Chapter-3

369 80 21
                                        

Unicode

တတိယအကြိမ်ကျ ဖူးစာတဲ့ ။

ဖူးစာဆိုတာ တစ်ခါတစ်လေကျတော့လဲ လိုက်လေ ‌‌ဝေးလေလိုပဲ။

ဥပမာ မလှမ်းမကမ်းမှာမြင်နေရတဲ့ ဘတ်စ်ကား တစ်စီးလိုပေါ့။

မထွက်ခင် မမီမှာစိုးလို့ ခြေကုန်သုတ်တင်ပြီးပြေးလိုက်ပေမဲ့ လက်မတင်လေးမမီလိုက်သလိုမျိုး။

စိတ်ပျက်လက်ပျက်နဲ့ ဆက်မလိုက်တော့မှ လိုက်ရင်ရသေးတဲ့အနေအထားတစ်ခုမှာတင် မီးပွိုင့်မိပြီး ပြန်ရပ်နေသလိုမျိုးပေါ့။

မျှော်လင့်ချက်တွေ သိပ်ပေးတတ်တယ်။

ဖူးစာဆိုတာ မိုးရွာတဲ့နေ့တစ်နေ့မှာ ဖြစ်ခဲ့တယ် ဆို နောက်ကြောင်းသိပ်ပြန်လို့ကောင်းလောက်အောင် ကဗျာဆန်တယ်မလား။

ဒါမှမဟုတ်လဲ သိပ်ကို ရီစရာကောင်းတဲ့အဖြစ်အပျက်လေးနဲ့ပါဆိုရင်လဲ ပိုပြီးတော့ အမှတ်တရဖြစ်ရတာပဲ။

ကျွန်တော်က ကဗျာသမား စာသမားလို့လဲ ပြောလို့ရတယ်။ ပြောရရင် အနုပညာသမားစစ်စစ်တစ်ယောက်ပေါ့။

(ဒါက ကျန်တဲ့သူတွေကို အနုပညာ အတုအ‌ယောင်တွေလို့ ကျွန်တော်ဆိုလိုချင်တာမဟုတ်ပါဘူး။ ကျွန်တော်လဲ မရှင်းပြတတ်ပေမဲ့ ဒီကိစ္စနဲ့ပတ်သတ်ပြီး ရိပေါ်နဲ့ ခနခနပြသနာတက်ရတယ်။ )

ပန်းခြံတစ်ခုရဲ့ ရေပန်းနားက လက်ရန်းမှာ မီပြီး တဂိုးရဲ့ ကဗျာတွေ ထိုင်ဖတ်နေတုန်း ဝေါခနဲကောက်ရွာတဲ့ မိုးကြောင့် အနီးအနားက ငွေအကြွေသုံးရတဲ့ အများသုံးဖုန်းရုံအနီရောင်လေးထဲ အပြေးလေးဝင်မိတော့ တံခါးရှေ့မှာ မရည်ရွယ်ပဲ ဝင်တိုက်မိတဲ့ သူ။

သဘောကျမိတဲ့အစိမ်းရောင်ဆံပင်အနားဖျားတွေနဲ့...။

ဘဝတွေဟာ ရုပ်ရှင်မဆန်ပေမဲ့ တစ်ခါတစ်လေတော့လေ ရုပ်ရှင်ဆန်စွာ နေရာ အချိန် မတူစွာနဲ့ အမျိုးမျိုး ဝင်ရောက်လာတတ်တယ်ဆိုတာ ကျွန်တော်ပြောတာကိုယုံ။

မိုး‌တွေစိုရွှဲနေတဲ့သူ့ပုံကြည့်ရတာ ခပ်လှမ်းလှမ်းတစ်နေရာကနေ ပြေးလာခဲ့ပုံရတယ်။

အစိမ်းရောင်ဆံဖျားတွေကနေ ကျလာတဲ့ရေတွေက ဘာလို့အစိမ်းရောင်ဖြစ်မနေရသလဲလို့ ကျွန်တော် အူအူကြောင်ကြောင်တွေးလိုက်သေးတယ်။

Beyond My SonataWhere stories live. Discover now