Chapter-13

290 59 21
                                    

Unicode

ကျွန်တော် ရိပေါ်ကို ဆေးလိပ်သောက်ဖို့လုပ်ပေးထားတဲ့ theater ရဲ့ အနောက်ဘက်ပေါက်ကို ခေါ်လာခဲ့လိုက်တယ်။ လှုပ်ရှားနေတဲ့ စိတ်ကို မသိသာအောင် ဆေးလိပ်သောက်ခြင်းနဲ့ တည်ငြိမ်အောင် ထိန်းချုပ်ဖို့လုပ်တော့ ရိပေါ်က တအံတဩကြည့်လာတယ်။

ကြည့်ရတာ ဘယ်ချိန်ကတည်းက ဆေးလိပ်သောက်တတ်သွားတာလဲလို့မေးချင်နေပုံရတယ်။ ထွက်သွားတာကြာတဲ့သူကို ရုတ်တရက်ပြန်တွေ့ရတာ ပြောချင်တာတွေများပြီး ဘာစကားစပြောလို့စပြောရမှန်းမသိ ဖြစ်နေသလို ထော်နေတတ်တဲ့ ရိပေါ်ရဲ့နှုတ်ခမ်းတွေက တလဲ့လဲ့လှုပ်လှုပ်။

" မွေးရပ်မြေပြန်သွားတာ...အင်း.. အဖော်ပြုစရာကလဲ ဆေးလိပ်ပဲ ရှိတာကိုး" တောက်ထုတ်လိုက်တဲ့ဆေးလိပ်ပြာတွေကို ရိပေါ်က ရီဝေစွာ ကြည့်နေတယ်။

ရိပေါ်က ဆိုးတယ်။ ဘာမှထုတ်မမေးပါနဲ့ သူသိချင်တဲ့ မေးခွန်းတွေကို စိတ်ထဲကနေအလိုအလျောက်သိပြီး အလိုက်တသိ ဖြေပေးနေတဲ့ သိပ်တုံးတဲ့ကျွန်တော်က ပိုဆိုးပါတယ်။

"ဘာမှပြောစရာမရှိရင် ပြန်ဝင်တော့မယ်လေ "

"ကော.."

ဆွဲလိုက်တဲ့ လက်တစ်ဖက် ကြောင့်ခြေလှမ်းတွေက အလိုလို ရပ်ကုန်တယ်။

ရှင်းပြတဲ့စကားတွေကြားရဖို့ အနည်းငယ်မျှော်လင့်ချက်ရှိသလို ကြားလဲကြားနိုင်တဲ့ သတ္တိလဲမရှိတော့ ဆေးလိပ်ကိုပဲ ဖိရှိုက်နေလိုက်တယ်။

"ကော ကျွန်တော့်ကိုကြည့် "

"ကျွန်တော့်ကို ကြည့်ပါဦးလို့"

လက်ကြားထဲကနေ ဆွဲလုပြီး ဖိချေခံလိုက်ရတဲ့ ဆေးလိပ်ကို နှမြောတသစွာပဲ ကျွန်တော်ဆက်ကြည့်နေလိုက်တယ်။

ရိပေါ်က ဒေါသတွေကို ဆေးလိပ်ပေါ်မှာ ပုံချနေသလိုပဲ။ ဆေးလိပ်ကိုဒေါသထွက်တာလား ဆေးလိပ်သောက်တတ်နေတဲ့ ကျွန်တော့ကို ဒေါသထွက်နေတလားတော့မသဲကွဲ။

ပိပြားနေပြီး မီးသေသွားတဲ့ ဆေးလိပ်လိုမျိုး ဘဝကို ထပ်မဖြစ်ချင်တော့တာတော့ အမှန်တကယ်။ အနည်းဆုံးတော့ လောင်စာရှိသ၍ သေးငယ်သောအစိတ်အပိုင်းလောက်ကလေးဖြစ်ဖြစ်တော့ တောက်ပစွာ လောင်ကျွမ်းလိုက်ချင်တယ်။

Beyond My SonataWhere stories live. Discover now