အဟိကုလနန်း​တော်

13.7K 530 20
                                    

Zawgyi Ver

ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မိုက်နေပြီး အလင်းရောင် ကင်းမဲ့နေတဲ့မြေအောက်တစ်နေရာမှာတော့ လေချွန်သံလိုလို အော်ဟစ်ညည်းတွားသံလိုလို ဆူညံသံတွေနဲ့ ပြည့်နှက်​နေ​လေသည်။
မှောင်းမည်းနေတဲ့ ခန်းမကြီးရဲ့အလယ်ကနေရုတ်တရက် မီးတောက်တစ်ခုထလာပြီး အမှောင်ထုကြီးကို ဖြိုခွင်းလိုက်သည်။ ခန်းမတစ်ခုလုံးက သံကြိုးအကြီးကြီး​တွေ သွေးညှီနံ့​တွေနဲ့ပြည့်လျှံလျက်ရှိ​နေသည်။ ခြောက်ခြားစရာကောင်းလွန်းလှတဲ့ ဒီအခန်းကြီးထဲမှာ အနက်ရောင်​လောင်းကုတ်အရှည် ဝတ်စုံကို အပြည့်ဝတ်ဆင်ပြီး မတ်တပ်ရပ်နေတဲ့လူတစ်ဦး စားပွဲတစ်လုံးပေါ်မှာ အင်းကွက်တွေ အင်းစာရွက်​တွေအပြည့်နဲ့ တစ်လွှာချင်းခွာချထားတဲ့မြွေရေခွံတွေက နေရာယူထားသည်။ အနှီလူဟာ ရုတ်တရက် သူ့ရဲ့လက်ထဲမှာ ကိုင်ထားတဲ့ မီးရောင်ကို​တောင် ဖောက်ထွင်းမြင်ရလောက်တဲ့အထိ အရည်ကြည်လဲ့ အရည်အသွေး​ကောင်းလွန်းတဲ့ မြပုလွေကိုမှုတ်လိုက်တဲ့အချိန်မှာတော့ ​သူ့ရဲ့​လောင်းကုတ်အရှည်ဟာ ​လေပြင်းတစ်ချက်နဲ့အတူ လွင့်​မျော​နေပြီး အခန်းထဲက ဆူညံနေတဲ့အသံတွေဟာ နဂိုကထက် အဆများစွာ ပို၍ဆူညံလာကာ ကျိန်ဆဲသံအချို့ကိုပါအတိုင်းသားကြားနေရသည်။

"အဟိဂုဏ္ဍိက နန္ဒ မင်းလုပ်ရက်တွေအတွက် မင်းသေချာပေါက် ပြန်ပေးဆပ်ရမယ် "

ထိုစကားသံအဆုံးမှာတော့ ပု​လွေသံဟာ ပို၍ခြောက်ခြားဖွယ်​ကောင်းလာခဲ့​လေသည်။
ပုလွေသံဟာ ခြောက်ခြားဖို့ကောင်းလာလေလေ အော်ဟစ်သံတွေက ပို၍ဆူညံလာလေဖြစ်သည်။
ထိုအနက်ရောင်ဝတ်စုံနှင့် အဟိဂုဏ္ဍိကနန္ဒဆိုသူဟာ ပု​လွေမှုတ်တာကို ရပ်လိုက်ပြီး ဆူညံနေတဲ့ အသံတွေလာရာဆီကို ခြေတစ်လှမ်းချင်း လှမ်းလျှောက်သွား​လေသည်။

" မင်းအခြေအနေက ဒီလို​ပြောရမယ့် အခြေအနေမဟုတ်ဘူးထင်တယ် "

ထိုလူက ကြောက်စရာ​ကောင်းလွန်းတဲ့ ခပ်မဲ့မဲ့အပြုံးတစ်ခုကိုဖန်ဆင်းလိုက်တယ်။

" မင်းတို့​တွေကြိုက်သ​လောက် ကျိန်ဆဲကြစမ်း
ကျိန်ဆဲကြလေ ကျိန်ဆဲကြ ဟားဟားဟား...... ဟားဟားဟား "

Revenge Of The Snake PrinceWhere stories live. Discover now