Chapter-10

278 71 30
                                    

Unicode

ဇာတ်လမ်း တစ်ပုဒ်ရဲ့ ဗီလိန်ဆိုတာ ဘယ်လောက်တောင်မှ မုန်းစရာကောင်းလိုက်လဲ။ မင်းသား နဲ့ မင်းသမီးကြား မှာ လိုက်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ နှောင့်ယှက်တတ်တဲ့ လူဆိုးတွေပေါ့။ ဒါပေမယ့် ဇာတ်လမ်းတစ်ခုမှာ ဇာတ်ဆောင် မင်းသားနဲ့ မင်းသမီး တွေကပဲ အမြဲမှန်နေကြတာပဲလား။ ဗီလိန်ဇာတ်ရုပ်တွေကရော မှန်ခွင့်မရှိကြတော့ဘူးတဲ့လား။

ဒါဆို ဗီလိန် မဖြစ်ချင်ပဲဖြစ်ခဲ့ရတဲ့သူတွေအတွက်‌ လောကြီးက တရားရော တရားပါရဲ့လား။

နှစ်ယောက်တွဲ ဆိုဖာခုံမှာထိုင်ပြီး စိတ်တည်ငြိမ်ဖို့ ကြိုးစားအားထုတ်ရင်းနဲ့ ကြည့်ဖူးသမျှ ဒရာမာဇာတ်ကားတွေထဲက ဇာတ်လမ်းပြကွက်တစ်ချို့က ကျွန်တော့်ခေါင်းထဲကို ဝင်လာတယ်။ ဖလင်ပြားတွေနဲ့ တစ်ဆလိုက်ပြီး တစ်ဆလိုက် မျက်စိရှေ့မှာ ဆွဲထုတ်ပြနေသလိုမျိုးပေါ့။

ထူးဆန်းတာက ကျွန်တော်တို့အကြောင်းကို တစ်စိုးတစ်စဉ်းမျှ စဉ်းစားမိမနေဘူး။ ကျွန်တော်နဲ့ ရိပေါ်အကြောင်း၊ ရိပေါ်နဲ့ (နားစွန်နားဖျားကြားမိလိုက်တဲ့) လီလီ ခေါ်တဲ့ ကောင်မလေးတို့ အကြောင်းကိုရောပေါ့။ ကျွန်တော် ကြည့်ဖူးသမျှဇာတ်ကားတွေကို စိတ်ထဲကနေ နောက်ကြောင်းပြန်လှန်နေတာကလွဲလို့ ကျွန်တော် ဘာမှ တွေးမနေဘူး။ ဒါမှမဟုတ် ပြန်လာရင် သေချာရှင်းပြမယ်ဆိုတဲ့ ရိပေါ်ရဲ့စကားကို ယုံကြည်နေတာလဲ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

စိတ်တည်ငြိမ်စပြုတဲ့အခါမှာ ကျွန်တော်ဟာ ဘယ်နာမည်နဲ့များ လိုက်ဖက်မလဲလို့ တွဲကြည့်လိုက်မိသေးတယ်။ တတိယလူ ရှောင်းကျန့်၊ ဗီလိန်ကောင် ရှောင်းကျန့် ဒါမှမဟုတ် အရန်ဇာတ်ကောင် ရှောင်းကျန့် ။ ဘယ်နာမည်နဲ့ကများ ကျွန်တော်နဲ့လိုက်မလဲပေါ့။ ဟင့်အင်း ကျွန်တော်နဲ့ ဘယ်တစ်ခုနဲ့မှ မလိုက်ဖက်နေဘူး။ ဒါဆို သူတို့အစအဆုံး ကပြသွားတဲ့ ဇာတ်ထုတ် တစ်ခုမှာ ကျွန်တော်က ဘာလို့ သူတို့နဲ့ လိုက်ပြီး ကဖို့ လိုနေသေးမှာလဲ။

ညောင်းလှပြီ။
စောင့်နေပါ ဆိုတဲ့ စကားတစ်ခွန်းကြောင့် မနက်ကတည်းကနေ ဘယ်ကိုမှ မသွားနိုင်ပဲ ဒီနှစ်ယောက်ထိုင်ဆိုဖာခုံပေါ်မှာ ထိုင်စောင့်နေရတာ ကျွန်တော် တကယ်ကို ညောင်းလှနေပြီ။

Beyond My SonataWhere stories live. Discover now