစ်ယောက်...ထို့ပြင်..တစ်ယောက်က..အ သတ် ခံ ခဲ့ ရ သည် တဲ့
ထိုစကားကိုကြားတော့ ကျွန်မ အလွန်အမင်းစိုးရိမ်ခဲ့ရသည်
ထိုလူသာ အသတ်ရှင်နေသေးလျှင် ကလေးငယ်ကိုပါ အန္တရာယ်ပြုလာနိုင်သလား'"ငယ်..နာမည်တွေကိုရော..မှတ်မိလား"
"မေမေ့နာမည်လား"
"အင်း"
"မွေးပေးခဲ့တဲ့မေမေက ဆောင်းသက်နှင်းတဲ့ မာမီ့နာမည်ကတော့ မေမီလွင်တဲ့....ဖေဖေ...အင်း..ဖေဖေက ငယ် သုံးနှစ်ကတည်းက ဆုံးသွားတယ်ပြောတာပဲ"
YOU ARE READING
ချစ်သော...ငယ်
Teen Fictionဘယ်လိုလုပ်ရမလဲ မဟုတ်ဘူး...ဘယ်လိုလုပ်သင့်လဲဟင် ငယ်ဘယ်လိုများလုပ်သင့်လဲ... ဘယ်လိုလုပ်ရမလဲ မဟုတ်ဘူး...ဘယ်လိုလုပ်သင့်လဲဟင် ငယ်ဘယ်လိုများလုပ်သင့်လဲ... The season 2 of 'The one pale and delicate' !! (My 17-year-old girlfriend)