Chapter-2

474 80 7
                                    

Unicode

သူ့နာမည်ကို စသိတာက ဒုတိယအကြိမ်ရေစက် မှာ ။

လူတစ်‌ယောက်နဲ့တစ်ယောက်ဟာ ချိန်းဆိုထားခြင်းမရှိပါပဲ ပုံမှန် ဖြတ်သွားဖြတ်လာပုံစံမျိုးနဲ့ ဒီနေရာဒီအချိန်မှာပဲ ခနခနတွေ့ဆုံမိကြရင် အထူးတစ်လည်ဖြစ်နေမကောင်းပေမဲ့ မထင်မှတ်တဲ့နေရာ မထင်မှတ်တဲ့အချိန်မှာ နောက်တစ်ခေါက် မတော်တဆ ထိကြုံမိရင်တော့ ဒါကို ရေစက်လို့တော့ ကျွန်တော်တို့ ခေါင်းစဉ်တပ်ရလိမ့်မယ်ထင်ပါတယ်။

ကျွန်တော်နဲ့သူနဲ့ဟာရေစက်ပါခဲ့ကြပါတယ်။

ဇာတ်လမ်းအစ မှ ကျွန်တော်မပြောြဖစ်ခဲ့လောက်ဖူးထင်တယ်။

ကျွန်တော်က Violinist တစ်ယောက်ပါ။

သာမန် အညတရ တ‌ယောဆရာတစ်‌ယောက်ပေါ့။

တစ်နေ့မှာတော့ ကိုယ်ပိုင် solo musical show လုပ်နိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်အပြည့်နဲ့လူငယ်တစ်ယောက်ပါ။

ဒါပေမဲ့အခုထိတော့ အော်ပရာြပဇာတ်တွေ musical show တွေမှာ နောက်ခံလိုက်တီးပေးတဲ့တ‌ယောဆရာ တစ်ယောက်ထက် အပြင်ပိုမနေခဲ့ပါဘူး။

ယွမ်အနည်းငယ်သာ ရတဲ့ငွေအသပြာကြောင့်မလို့ ကျွန်တော်ဟာ မဖြည့်ဆည်းနိုင်တဲ့အတွက် (အလုပ်ရှုပ်မယ်ထင်လို့) အချစ်ကိုလိုက်မရှာပဲ တစ်ယောက်ထဲ ကိုယ့်ဘ၀လေးကို လုံခြုံအောင် ထုပ်ပိုးသိမ်းဆည်းထားတဲ့လူတစ်ယောက်ပါလို့လဲ ထပ်လောင်းပြောပြချင်ပါသေးတယ်။

ကံကောင်းတယ်လို့ခေါ်ရမလား ကံဆိုးတယ်လို့ခေါ်ရမလားပါပဲ။

ကျွန်တော် တို့ရဲ့ လှပတဲ့ ရေစက်လေးဟာ Orchestra Show ပွဲ တစ်ခုအတွက် ဇာတ်တိုက်လေ့ကျင့်တာ ညဉ့်နက်သွားတဲ့ အတွက် ကျွန်တော် နောက်ဆုံးရထားကိုပဲ မီလာခဲ့ရာကနေစတင်ခဲ့တယ်။

အဲ့တုန်းက ဘေးနားမှာ သူ့သူငယ်ချင်းတွေလဲ ပါရဲ့ ။

သူကလည်း street dance battle ပြိုင်ပွဲတစ်ခုမှာ အနိုင်ရပြီး ညနက်ရာက ပြန်လာတာြဖစ်ပုံရပါတယ်။

(ကျွန်တော်ဟာလူတစ်ယောက်ကို ကြည့်လိုက်ယုံနဲ့ ခန့်မှန်းနိုင်စွမ်းရှိတဲ့သူ တစ်ယောက်ဆိုတာ

Beyond My SonataWhere stories live. Discover now