Chapter-1

1.2K 92 12
                                    

Unicode



လူတစ်ယောက်နဲ့တစ်ယောက် တစ်သက်တာမှာ ထိတွေ့ကြုံကြိုက်မိဖို့ အခွင့်အရေးဘယ်လောက်များများ ရှိတတ်ကြတယ်လို့ ထင်ပါသလဲ ။

ပထမတစ်ခါတွေ့ရင် တိုက်ဆိုင်မှု
ဒုတိယတစ်ခါတွေ့ရင် ရေစက်
တတိယတစ်ခါတွေ့ရင် ဖူးစာ လို့ ပြောစမှတ်ပြုကြတယ်။

ဒါဆိုရင် ခနခနတိုက်ဆိုင်စွာ တွေ့ဆုံခဲ့တဲ့ ကျွန်တော်တို့တွေကြတော့ ဖူးစာနောက် ဘာများဆက်ဖြစ်ကြလိမ့်မလဲ လို့ တွေးမိကတည်းက ကျွန်တော်ဟာ ရူးသွပ်ခြင်းဆိုတဲ့ လမ်းစပေါ်ရောက်နေပြီလို့တော့ ဝန်ခံရလိမ့်မယ်။

(သူ့ဘက်ကတော့ တမင်မတိုက်ဆိုင်တိုက်ဆိုင်အောင်လုပ်ခဲ့တာလို့နောက်ပိုင်းသိရတယ်)

ဟုတ်တယ် ကျွန်တော်တို့ နှစ်ယောက်လုံး ရူးသွပ်ခဲ့ကြတယ်။

ပထမတစ်ခါဖြစ်တဲ့တိုက်ဆိုင်မှုဟာ ရိုးသားခဲ့တယ်။

အညိုရောင်ဆံပင်အုပ်အုပ်တွေနဲ့ အစပြုခဲ့တယ်ဆို သိပ်ကိုပျော်ဝင်ဖို့ကောင်းတဲ့ လှပတဲ့ ပြဇာတ်တစ်ပုဒ်ရဲ့ အဖွင့်ပေါ့။

ဂျင်းအင်္ကျီအပြာရောင် လက်ရှည်လေးဟာ အများသုံးရထားပေါ်မှာ ဖွင့်ထားတဲ့ Aircon အအေးဒဏ်ကိုခံနိုင်ဖို့ ကျွန်တော်ဝတ်ခဲ့တာ ဖြစ်လိမ့်မယ်။

မပါမဖြစ် တယောပြား သေးသေးတစ်လက်ကို ပေါင်ပေါ်မှာတင်ထားခဲ့တယ်။
မှတ်မှတ်ရရ Nathan Milstein ရဲ့ (Bach Chaconne BWV 1004) တေးသွားကို ကျွန်တော်နားထောင်နေခဲ့တာ။

( အဲ့နေ့က ရုံးချိန်အတွင်းဖြစ်ပေမဲ့ ကံကောင်းစွာနဲ့ ကျွန်တော်နေရာရခဲ့တယ် )

ဝတ္ထုတစ်အုပ်လဲဖတ်နေသေးတယ် ၊ ဒါပေမဲ့ ဝတ္ထုနာမည်တော့မေ့သွားပြီ။
မေ့ဖို့ကောင်းတဲ့ လုံလောက်တဲ့ အကြောင်းပြချက်ကောင်းကောင်းကျွန်တော်ပေးနိုင်ပါတယ်။

ပတ်ဝန်းကျင်က ပိုအေးစက်သွားသလိုမျိုး တစ်စုံတစ်ယောက်က ကိုယ့်ကို စိုက်ကြည့်နေတာကို သတိထားမိနေတဲ့အခါ ခင်ဗျားတို့ဆိုရင်ရော ဖတ်နေတဲ့ ဝတ္ထုကို အာရုံရနိုင်ပါ့မလား ။

Beyond My SonataWhere stories live. Discover now