13

4.6K 349 1
                                    

မနက်မိုးလင်းတော့ ကလေးငယ်က ကျွန်မရင်ခွင်ထဲမယ် ခပ်ကွေးကွေးကလေး။

တကယ်ကိုပင်ပန်းသွားခဲ့ပုံပဲ။

စိတ်မပါသော်လည်း အိပ်ယာကထရသည်။

အကြောင်းက တရုတ်ကကုန်သည်တွေနှင့် ဆက်ဆံရေးတစ်ခုကို လက်ဦးမှုရရှိထားမှ ကုမ္ပဏီအတွက် အကျိုးများမည်မဟုတ်လား။
ထို့ပြင် ထိုသို့ကြိုးစားထားမှ စီးပွားရေးဘက်တွင်ထူးချွန်သည့်သမီးကို ‌ဖေဖေကအသိအမှတ်ပြုမည်။
နောက်တစ်ကြိမ်အနေဖြင့်သာ။
လွန်ခဲ့သည့်ကာလက အလင်းကောင်ကို တရုတ်သို့ခေါ်လိုက်သည်ကိုပဲ ကြည့်ပါလေ။
ဖေဖေက ကျွန်မနှင့်လင်းထက်စံကို ထိုမျှအားထားသည်။
လင်းထက်စံကိုတော့ပိုသည်ပေါ့။

'ကျွန်မအတွက် မိသားစုသိုက်သိုက်ဝန်းဝန်းဖြင့်နေရန် ဘာကြောင့်များခက်ခဲနေရပါသလဲ'

ထားပါလေ။

အနားက ချစ်သောမိန်းကလေး၏ နှဖူးပြင်ကို ခပ်ဖွဖွနမ်းရှိုက်ပြီး ‌ရေချိုးသန့်စင်ရသည်။
ထို့နောက် Reception ကို အခန်းသို့မနက်စာပို့ရန်မှာခဲ့ပြီး ဟိုတရုတ်ပုဂ္ဂိုလ်များကို မနက်စာကျွေးရန်ထွက်လာခဲ့သည်။

'လာတွေ့ပါ'ဆိုကတည်းက ‌ဖေဖေ့မျက်နှာပါသည်နှင့် ကျွန်မဧည့်ဝတ်ကိုလိုချင်ကြောင်းသိလိုက်ရသည်။
ရန်ကုန်ကအလုပ်တွေကိုပါပစ်ပြီး ပုဂံမြို့ဟောင်းကိုအပြေးလာခဲ့ရပုံကို ‌ထောက်နိုင်ပါသည်။

'ဟော...ဟိုတယ်အစပ်တွင် လူကြီးလူကောင်းများကိုတွေ့ပါပြီ။
(တကယ်တော့ လူတွေက သိပ်လည်းအသက်မကြီးလှပါ
လူကောင်းဟုတ်မည်ဟုလည်း အာမမခံနိုင်ပါ)'

တရုတ်ဘာသာဖြင့်.....

"ဝေ့...ရတနာ..မတွေ့တာကြာပေါ့"

"ဟုတ်တယ်...လျှောင်..နှစ်ကူးပြီးပြီ..ချမ်းသာရဲ့လား"

"အေး...နင့်အဖေကျေးဇူးနဲ့"

"ဒါဆို ကုမ္ပဏီကိုလည်း နည်းနည်း မ,ပါဦးး"

"ငါက ပုဂံကိုကြည့်ချင်လို့သက်သက်လာတာ..အလုပ်ကိစ္စသိပ်မပါဘူး"

"အဲ့ဒါကို ငါ့ကိုခေါ်သေးတယ်လား"

"အေးလေ..နင့်ကုမ္ပဏီကိစ္စလည်းပါတာကိုး..ဒါရိုက်တာကြီးရဲ့"

ချစ်သော...ငယ်Where stories live. Discover now